Why Always Mario? လေ့ကျင့်ရေး ကွင်းတွင် ရစ်ချတ်နှင့် ထိုးကြိတ် ရန်ဖြစ်ခဲ့သည့် ဘာလော့တယ်လီ | ![]() | ![]() | ![]() |
Written by Admin Team |
Friday, 16 December 2011 09:56 |
![]() ခြေစွမ်း ထက်မြက်သော်လည်း မကြာခဏ အငြင်း ပွားဖွယ်များ ဖန်တီးလေ့ ရှိသည့် အီတလီ လက်ရွေးစင် တိုက်စစ်မှူးသည် လေ့ကျင့်ရေး ကွင်းတွင် အသင်းဖော် မီကာရစ်ချတ်နှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ကြောင်း သိရသည်။ ကာရင်တန် လေ့ကျင့်ရေး ကွင်းတွင် ဘာလော့တယ်လီနှင့် ရစ်ချတ်တို့ အညှိုးတကြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ရန် ကြိုးပမ်း နေပုံများကို ဗြိတိသျှ သတင်းစာများက ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြသည်။ အာဆင်နယ်နှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ဘာလော့တယ်လီနှင့် ရစ်ချတ်တို့ကြား အချင်းများကာ ရန်ပွဲ စတင်ခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ![]() ဘာလော့တယ်လီနှင့် ရစ်ချတ်တို့ ရန်ပွဲ ရန်ပွဲတွင် ယာယာတိုရေး၊ ဂျိမ်းစ်မီလ်နာနှင့် အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီတို့ အပါအ၀င် အသင်းဖော်များက အတင်းဝင်ရောက်ကာ ဆွဲငင် ထိန်းသိမ်းနေသည့် ဓာတ်ပုံများကိုလည်း သတင်းထောက်များက ရိုက်ကူး နိုင်ခဲ့သည်။ နောက်ပိုင်းတွင် မန်နေဂျာ ရောဘတ်တို မန်စီနီသည် မည်သည့် ပြဿနာမျှ မဖြစ်သည့်ဟန် ပြုံးပြုံးရွှင်ရွှင်ဖြင့် ထိန်းကျောင်း ဖြန်ဖြေရန် ကြိုးစားနေသည်ကိုလည်း တွေ့ရှိရသည်။ ဓာတ်ပုံမျာ အရ အင်္ဂလန် နောက်ခံလူ ရစ်ချတ်မှာ အလွန်ဒေါသ ထွက်နေဟန်ရှိပြီး မီလ်နာက အတင်း ချုပ်ထိန်းနေခဲ့ရသည်။ နောက်ပိုင်းတွင် ရစ်ချတ်က Twitter မှတစ်ဆင့် “ကျွန်တော်နဲ့ ဘာလော့တယ်လီ အဆင်ပြေသွားပါပြီ။ ဒါဟာ လေ့ကျင့်ရေး ကွင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာပါ။ နောက်တော့ ကျွန်တော်တို့ လက်ဆွဲ နှုတ်ဆက်ပါတယ်။ ကိစ္စပြီးပါပြီ” ဟု ဖုံးဖိ ရေးသားခဲ့သည်။ ![]() ဘာလော့တယ်လီနှင့် ရစ်ချတ်တို့ ရန်ပွဲ ဘာလော့တယ်လီသည် ယမန်နှစ်ကလည်း အသင်းဖော်ဟောင်း ဂျာမန် နောက်ခံလူ ဂျရိုမီဘိုတန်နှင့် မန်စီးတီး လေ့ကျင့်ရေး ကွင်းတွင် လက်ဝှေ့ပွဲ ဆင်နွှဲခဲ့ဖူးသည်။ ခြေစွမ်း ထက်သလောက် ပြဿနာ ရှာတတ်သည့် ဘာလော့တယ်လီအား Daily Mail သတင်းစာက မန်ချက်စတာ ယူနိုက်တက်ကို ဂိုးသွင်းပြီး ၎င်းအောင်ပွဲ ခံခဲ့သည့် Why Always Me? စာတန်းကို ပြန်လည် ကိုးကားကာ Why Always Mario? (ပြဿနာ တက်တိုင်း ဘာလို့ မာရီယိုပဲ ဖြစ်နေရတာလဲ)ဟု ခေါင်းစဉ်တပ်ကာ သတင်းအဖြစ် ဖော်ပြခဲ့သည်။ |
No comments:
Post a Comment