welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, December 15, 2011

မြန်မာအားကစား

တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ကျော်ကိုကို သတ်မှတ်ခံရ PDF Print E-mail
Written by Admin Team   
Friday, 16 December 2011 09:53
Share |
ယမန်နေ့ ညပိုင်းက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် MFF ညစာစားပွဲနှင့် ဆုပေးပွဲ အခမ်းအနားတွင် ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား အဖြစ် ဇေယျာရွှေမြေနှင့် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို သတ်မှတ်ခံ ခဲ့ရကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုများ အပြင် အခြား ဘောလုံးနှင့် ပတ်သက်သည့် ဆုပေါင်း များစွာအား ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား အဖြစ်မူ ကျော်ကိုကိုက သီဟစည်သူ၊ ရန်အောင်ကျော် တို့အား ကျော်ဖြတ် ရွေးချယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ကျော်ကိုကိုသည် ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် လက်ရွေးစင် တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ကာ ယခုကဲ့သို့ ချီးမြှင့်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ကျော်ကိုကို နောက်တွင် ဧရာဝတီ အသင်း၏ လက်ရွေးစင် ဂိုးသမား သီဟစည်သူက ဒုတိယ ချိတ်ခဲ့ပြီး မြန်မာ နေရှင်နယ်လိဂ်နှင့် ရှုံးထွက်ဖလား ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း၏ ကွင်းလယ်လူ ရန်အောင်ကျော်မှာမူ တတိယဆု ရရှိခဲ့သည်။

No comments:

Post a Comment