SUNDAY, 04 DECEMBER 2011 12:03 |
![]() နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဟီလာရီကလင်တန် ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ် အဖွဲ့တွင်မူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးယာယီတာဝန်ခံ မိုက်ကယ်အီးသာစတန်တို့ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ၏ ပြုပြုပြောင်းလဲမှုများ၊ နိုင်ငံရေးမူဝါဒများ ဆောင်ရွက်လျှက်ရှိသည်များကို ပြောဆိုခဲ့ပါသည်။ ဟီလာရီကလင်တန်ကမူ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆောင်ရွက်ချက်များကို အသိအမှတ်ပြု ဆွေးနွေးခဲ့ပါသည်။ ယင်းကဲ့သို့ ဆွေးနွေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုခဲ့ပြီး လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲအပါအ၀င် နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်စေ လိုကြောင်းနှင့် အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့မှု၊ ခရီးသွားလုပ်ငန်းကန့်သတ်မှု၊ သွင်းကုန်တင်ပို့ခြင်း ကန့်သတ်မှုများ အစရှိသည့် အရေးယူပိတ်ဆို့မှုများကို လျော့ချရုပ်သိမ်းသွားနိုင်ရန် Road Map ရေးဆွဲ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် အမေရိကန်သမ္မတ အိုဘားမားက ဟီလာရီကလင်တန် မှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သော ကိုယ်ရေးစာတွင် နှစ် နိုင်ငံဆက်ဆံရေးအတွက် ခြေလှမ်းသစ်လှမ်းနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာမည်ဟု မိမိတို့အားလုံး မျှော်လင့်ထားပါကြောင်းကို ရေးသားထားကြောင်း သိရှိရပါသည်။ နှစ်ဖက်တွေ့ဆုံမှု၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားမှုအချို့
နှစ်ဖက်တွေ့ဆုံမှု၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားမှုအချို့
|
No comments:
Post a Comment