welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, December 7, 2011

အပိုင်းအစများ(မျိုးချစ်မြန်မာဘလော့ဂ်မှ)

စာရေးဆရာမ လမင်းမိုမို ၏ Blog နှင့် Facebook Fan Page စာမျက်နှာသစ်များ စတင်ဖွင့်လှစ်



Please click on photo to ENLARGE!

မြန်မာ့စာပေလောက ကို ဆယ်ကျော်သက် အထက်တန်းကျောင်းသူဘဝ ကတည်းက စတင်ဝင်ရောက်ခဲ့ပြိး ယနေ့ထိတိုင် အောင်မြင်နေဆဲ ဖြစ်သူ စာရေးဆရာမ လမင်းမိုမို က သူမကို အနှစ်သုံးဆယ် နီးပါး စဉ်ဆက်မပြတ် အားပေးခဲ့တဲ့ အားပေးနေဆဲလဲ ဖြစ်တဲ့ မြန်မာပြည် နဲ့ ကမ္ဘာအနှံ့အပြား မှာ နေထိုင်နေတဲ့ ပရိသတ် များအတွက် တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာ ခေတ် နဲ့ အညီ သူမ ရဲ့ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ အသစ် နှစ်ခု ဖြစ်တဲ့

Lamin Mo Mo Blog
http://laminmomo.blogspot.com/

နဲ့

La Min Mo Mo Fan Page (Face Book)
http://www.facebook.com/laminmomo တို့ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။  


ဒီ စာမျက်နှာတွေ မှာ

လမင်းမိုမိုရဲ့ အတ္ထုပတ္တိ အကျဉ်းချုပ်

လမင်းမိုမို ၏ အင်တာနက် စာမျက်နှာများအား တိုက်ရိုက် ဝင်ရောက်လည်ပါတ်နိုင်သည့် URL ခေါ်အင်တာနက် လိပ်စာ များ 
http://laminmomo.co.cc/
http://laminmomo.net.tc/
http://twitter.com/LaMinMoMo
http://www.myspace.com/laminmomo

သူမ ကို တိုက်ရိုက် ဆက်သွယ်နှိုင်တဲ့ Email လိပ်စာ

ပရိသတ် များ သူမ ကို တိုက်ရိုက် ခေါ်ဆိုဆက်သွယ်နိုင်သလို မိမိပြောချင်တဲ့ စကားတွေ ကို ပြောခဲ့ချန်ခဲ့ နိုင်တဲ့ America အခြေစိုက် Phone နံပါတ်

(330) 30 LAMIN
သို့မဟုတ်
(330) 30 52646

အစရှိတဲ့ အချက်အလက်များ ကို ပြည့်စုံစွာ ဖေါ်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
လမင်း မိုမိုရဲ့ ထွက်ရှိခဲ့တဲ့ စာအုပ်များရဲ့ အမည် နဲ့ မျက်နှာဖုံး ပုံများ ကို တတ်နိုင်သ၍ ပြန်လည် စုဆောင်းတင်ပြသွားမှာ ဖြစ်သလို နောက်ဆုံးဖြန့်ဝေလိုက်တဲ့ ဝတ္ထု နဲ့ ထွက်ရှိလာမယ့် ရေးသားဆဲ ဝတ္ထုအသစ် တို့ရဲ့ အကြောင်းများကိုလည်း အချိန်နဲ့ တစ်ပြေးညီ တင်ပြအသိပေးသွားမှာပါ။
မဝေးတော့တဲ့ ကာလအတွင်း လမင်းမိုမိုရဲ့ ဝတ္ထုများကို အင်တာနက် မှ တိုက်ရိုက် ဝယ်ယူအားပေးနိုင်အောင် လဲ ကျိုးစားစီစဉ် ပေးမှာ ဖြစ်ပါတယ်။

လမင်းမိုမို ရဲ့ တရားဝင် ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ များ ဟာ ဒီကြေငြာချက် မှာ ပါရှိတဲ့ အင်တာနက် လိပ်စာများသာ ဖြစ်ပြီး ထိုလိပ်စာများမှအပ အခြားသော လိပ်စာတွေမှာ လမင်းမိုမို အမည် ကို သုံးစွဲ ထားသောစာမျက်နှာ အချို့တွေ့ရှိခဲ့ပါရင် အဲ့ဒိ စာမျက်နှာ ဟာ စာရေးဆရာမ လမင်းမိုမို နဲ့ လုံးဝ မပါတ်သက်ပါဘူး ဆိုတာကို လဲ အထူးသတိပေးရင်း ...
“ လမင်းမိုမို ရဲ့ ချစ်စွာသော ပရိသတ်များ ကျေနပ်အားရမှု ရှိမယ် လို့ မျှော်လင့်သလို အပြုသဘော ဝေဖန်အကြံပေးမှု မှန်သမျှကိုလဲ လှိုက်လှဲစွာ ကြိုဆိုပါတယ် “ လို့ လမင်းမိုမို က သူမ ရဲ့ချစ်ပရိသတ် တွေအားလုံးကို စာမျက်နှာသစ် တွေ က နေ တဆင့် နှုတ်ခွန်းဆက်လိုက်ပါတယ်။

No comments:

Post a Comment