welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, December 30, 2011

man-u news(soccermyanmar.com)

မန်ယူနောက်ခံလူ စမောလင်း ဒဏ်ရာကြောင့် (3)လမျှအနားယူရဖွယ်ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ခရစ်စမောလင်းကို အဖျား ဝေဒနာ တစ်ခုကြောင့် (၃)လမျှ လက်လွှတ် ထားရဖွယ် ရှိနေကြောင်း သိရှိရသည်။

ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင် နေရသည့် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းအတွက် အသက်(၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူကို ထပ်မံ ဆုံးရှုံးရခြင်းသည် ကြီးကျယ်သော ထိုးနှက်ချက်လည်း ဖြစ်လာသည်။ စမောလင်းသည် Boxing Day တွင် ၀ီဂန်အား (၅-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်အတွင်း ပါဝင် ကစားရန် စီစဉ် ထားသော်လည်း ပြင်းထန်သော အအေးမိမှု တစ်ခုမှတစ်ဆင့် ဖျားနာလာခဲ့ရာ ယင်းပွဲကို လွဲချော်ခဲ့သည်။ နောက်ပိုင်းတွင် အကြိတ်နှင့် ဆက်စပ်သော အဖျားဝေဒနာ တစ်ခုဟု သံသယ ရှိနေပြီး စမောလင်းသည်လည်း အခြားသော အဓိက ကစားသမား အချို့နည်းတူ ကာလရှည် ဒဏ်ရာရ စာရင်းထဲ ၀င်လာဖွယ် ရှိသည်။
အဖျားရောဂါကြောင့် အနားယူရမည့် စမောလင်း

လက်ရှိတွင် မန်ယူ၏ အဓိက မောင်းနှင်အားများ ဖြစ်သည့် ဒါရင်ဖလက်ချာ၊ နီမန်ဂျာဗီဒစ်၊ အက်ရှ်လေယန်း၊ တွမ်ကလီဗာလေ၊ အန်ဒါဆန်၊ ဂျွန်နီအီဗန်စ်၊ ဖေဘီယိုဒါဆေးလ်ဗားနှင့် မိုက်ကယ်အိုဝင်တို့သည် ဒဏ်ရာများကြောင့် အနား ယူနေရသည်။ စမောလင်း ခံစားနေရသော အဖျား ရောဂါသည် တုပ်ကွေး လက္ခဏာနှင့် ဆင်တူပြီး အားအင် ယုတ်လျော့စေတတ်ကြောင်း သိရသည်။ အကယ်၍ အဆိုပါ အကြိတ်နှင့် ဆက်စပ်သော အဖျားမျိုး ဖြစ်ပါက စမောလင်းသည် (၃)လမျှ အနားယူရမည်ဟု လီဗာပူးလ်နှင့် ဆန်းဒါးလန်းတို့၏ ဆရာဝန်ဟောင်း မာ့ခ်လီသာက မှတ်ချက်ပြုခဲ့သည်။

မန်ယူတွင် နောက်ခံလူများ ဖြစ်သည့် ရီယိုဖာဒီနန်နှင့် ဖီးလ်ဂျုံးစ်တို့သည်လည်း ၀ီဂန်ပွဲကို လွဲခဲ့သည့်တိုင် အိုးလ်ထရက်ဖို့ဒ်တွင် ကစားမည့် စနေည ဘလက်ဘန်းရိုဗာနှင့်ပွဲတွင် ပြန်လည် ပါဝင်လာဖွယ် ရှိနေကြောင်း သိရှိရသည်။မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ် အသင်းများအား မိမိတို့၏ ကစားသမား အတွက် ထပ်မံ ချိတ်ဆက်မှု မပြုရန် ဘိုလော့ဂ်နာက သတိ ပေးလိုက်သည်။


ဘိုလော့နာ ကွင်လယ်ကစားသမားရာမီရက်ကို မန်ယူနှင့်လီဗာပူး စောင့်ကြည့်နေ

အီတလီ စီးရီးအေ ကလပ် အသင်းက အင်္ဂလန် ထိပ်သီး ကလပ်များ၏ ဂက်စ်တန် ရာမီရက်ဇ် အပေါ် ပစ်မှတ် ထားနေခြင်းကို စိတ်ပျက်လက်ပျက် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ဥရုဂွေး ကစားသမား ရာမီရက်စ်၏ အေးဂျင့်ကလည်း ရာမီရက်ဇ်သည် ဇန်န၀ါရီ လတွင် အသင်းမှ ထွက်ခွာဖြစ်ဖွယ် မရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ ရာမီရက်ဇ်သည် ယခုနှစ် ဘောလုံးရာသီ စီးရီးအေတွင် ပြသနေသော ခြေစွမ်းကြောင့် ကလပ်အသင်း အများအပြား၏ စိတ်ဝင်စားမှုကို ဆွဲဆောင် ရယူနိုင်ခဲ့သည်။

မန်ယူနှင့် လီဗာပူးလ်တို့သည် ဘိုလော့ဂ်နာ အတွက် (၁၄)ပွဲ ကစားပြီး (၄)ဂိုး သွင်းထားသည့် ကွင်းလယ်လူနှင့် ပတ်သက်ပြီး အထူး အလေးထား စောင့်ကြည့်နေသည်။ အသက်(၂၁)နှစ်ရှိ ရာမီရက်ဇ်သည် ရောင်းကုန် မဟုတ်ဟု ဘိုလော့ဂ်နာ အသင်းက ပွင့်ပွင့်လင်းလင်းပင် ကြေညာခဲ့သည်။ ထို့အတူ ကစားသမား၏ အေးဂျင့်ကိုလည်း ၎င်းတို့၏ သဘောထားကို အတိအလင်း အသိပေးခဲ့သည်။ အေးဂျင့်ဖြစ်သူ ဗင်ဆင်ဇို ဒီအိုပိုလီတိုက “ရာမီရက်ဇ်နဲ့ ပတ်သက်ပြီး ပြောစရာ များများစားစား မရှိတော့ပါဘူး။ အသင်းနဲ့သူ စာချုပ်သက်တမ်း တိုးထားတာလည်း မကြာသေးဘူး မဟုတ်လား။ သူ ဘိုလော့ဂ်နာက ဇန်န၀ါရီမှာ ထွက်ဖြစ်မယ် မထင်ဘူး” ဟု အတည်ပြု ပြောကြားသွားသည

No comments:

Post a Comment