မ်းပတ် နေရာတွင် အစားထိုးရန် ရော့ဒ်ဝဲလ်ကို ချယ်လ်ဆီး ချိန်ရွယ် | ![]() | ![]() | ![]() |
Written by Admin Team |
Tuesday, 20 December 2011 16:46 |
![]() ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် အသက်အရွယ် အရ အကျပိုင်း ရောက်လာသည့် အင်္ဂလန် လက်ရွေးစင် လမ်းပတ် နေရာတွင် ရေရှည် ဆက်ခံနိုင်မည့် ကစားသမား တစ်ဦးကို ရှာဖွေနေရာ အဖြေကို ဂွတ်ဒီဆင်ပါ့ခ် ကွင်းကြီးတွင် တွေ့ရှိခဲ့ကြောင်း Daily Mail က ဖော်ပြသွားသည်။ ဘိုအာ့စ်သည် အသက်(၂၀)အရွယ် ရော့ဒ်ဝဲလ်ကို ပေါင်စတာလင် သန်း(၂၀)ထိ ဈေးပေး ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ဘိုအာ့စ်သည် အစောပိုင်းက အဲဗာတန်၏ အသက်(၁၈)နှစ် အရွယ် အင်္ဂလန် လူငယ်လေး ရော့စ်ဘာကလေကို ချိတ်ဆက် ခဲ့သေးသော်လည်း ဘာကလေက အဲဗာတန်တွင်သာ စာချုပ်သက်တမ်း တိုးဖြစ်ခဲ့သည်။ ![]() ချယ်လ်ဆီးမှ စောင့်ကြည့်နေသည့် ရော့ဒ်ဝဲလ် ရော့ဒ်ဝဲလ်သည် ယခုနှစ် ဘောလုံး ရာသီတွင် အဲဗာတန်၏ အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်း ပြနေသလို အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း အရွေးချယ် ခံခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် လက စပိန်၊ ဆွီဒင်တို့နှင့် ကစားသည့် အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အထင်ကြီးလောက်ဖွယ် အစွမ်း ပြခဲ့ပြီး နောက်ပိုင်း လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ရော့ဒ်ဝဲလ် အနေနှင့် (၂၇)မိနစ်မျှသာ ပါဝင်နိုင်သေးသည်။ ၎င်းသည် တံကောက်ကြော ဒဏ်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရပြီး ပွဲစဉ် အတော် များများတွင် အနား ယူနေရသည်။ ချယ်လ်ဆီးသည် ဇန်န၀ါရီလတွင် ခေါ်ယူမည့် ကစားသမားများ စာရင်းကို အသေးစိတ် လေ့လာ စီစစ်နေပြီး ရော့ဒ်ဝဲလ်နှင့်အတူ ဘော်လ်တန်အသင်း နောက်ခံလူ ဂယ်ရီကာဟေးလ်ကိုလည်း အဓိက ပစ်မှတ်တစ်ခုအဖြစ် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ |
No comments:
Post a Comment