Wednesday, 28 December 2011 15:43
၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်စဉ်
နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ်သို့ ရောက် ရှိမှုသည် မတ်လ ၄ ရက်နေ့၌ အိန္ဒိ ယနိုင်ငံ၏ မွန်းတည့်ကောင်းကင်၌ ဖြစ်ပေါ်မည်ဖြစ်ကာ ပေါက်ကွဲမှုပိုင်း ဆိုင်ရာဖြစ်စဉ်များသတိပြုရန်လိုအပ် သော အင်္ဂါဂြိုဟ်သိဟ်ရာသီအတွင်း ရပ်တည်မှုမှာလည်း ဇွန်လ ၂၁ ရက် နေ့အထိ ရပ်တည်မည်ဖြစ်သည်။ အလားတူ သောကြာဂြိုဟ်သည်ကမ္ဘာ နှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့်တစ်တန်းတည်းကျကာ နေ၏အ၀န်းအတွင်း သောကြာဂြိုဟ်အနက်စက်အသွင်သို့ ထူးခြားစွာရောက်ရှိမှုသည်လည်း အဆိုပါ ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုကဲ့သို့ သောကြာဂြိုဟ်နေ အ၀န်းအတွင်း အနက်စက်အသွင်ဖြင့် ရောက်ရှိမှုသည် နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့သို့ရောက် ရှိမှသာ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်ပြီးပါက ၂၁၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့သို့ ရောက်ရှိမှသာ ထပ်မံဖြစ် ပေါ်မည်ဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်အတွင်းက နေကြတ်မှုဖြစ်ပေါ်သည်ကို ကြည့်ရှုနေစဉ်
“လာမယ့် ၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနဲ့အနီးဆုံးဆုံမှတ် ကိုရောက်ရှိမယ့်ဖြစ်စဉ်ကြောင့် ကမ္ဘာ မှာ ငလျင်နဲ့ပတ်သက်တဲ့အခြေအနေ မျိုးတွေဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းကို သတိပြု ဖို့ လိုအပ်ပါတယ်။ အင်္ဂါဂြိုဟ်သိဟ် ရာသီအတွင်း ရပ်တည်မှုကလည်း ဇွန် ၂၁ ရက်နေ့အထိ ဖြစ်တာကြောင့် အုပ်ချုပ်သူပိုင်းမှာ အရေးကြီးရာထူး တာဝန်တွေ ထမ်းဆောင်နေတဲ့ရာထူး ပြောင်းလဲမှုဖြစ်စဉ်တွေ ကြုံနိုင်ပါ တယ်။ အဲဒီအပြင်သောကြာဂြိုဟ်က ကမ္ဘာနဲ့နေအကြားဖြတ်ပြီး နေအ၀န်း အတွင်းအနက်စက်အသွင်ရောက်ရှိ မှုကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ငလျင်ဖြစ်စဉ် ဖြစ်ပေါ် နိုင်ပါတယ်” ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ ဦးဇေယျာကိုက ရှင်းပြသည်။
မြန်မာပြည်သူများ လန်ဒန်တွင် စားသောက်ဆိုင်များ ဖွင့်လှစ်မှုရှိလာ
အင်္ဂလန်တွင် ကျောင်းတက်ပြီး အခြေချနေထိုင်သွားသူ မြန်မာများမှ မြန်မာစားသောက်ဖွယ်ရာဆိုင်များကို မြန်မာအမည်နာမများဖြင့် ဖွင့်လှစ်ရောင်းချခြင်းများရှိနေသည်ဟု သိရှိရပါသည်။လွန်ခဲ့သည့် ၁၀ စုနှစ်တစ်ခုမှ စတင်ကာ မြန်မာများအင်္ဂလန်သို့ ကျောင်းသားဗီဇာဖြင့် အသီးသီးထွက်ခွာ၍ ကျောင်းပြီးသောအခါ ယင်းနိုင်ငံ၌ပင် အခြေချနေထိုင်ခဲ့ကြပြီး မြန်မာအမည်ဖြင့် မြန်မာအစားအစာဆိုင်များ ဖွင့်လှစ်ရောင်းချလာခဲ့သည်ဟု သိရှိရပါသည်။
လန်ဒန်တွင်မြန်မာအမည်ဖြင့် စားသောက်ဆိုင်ဖွင့်ထားခြင်းကို''လန်ဒန် မြို့ ဟီသရိုးလေဆိပ်နားမှာ မြန်မာ အမည်နဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အခု အင်္ဂလန်မှာမြန် မာတွေ တော်တော်များလာတယ်။ ကော်ဖီဆိုင်တို့၊ စားသောက်ဆိုင် တို့လည်းရှိတယ်''ဟု အင်္ဂလန်သို့ အလည်အပတ်သွားခဲ့သူ Westfield မှ ဦးမျိုးသိန်းထွန်းက ပြောကြားခဲ့ပါသည်။
အင်္ဂလန်တွင်အခြေချနေထိုင် ခဲ့သူအများစုမှာ ယင်းနိုင်ငံရှိ စား သောက်ဆိုင်၊ ကော်ဖီဘားများတွင် အများစုဝင်ရောက်လုပ်ကိုင်နေကြ ခြင်းများရှိကြပြီး ထိုနိုင်ငံတွင်မြန်မာ အများစုရှိရာနေရာများ၌ မြန်မာ အစားအစာဆိုင်များဖွင့်လှစ်ရောင်းချ လာခဲ့ကြသည်။
ယခုအခါ မြန်မာအများစုမှာ အင်္ဂလန်ရှိတက္ကသိုလ်၊ ကောလိပ် များသို့ကျောင်းသားများပို့ဆောင် ရာတွင်နေအိမ်အခန်းများစီစဉ်ထား ရှိသည့်အစီအစဉ်များလည်းရှိလာခဲ့ ကြသည်။
အင်္ဂလန်နိုင်ငံတွင်မြန်မာများ အခြေချနေထိုင်မှုနှင့်ပတ်သက်၍''အခု မြန်မာတွေ စင်ကာပူလိုပဲ အင်္ဂလန်မှာ လည်းတဖြည်းဖြည်းအခြေချနေထိုင် မှုတွေ များလာပြီ။ အင်္ဂလန်ကို ကျောင်းသွားတက်တဲ့ပမာဏကလည်း နည်းနည်း များလာတယ်။ မြန်မာ ကျောင်းသားဈေးကွက်ကိုအင်္ဂလန်က ဦးတည်လာတဲ့သဘောပဲ''ဟုအင်္ဂလန် ပညာရေးကျွမ်းကျင်သူကဆိုသည်။

နက္ခတ်သိပ္ပံရှုထောင့်အရ လာမည့် ၂၀၁၂ ခုနှစ်အတွင်းတွင် အင်္ဂါ ဂြိုဟ်သည် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ် သို့ရောက်ရှိခြင်းနှင့် သောကြာဂြိုဟ် မှာ ကမ္ဘာနှင့်နေအကြားဖြတ်ပြီး နေ အ၀န်းအတွင်း အနက်စက်အသွင် ရောက်ရှိသည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိသည်။
၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနှင့်အနီးဆုံးဆုံမှတ်သို့ ရောက် ရှိမှုသည် မတ်လ ၄ ရက်နေ့၌ အိန္ဒိ ယနိုင်ငံ၏ မွန်းတည့်ကောင်းကင်၌ ဖြစ်ပေါ်မည်ဖြစ်ကာ ပေါက်ကွဲမှုပိုင်း ဆိုင်ရာဖြစ်စဉ်များသတိပြုရန်လိုအပ် သော အင်္ဂါဂြိုဟ်သိဟ်ရာသီအတွင်း ရပ်တည်မှုမှာလည်း ဇွန်လ ၂၁ ရက် နေ့အထိ ရပ်တည်မည်ဖြစ်သည်။ အလားတူ သောကြာဂြိုဟ်သည်ကမ္ဘာ နှင့်နေအကြားဖြတ်ပြီး ကမ္ဘာနှင့်တစ်တန်းတည်းကျကာ နေ၏အ၀န်းအတွင်း သောကြာဂြိုဟ်အနက်စက်အသွင်သို့ ထူးခြားစွာရောက်ရှိမှုသည်လည်း အဆိုပါ ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုကဲ့သို့ သောကြာဂြိုဟ်နေ အ၀န်းအတွင်း အနက်စက်အသွင်ဖြင့် ရောက်ရှိမှုသည် နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဇွန်လ ၈ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီးနောက် ယခု ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့သို့ရောက် ရှိမှသာ နောက်ထပ်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်းသို့ဖြစ်ပေါ်ပြီးပါက ၂၁၁၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့သို့ ရောက်ရှိမှသာ ထပ်မံဖြစ် ပေါ်မည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၂၀၁၂ ခုနှစ်အတွင်း အင်္ဂါဂြိုဟ် ကမ္ဘာနဲ့အနီးဆုံးဆုံမှတ် ကိုရောက်ရှိမယ့်ဖြစ်စဉ်ကြောင့် ကမ္ဘာ မှာ ငလျင်နဲ့ပတ်သက်တဲ့အခြေအနေ မျိုးတွေဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းကို သတိပြု ဖို့ လိုအပ်ပါတယ်။ အင်္ဂါဂြိုဟ်သိဟ် ရာသီအတွင်း ရပ်တည်မှုကလည်း ဇွန် ၂၁ ရက်နေ့အထိ ဖြစ်တာကြောင့် အုပ်ချုပ်သူပိုင်းမှာ အရေးကြီးရာထူး တာဝန်တွေ ထမ်းဆောင်နေတဲ့ရာထူး ပြောင်းလဲမှုဖြစ်စဉ်တွေ ကြုံနိုင်ပါ တယ်။ အဲဒီအပြင်သောကြာဂြိုဟ်က ကမ္ဘာနဲ့နေအကြားဖြတ်ပြီး နေအ၀န်း အတွင်းအနက်စက်အသွင်ရောက်ရှိ မှုကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ငလျင်ဖြစ်စဉ် ဖြစ်ပေါ် နိုင်ပါတယ်” ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှ ဦးဇေယျာကိုက ရှင်းပြသည်။
မြန်မာပြည်သူများ လန်ဒန်တွင် စားသောက်ဆိုင်များ ဖွင့်လှစ်မှုရှိလာ

ဟီသရိုးလေဆိပ်အနီး မြန်မာစားသောက်ဆိုင်အား တွေ့ရစဉ်
လန်ဒန်တွင်မြန်မာအမည်ဖြင့် စားသောက်ဆိုင်ဖွင့်ထားခြင်းကို''လန်ဒန် မြို့ ဟီသရိုးလေဆိပ်နားမှာ မြန်မာ အမည်နဲ့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်။ အခု အင်္ဂလန်မှာမြန် မာတွေ တော်တော်များလာတယ်။ ကော်ဖီဆိုင်တို့၊ စားသောက်ဆိုင် တို့လည်းရှိတယ်''ဟု အင်္ဂလန်သို့ အလည်အပတ်သွားခဲ့သူ Westfield မှ ဦးမျိုးသိန်းထွန်းက ပြောကြားခဲ့ပါသည်။
အင်္ဂလန်တွင်အခြေချနေထိုင် ခဲ့သူအများစုမှာ ယင်းနိုင်ငံရှိ စား သောက်ဆိုင်၊ ကော်ဖီဘားများတွင် အများစုဝင်ရောက်လုပ်ကိုင်နေကြ ခြင်းများရှိကြပြီး ထိုနိုင်ငံတွင်မြန်မာ အများစုရှိရာနေရာများ၌ မြန်မာ အစားအစာဆိုင်များဖွင့်လှစ်ရောင်းချ လာခဲ့ကြသည်။
ယခုအခါ မြန်မာအများစုမှာ အင်္ဂလန်ရှိတက္ကသိုလ်၊ ကောလိပ် များသို့ကျောင်းသားများပို့ဆောင် ရာတွင်နေအိမ်အခန်းများစီစဉ်ထား ရှိသည့်အစီအစဉ်များလည်းရှိလာခဲ့ ကြသည်။
အင်္ဂလန်နိုင်ငံတွင်မြန်မာများ အခြေချနေထိုင်မှုနှင့်ပတ်သက်၍''အခု မြန်မာတွေ စင်ကာပူလိုပဲ အင်္ဂလန်မှာ လည်းတဖြည်းဖြည်းအခြေချနေထိုင် မှုတွေ များလာပြီ။ အင်္ဂလန်ကို ကျောင်းသွားတက်တဲ့ပမာဏကလည်း နည်းနည်း များလာတယ်။ မြန်မာ ကျောင်းသားဈေးကွက်ကိုအင်္ဂလန်က ဦးတည်လာတဲ့သဘောပဲ''ဟုအင်္ဂလန် ပညာရေးကျွမ်းကျင်သူကဆိုသည်။
No comments:
Post a Comment