welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 20, 2011

chelsea team news

ချယ်လ်ဆီးကို ချန်ပီယံလောင်း စာရင်းမှ ဖယ်ထုတ်၍ မရကြောင်း စတားရစ်ဂ်ျဆို PDF Print E-mail
Written by Admin Team   
Tuesday, 20 December 2011 10:17
Share |
ချယ်လ်ဆီး အသင်း တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျက မိမိတို့ အသင်းကို ချန်ပီယံလောင်း စာရင်းမှ ဖယ်ထုတ် လိုက်ပါက မှားလိမ့်မည်ဟု ပြိုင်ဘက်များအား သတိ ပေးလိုက်သည်။

ယခုနှစ် ဘောလုံး ရာသီတွင် ခြေစွမ်းပိုင်း သိသိသာသာ တက်ရိပ် ပြလာသည့် အင်္ဂလန် လက်ရွေးစင် လူငယ် တိုက်စစ်မှူးက ချယ်လ်ဆီးသည် ၀ီဂန်ကို သရေ ကျသွားသည့် အတွက် အမှတ် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး ခဲ့ရသည့်တိုင် အမှတ်ပေး ချန်ပီယံဘွဲ့ အတွက် အကောင်းဆုံး စိန်ခေါ် နေနိုင်ဆဲဟု ယုံကြည်လျက် ရှိသည်။ ချယ်လ်ဆီးသည် စနေနေ့က JJB ကွင်းကြီးတွင် ၀ီဂန်အား ဦးဆောင်ကစားနေသော်လည်း နောက်ဆုံး မိနစ်ပိုင်းတွင် ပေးလိုက်ရသည့် ချေပဂိုးကြောင့် တစ်ဂိုးစီ သရေ ကျခဲ့သည်။
ချန်ပီယံဆု အတွက် တိုက်ပွဲဝင်ဦးမည်ဟု ဆိုသည့် စတားရစ်ဂ်ျ

စတားရစ်ဂ်ျက “ဒီပွဲရဲ့ ရလဒ်ကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ ကျွန်တော်တို့ အရမ်း ကြိုးစားခဲ့ပေမယ့် သရေပဲ ရခဲ့တာဟာ လက်ခံဖို့ ခက်ခဲလွန်းပါတယ်။ အထူးသဖြင့် နောက်ဆုံး မိနစ်ပိုင်းမှာ ဂိုးပေး လိုက်ရတာ ဆိုးလွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အမှားတွေကနေ သင်ယူပြီး ဒီထက် ပိုကောင်းအောင် ကြိုးစား သွားမှာပါ။ လာမယ့် ပွဲတွေမှာ ပိုကောင်းလာတဲ့ ချယ်လ်ဆီး အသင်းကို မြင်ရပါမယ်။ လက်ရှိ အသင်းရဲ့ ရပ်တည်မှုကို ကျွန်တော်တို့ မရောင့်ရဲနိုင်ပါဘူး။ ချယ်လ်ဆီးဟာ ချန်ပီယံ ဆုအတွက် ဆက်ပြီး တိုက်ပွဲ ၀င်နေမှာပါ” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “နောက်ထပ် ပြိုင်ပွဲတွေ ကစားဖို့ (၅)လလောက် ကျန်ပါသေးတယ်။ ဒီလို အခြေအနေမျိုးမှာ ချယ်လ်ဆီးကို ချန်ပီယံလောင်း စာရင်းက ဖယ်ထုတ်သင့်ပြီလို့ ထင်မယ် ဆိုရင်တော့ ဒါဟာ ရူးမိုက်တာပါပဲ။ ကျွန်တော်တို့ဟာ နောက်ဆုံး အချိန်ထိ တိုက်ပွဲ ၀င်နေဦးမှာပါ” ဟုလည်း ပြောဆိုသွားသည်။
Tags:

No comments:

Post a Comment