welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 6, 2011

champion league

               ဒီဇင်ဘာ (၆)ရက်နေ့ညက ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်များတွင် လန်ဒန်နှစ်သင်း အနက် ချယ်လ်ဆီးတို့ အနိုင်ရပြီး အာဆင်နယ်မှာ အဝေးကွင်းတွင် ရှုံးပွဲကြုံခဲ့ရသည်။

ချယ်လ်ဆီး ၃ - ၀ ဗလန်စီယာ

ချယ်လ်ဆီးအသင်း၏ အကျပ်အတည်းများသည် ဒီဒီရာ ဒရော့ဂ်ဘာ၏ မှော်ဝင်ခြေစွမ်းကြောင့် လွန်မြောက်လာခဲ့ပြီဖြစ်သည်။ ချယ်လ်ဆီးသည် အုပ်စုအဆင့်မှ လွတ်မြောက်ရေးအတွက် မဖြစ်မနေ လိုအပ်နေသော အနိုင် ရလဒ်ကို အရယူနိုင်ခဲ့ပြီး အုပ်စု(E)၏ ထိပ်ဆုံးနေရာကို သိမ်းပိုက်ကာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။ အနိုင် လိုအပ်နေသော ချယ်လ်ဆီး မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်သည် အဓိက ကစားသမား အစုံအလင် ပွဲထုတ်ခဲ့ပြီး ဒရော့ဂ်ဘာကို မြားဦးတင်ကာ ဂျူအန်မာတာနှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့က ၀န်းရံပံ့ပိုးခဲ့ကြသည်။ ကွင်းလယ်တွင် ဖရန့်ခ်လမ်းပတ်ကို ခေါက်ထားပြီး နောက်ပိုင်းပွဲစဉ်များတွင် နေရာရလာသည့် စပိန်လူငယ် အော်ရီရယ်လ် ရိုမီယူ ပွဲထွက်လာသည်။ ဗလန်စီယာဘက်တွင်မူ ရောဘတ်တို ဆိုလ်ဒါဒို၊ တီနိုကော်စတာ၊ ဂျော်ဒီအယ်လ်ဘာ အစရှိသည့် အဓိက ကစားသမားများ အစုံအလင် ပါဝင်လာသည်။


ချယ်လ်ဆီးသည် ပွဲစကတည်းက ဖိဖိစီးစီး ကစားပြီး အိမ်ကွင်း အားသာချက်ဖြင့် စပိန်ကလပ် အသင်းအပေါ် အသာစီးယူရန် ကြိုးစားခဲ့သည်။ ချယ်လ်ဆီး အတွက် စိတ်ဓာတ် တက်ကြွစေမည့် အဖွင့်ဂိုးကို ပွဲအစ (၃)မိနစ်ကတည်းက ဒရော့ဂ်ဘာက သွင်းယူနိုင်ခဲ့သည်။ စတားရစ်ဂ်ျနှင့် မာတာတို့ အပေးအယူလုပ်ပြီး မာတာက ဖန်တီးပေးပို့သော ဘောလုံးကို အိုင်ဗရီကို့စ် တိုက်စစ်ကြယ်ပွင့်က အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဗလန်စီယာကလည်း တစ်ကျော့ပြန် တိုက်စစ်ဆင်မှုများဖြင့် ချယ်လ်ဆီးဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့သော်လည်း ဂိုးမရခဲ့ချေ။ (၂၂)မိနစ်တွင် ချယ်လ်ဆီးတို့ နောက်တစ်ဂိုး ထပ်ရသည်။ ဒရော့ဂ်ဘာ ဘောလုံး ဆွဲပြေးပြီး ခင်းပေးလိုက်သော ဘောလုံးကို ကွင်းလယ်လူ ရာမီရက်စ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘောလုံးကို ဗလန်စီယာ နောက်ခံလူ ဗစ်တာရုဇ် ရှင်းထုတ် နိုင်သင့်သော်လည်း ပျက်ကွက်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ချယ်လ်ဆီးက ပိုမို ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ဗလန်စီယာတို့ ရုန်းကန်ခဲ့ရသည်။ ယခုပွဲတွင် ချယ်လ်ဆီးတိုက်စစ်သမား (၃)ဦးလုံး ခြေစွမ်းပြခဲ့သလို စတားရစ်ဂ်ျ၏ တစ်ကိုယ်တော် ထိုးဖောက်မှုများကလည်း ဗလန်စီယာ နောက်တန်းကို ဖိအားဝင်စေခဲ့သည်။ ကွင်းလယ်တွင်လည်း ရိုမီယူသည် ခံစစ်ကို အကောင်းဆုံး အားဖြည့် ပံ့ပိုးနိုင်ခဲ့ပြီး ရာမီရက်စ်၏ ကစားပုံကလည်း ချယ်လ်ဆီး တိုက်စစ်ကို အသက်ဝင်စေခဲ့သည်။ ဗလန်စီယာဘက်မှ ဆိုဖီယာနို ဖီဂူလီ၏ အားထုတ်မှုတစ်ကြိမ် ဂိုးရလုလု ဖြစ်ခဲ့သော်လည်း ပီတာဆက်ခ်ျ ကာကွယ်ခဲ့ပြန်သည်။ ချယ်လ်ဆီးအတွက် နောက်ဆုံးဂိုးကို ဗလန်စီယာ ကစားသမားဟောင်း မာတာကပင် ဖန်တီးပေးပြီး ဒရော့ဂ်ဘာက အဆုံးသတ်သွားခဲ့သည်။ အုပ်စု တစ်ဖက်ပွဲစဉ်များတွင် ဘေယာလေဗာကူဆင်က ဂျန့်ခ်ကို အဝေးကွင်းတွင် သရေ ကျခဲ့သည့် အတွက် အုပ်စု ဒုတိယနေရာသို့ ရောက်သွားပြီး ချယ်လ်ဆီးတို့ အုပ်စုဗိုလ် အဖြစ် နောက်တစ်ဆင့် တက်သည်။

အိုလံပီယာကော့စ် ၃ - ၁ အာဆင်နယ်

အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ရန် သေချာနေပြီ ဖြစ်သော အာဆင်နယ်တို့ အဝေးကွင်း ပွဲစဉ်တွင် အရန် ကစားသမား အများစုကို ပွဲထုတ်ခဲ့ပြီး ဂရိကလပ်က ထိုက်ထိုက်တန်တန် အနိုင် ရခဲ့သည်။ အာဆင်နယ်တွင် ပုံမှန်ပွဲထွက် (၁၁)ဦးအနက် နောက်ခံလူ အချို့သာ ပါဝင်ကစားပြီး ကျန်တစ်သင်းလုံး အရန်များချည်း ဖြစ်သည်။ တိုက်စစ်ကို မော်ရိုချာမက်ခ်က ဦးဆောင်ကာ အဲလက်စ်အိုလိဒ် ချိန်ဘာလိန်၊ အန်ဒရီ အက်ရှ်ဗင်၊ ယိုဆေးဘီနာယောင်၊ အီမန်နျူရယ်လ် ဖရင်ပေါင်စသည့် ကစားသမားများ ပွဲထွက်လာသည်။ အိုလံပီယာကော့စ်ကမူ အိမ်ကွင်းတွင် အနိုင်ကစားရန်အတွက် ဟိုဆေး ဟိုလီဘက်စ်၊ ကီဗင်မီရာလက်စ် အစရှိသည့် အဓိက အင်အားစုများ ပါဝင်လာခဲ့သည်။


ကစားကွက် သာနေသော အိုလံပီယာကော့စ်က ပွဲချိန် (၁၆)မိနစ်ကတည်းက ဦးဆောင်သည်။ အာဆင်နယ် နောက်တန်း၏ ဖျက်ထုတ်ပုံ မသေသပ်ရာမှတစ်ဆင့် ရာဖစ်ခ် ဂျက်ဘိုအာက ဂိုးသမား လူးကက်ဇ် ဖေဘီယန်စကီးကို ဖြတ်ကျော်ကာ ဂိုးသွင်းယူသွားသည်။ အာဆင်နယ်သည် (၂၅)မိနစ်တွင် ဒဏ်ရာရသွားသော ဂိုးသမား ဖေဘီယန်စကီးကို ဗစ်တို မန်နိုနီနှင့် လူစားလဲခဲ့သည်။ ၀င်ကစားပြီး (၁၀)မိနစ်အတွင်း မန်နိုနီ၏ အမှားမှတစ်ဆင့် အာဆင်နယ်တို့ ဒုတိယဂိုး ပေးရသည်။ ဒေးဗစ်ဖူစတာ တိုရီဂျို့စ်ထံမှ ဘောလုံးကို မန်နိုနီ ထွက်ရှင်းပုံ အားနည်းမှုကြောင့် ဖူစတာက အဝေးမှ ကန်သွင်းသွားခဲ့သည်။ (၅၆)မိနစ်တွင် အာဆင်နယ်တို့ ချေပဂိုး (၁)ဂိုး ပြန်သွင်းသည်။ နောက်ခံလူ အစ်ဂ်နာဆီ မီကွယ်လ်က တိုက်စစ်ထိ လိုက်ပါပြီး ဘီနာယောင်၊ ချာမက်ခ်တို့နှင့် ပူးပေါင်းထိုးဖောက်မှုမှတစ်ဆင့် ဘီနာယောင်က Half-Volley ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

အိုလံပီယာကော့စ် အတွက် တတိယ ဂိုးကို (၈၈)မိနစ်တွင် ရရှိခဲ့သည်။ ပြစ်ဒဏ်ဘောမှ ကျလာသော ဘောလုံးကို အိုလက်ဖ်မဲလ်ဘက်ဂ်က ခေါင်းတိုက်ရာ တိုင်ထိထွက်လာသော်လည်း ဖရန်ကွိုက်စ် မိုဒက်စ်တိုက သွင်းယူသွားသည်။ အိုလံပီယာကော့စ်သည် ယခုပွဲတွင် အနိုင် ရခဲ့သော်လည်း တစ်ဖက်တွင် အိုလံပစ်မာဆေးလ်က ဘိုရပ်ရှား ဒေါ့တ်မန်ကို အဝေးကွင်းတွင် အနိုင် ကစားခဲ့ခြင်းကြောင့် အုပ်စု တတိယသာ ရပြီး ယူရိုပါလိဂ်သို့ သွားရောက် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

No comments:

Post a Comment