welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Saturday, December 24, 2011

yangon news(eleven media group)


ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ အများသုံးသန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိ PDF Print
Wednesday, 21 December 2011 15:22
AddThis Social Bookmark Button
bomb1 ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝန်းနှင့် တစ်ဆက်တည်းရှိသော ပန်းခြံငယ်အတွင်း ဖွင့်လှစ်ထားသည့် အများသုံးသန့်စင်ခန်း၌ ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါသန့်စင်ခန်း၏ ၀န်ထမ်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၀န်ထမ်းတစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သန့်စင်ခန်း ၀န်ထမ်းဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ဒေါ်မြတ်သန်းရီ အသက် ၄၂ နှစ်မှာ မျက်နှာစုတ်ပြဲ၊ ဦးနှောက်ပွင့်၊ ၀ဲလက်ကောက်ဝတ်မှပြတ်ထွက်၊ ယာ ဘက်လက်တစ်ထောင်ဆစ်မှ ပြတ်ထွက်စသည့်ဒဏ်ရာများရကာ သေဆုံးခဲ့ကြောင်း၊ ၀န်ထမ်းတစ်ဦးဖြစ်သည့် မခင်မြတ်နွယ် အသက် ၂၄ နှစ၊် တိုက် (၂) ၊အခန်း (၁၂) ဟံသာဝတီ စည်ပင်ရိပ်သာနေသူမှာ ယာလက်ကောက်ဝတ်၊ ယာမျက်ခုံး စုတ်ပြဲဒဏ်ရာနှင့် ပါးစပ်သွေးထွက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
bomb2
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ စစ်ဆေးချက်အရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီလောက်မှာ အသက် ၂၂ အရွယ်လို့ ခန့်မှန်းရတဲ့ ကုလားဆင်လူငယ်တစ်ဦးက အဲဒီ သန့်စင်ခန်းထဲကို ၀င်လာပြီးတော့ အပေါ့သွားတယ်။ ပြီးတော့ သူကပါလာတဲ့အိတ်ကို ဒီမှာခဏအပ်ထားမယ်။ တည်းခိုခန်းစုံစမ်းဖို့ သွားအုံးမယ်ဆိုပြီး ထားသွားခဲ့တာပါ။ အခု တရားခံလို့ ယူဆရတဲ့ အဲဒီသူကို အမြန်ဆုံးဖမ်းမိဖို့ အတွက် ဆောင်ရွက်နေပါပြီ "ဟု ဗုံးကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အဆိုပါ သန့်စင်ခန်း၏ အလယ်လျှောက်လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးတစ်လုံးကိုလည်း ရဲတပ်ဖွဲ့ နှင့် BE တပ်မှ တာဝန်ရှိသူများက မိုင်းအတက်ကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။
ပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားမှာ C4 အမျိုးအစားဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
bomb3
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး ရန်ကုန် တက္ကသိုလ်ဝန်းအတွင်းရှိ အများသုံးအိမ်သာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ်
ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အနီးနားရှိ အနော်ရထာကွန်ဒိုအိမ်ယာတွင် နေထိုင်သူတစ်ဦးကလည်း "ကျွန်တော်က အဲဒီအချိန်က ရေသောက်နေတုန်း ၀ုန်းဆိုပြီးတော့ အသံအကျယ်ကြီး ကြားလိုက်ရတော့ ၀ရံတာကနေ ကြည့်လိုက်တဲ့ အခါမှာ အဲဒီပန်းခြံထဲမှာရှိတဲ့ သန့် စင်ခန်းက အလူမီနီယမ်တွေနဲ့ အပိုင်း အစတွေက အုန်းပင်ကို ကျော်ပြီးလွှင့်စင်သွားတာကို တွေ့ရပါတယ်။ ဒါ နဲ့ သွားကြည့်တော့ အမျိုးသမီးတစ် ဦးကို ဆေးရုံကို ပို့ဖို့ဆောင်ရွက်နေ တာတွေ့ရတယ်။ သန့်စင်ခန်းအရှေ့ က လမ်းမပေါ်မှာ ပြတ်သွားတဲ့ လက်ချောင်းလေးတွေကိုလည်း တွေ့ရပါတယ် " ဟု ၄င်း၏မြင်တွေ့ ရမှုအပေါ် ပြန်ပြောပြခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ကမာရွတ် မြို့နယ်ရဲစခန်း (ပ) ၄၀၀ /၂၀၁၁၊ ပေါက်ကွဲ အက်ဥပဒေပုဒ်မ ၃၊ ကမာ  ရွတ်မြို့နယ်ရဲစခန်း (ပ)၄၀၁/၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၀၇/ ၃၂၆ တို့ဖြင့် အမှုဖွင့်ထားပြီး တရားခံ အား ဖမ်းဆီးရမိရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment