welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, December 29, 2011

ပရီးမီးယားလိဂ်သတင်းများ(soccermyanmar မှ ပြန်လည် ဝေမျှပါသည်)

ချယ်ဆီးသတင်းများ
တရုတ်နိုင်ငံမှ ဂွမ်ဇူး အဲဗားဂန်း အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာကို ကမ္ဘာပေါ်တွင် ၀င်ငွေ အကောင်းဆုံး ဘောလုံးသမား ဖြစ်လာအောင် အကူအညီ ပေးရန် အသင့် ရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲတွင် အတွေ့အကြုံက အဓိက အဆုံးအဖြတ် ဖြစ်လာလိမ့်မည်ဟု မန်ချက်စတာ ယူနိုက်တက် ၀ါရင့် တောင်ပံ ကစားသမားကြီး ရိုင်ယန်ဂစ်က ဟောကိန်း ထုတ်လိုက်သည်။

လက်ရှိတွင် ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူသည် ယခုရာသီ ခြေစွမ်း တက်လာသည့် အိမ်နီးချင်း ခါးသီးပြိုင်ဘက် မန်ချက်စတာ စီးတီး၏ ပခုံးချင်းယှဉ် စိန်ခေါ်လာမှုကို ကြုံနေရသည်။ သို့သော်လည်း မန်ယူသည် ကစားသမား အများအပြား ဒဏ်ရာ ရနေသည့်တိုင် ဒီဇင်ဘာ ပွဲကျပ်ကာလကို အကောင်းဆုံး ရုန်းကန် ဖြတ်သန်းပြီး (၅)မှတ်လျော့ အနေအထားမှ မန်စီးတီးနှင့် အမှတ်တူ အခြေအနေထိ ကွာဟချက်ကို လျှော့ချနိုင်ခဲ့သည်။ အသက်(၃၈)နှစ် ရှိပြီဖြစ်ပြီး မန်ယူနှင့် ပရီးမီးယားလိဂ် ဆုတံဆိပ် (၁၃)ခုကို ရယူထားဖူးသူ ဂစ်က အတွေ့အကြုံသည် ချန်ပီယံ ပြေးလမ်းတွင် မန်ယူအတွက် အားသာချက် ဖြစ်လာနိုင်ကြောင်း ပြောဆိုသွားသည်။


မန်ယူသတင်းများ
အတွေ့အကြုံက အဆုံးအဖြတ် ပေးမည်ဟု ပြောလိုက်သည့် ဂစ်

“ကြီးကျယ်တဲ့ ကစားသမားတိုင်းဟာ ကြီးကျယ်တဲ့ ပွဲစဉ်တွေကို မစောင့်နိုင်အောင် တက်ကြွနေတတ်ပါတယ်။ အသင်းတိုင်း အတွက် ရာသီ ကုန်ခါနီးလေ၊ ပွဲစဉ်တွေဟာ ပိုပြီးတော့ ကြီးကျယ် ခမ်းနားလာလေပဲ” ဟု ဂစ်က ဆိုသည်။ “မန်နေဂျာရဲ့ အတွေ့အကြုံ၊ ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေရဲ့ အတွေ့အကြုံတွေဟာ ဘောလုံးရာသီ ဒုတိယပိုင်းမှာ ဘာတွေလိုအပ်တယ် ဆိုတာကို ကောင်းကောင်း သဘော ပေါက်သွားစေပါတယ်။ မန်ယူဟာ ဆန္ဒ ထက်သန်တဲ့ စိတ်နဲ့ ဆာလောင်နေတဲ့ အသင်းပါ။ ဒါဟာ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ အကူအညီ ဖြစ်လာပါလိမ့်မယ်” ဟု ဂစ်က သုံးသပ်ခဲ့သည်။

မန်ယူသည် အိုးလ်ထရက်ဖို့ဒ်တွင် မန်စီးတီးကို (၆-၁)ဖြင့် အရှက်တကွဲ အရေး နိမ့်ခဲ့ပြီး နောက်ပိုင်းတွင် တည်ငြိမ်မှု မပျက်အောင် ကြိုးစား ထိန်းကျောင်းရင်း အမှတ်တူဖြင့် အမှတ်ပေး ဇယား ဒုတိယ နေရာထိ ပြန်ရောက်လာခဲ့သည်။ ဂစ်ကမူ အသင်း၏ အခက်အခဲများကြား ရင့်ကျက် တည်ငြိမ်စွာ ဖြတ်သန်းနိုင်စွမ်းကို မအံ့ဩမိဟု ဆိုသည်။ “ပရော်ဖက်ရှင်နယ်တွေဟာ အမြဲတမ်း ဝေဖန်မှုတွေနဲ့ ကြုံနေရမှာပါ။ ထိပ်ဆုံးမှာ ရှိမနေတာဟာ တစ်ခုခု မှားနေလို့ပါ။ နောက်ပြီး ပြိုင်ပွဲ တစ်ခုက ထွက်ရပြီ ဆိုရင်လည်း ဝေဖန် ခံရမှာပဲ။ အရေးကြီးတာက ကျရှုံးမှုတွေကို ပူဆွေးမနေဘဲ အကောင်းဆုံး ရှေ့ဆက်ဖို့ပါ” ဟုလည်း ဂစ်က ပြောဆိုသွားသည်။



စပါးသတင်း
၎င်းအနေနှင့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် တော့တင်ဟမ် ဟော့စပါးမှ ထွက်ခွာဖြစ်ဖွယ် မရှိကြောင်း လူကာမိုဒရစ်က ပြောကြားလိုက်သည်။

သို့သော်လည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက် အသင်းမန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်မှာမူ ရာသီကုန် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်တွင် အခွင့်အရေး ရလာနိုင်သည်ကို ခရိုအေးရှား လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်က အရိပ်အမြွက် လမ်းခင်းပေးခဲ့သည်။ “ကျွန်တော် (၁၀၀)ရာခိုင်နှုန်း နီးပါး အာမခံချက် ပေးနိုင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော် စပါးမှာ ရာသီကုန်ထိ ရှိနေဦးမယ် ဆိုတာပါပဲ။ သီအိုရီ အရတော့ ကျွန်တော် ဇန်န၀ါရီမှာ အသင်းက ထွက်ဖြစ်ဖို့ ဆိုတာ အခွင့်အလမ်း နည်းနည်းပဲ ရှိမယ်” ဟု မိုဒရစ်က ဆိုသည်။


ချယ်လ်ဆီး အသင်းကလည်း နွေရာသီက ခေါ်ယူရန် ချိတ်ဆက်ခြင်း ခံရဖူးသော မိုဒရစ်ကို စပါးက တစ်ပတ်လုပ်ခ ပေါင်စတာလင် တစ်သိန်းဖြင့် စာချုပ် သက်တမ်းတိုးရန် စီစဉ်နေသည်။ “ကျွန်တော် စပါးမှာ ဇွန်လထိတော့ နေဖြစ်မှာပါ။ ပြီးရင်တော့ အရာရာတိုင်း ဖြစ်နိုင်ခြေ ရှိလာပါပြီ။ ကျွန်တော်ကိုယ်တိုင် မငြင်းဆန်နိုင်တဲ့ ကမ်းလှမ်းမှုမျိုး ပေါ်လာရင် အပြောင်းအလဲ အတွက် စဉ်းစားရပါမယ်။ လောလောဆယ် ကျွန်တော့် အနေနဲ့ ပျော်ရွှင်နေပါတယ်။ စပါးမှာ နေရတာ အဆင်ပြေပါတယ်။ အသင်းအတွက် ပွဲစဉ်တိုင်းကို အာရုံ စိုက်နေမှာပါ” ဟုလည်း မိုဒရစ်က ဖွင့်ဟသွားသည်။

စပါးသည် လက်ရှိတွင် အမှတ်ပေး ဇယား အဆင့်(၃)နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဦးဆောင်နေသော မန်ချက်စတာ မြို့ခံ နှစ်သင်းကို (၁)ပွဲလျော့ (၇)မှတ် အကွာဖြင့် လိုက်လံ ဖိအားပေးလျက် ရှိသည်။

No comments:

Post a Comment