welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, December 19, 2011

champions league

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲဝင် အင်္ဂလန် ကလပ်များ အားလုံး ခက်ခဲသော ပြိုင်ဘက်များနှင့် တွေ့ဆုံ PDF Print E-mail
Written by Admin Team   
Saturday, 17 December 2011 10:03
Share |
ဥရောပ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်မဲခွဲမှုများ အပြီးနောက် အင်္ဂလန် ကလပ်များ အားလုံး ခက်ခဲသည့် ပြိုင်ဘက်များနှင့် တွေ့ဆုံနေသည်ကို တွေ့ရှိရသည်။

ဆွစ်ဇာလန် နိုင်ငံ၊ နိုင်ယွန်မြို့ရှိ UEFA ရုံးချုပ်တွင် ယမန်နေ့ ညပိုင်းက မဲခွဲခဲ့ရာ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ နှစ်သင်းလုံး အီတလီမှ မာကျောသော ကလပ် အသင်းများနှင့် ထိပ်တိုက် ရင်ဆိုင်နေရသည်။ ချယ်လ်ဆီးသည် မရဏ အုပ်စုတွင် ပရီးမီးယားလိဂ် ဦးဆောင်သူ မန်ချက်စတာ စီးတီးကို ယူရိုပါလိဂ်ထံ ရောက်သွားစေသည် အထိ ခြေစွာခဲ့သော နာပိုလီနှင့် ရင်ဆိုင် နေရသည်။ ၎င်း၏ လန်ဒန်ပြိုင်ဘက် အာဆင်နယ်မှာမူ ပိုမိုကြမ်းတမ်း ခက်ထန်သော ရှုံးထွက်အဆင့် ပွဲစဉ်ကို ကစားရမည် ဖြစ်ပြီး အီတလီ စီးရီးအေ ချန်ပီယံ အေစီမီလန်နှင့် ထိပ်တိုက်တွေ့လျက် ရှိသည်။

စပိန် ထိပ်သီးများဖြစ်သည့် ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့မှာ ပွဲချောင်သည်ဟု ဆိုနိုင်ပြီး လက်ရှိ ချန်ပီယံလိဂ် ပိုင်ရှင် ဘာစီလိုနာက ဂျာမန်ကလပ် ဘေယာလေဗာကူဆင်နှင့် လည်းကောင်း၊ ရီးယဲလ်မက်ဒရစ်က CSKA မော်စကိုနှင့်လည်းကောင်း တွေ့ဆုံနေရာ ဥရောပ ထိပ်သီးများကို ရှောင်လွှဲနိုင်ခဲ့သည်။ အီတလီ ထိပ်သီး အင်တာမီလန်မှာမူ ပြင်သစ်မှ အိုလံပစ်မာဆေးလ်နှင့် ရင်ဆိုင်ရပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်မှာမူ ဆွစ်ဇာလန် ကလပ် ဘေဆယ်လ်နှင့် ကစားရမည်ဖြစ်သည်။ ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် (၈)ပွဲမှာ အောက်ပါအတိုင်း ဖြစ်ပြီး ပထမ အကျော့များကို ဖေဖော်ဝါရီ (၁၄)နှင့်(၁၅)၊ (၂၁)နှင့် (၂၂)တို့တွင်လည်းကောင်း၊ ဒုတိယ အကျော့များကို မတ်လ (၆)နှင့်(၇)၊ (၁၃)နှင့်(၁၄)တို့တွင်လည်းကောင်း အသီးသီး ကစားရမည် ဖြစ်သည်။ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

အိုလံပစ်လိုင်ယွန် Vs APOELနစ်ကိုရှား
နာပိုလီ Vs ချယ်လ်ဆီး
ဘေဆယ်လ် Vs ဘိုင်ယန်မြူးနစ်
ဘေယာလေဗာကူဆင် Vs ဘာစီလိုနာ
CSKA မော်စကို Vs ရီးယဲလ်မက်ဒရစ်
ဇင်းနစ်စိန့်ပီတာစဘာ့ဂ် Vs ဘင်ဖီကာ
အိုလံပစ်မာဆေးလ် Vs အင်တာမီလန်

ယူရိုပါလိဂ် (၃၂)သင်း ရှုံးထွက်အဆင့် မဲခွဲမှုများ အရမူ ချန်ပီယံလိဂ်မှ ထွက်ခွာလာသည့် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်သည် နယ်သာလန် ထိပ်သီးအသင်း အေဂျက်စ် အမ်စတာဒမ်နှင့် ကစားရမည် ဖြစ်သည်။ မန်ယူ၏ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးသည်လည်း မချောင်လှဘဲ လက်ရှိ ယူရိုပါလိဂ်နှင့် ပေါ်တူဂီ အမှတ်ပေး ချန်ပီယံ ပေါ်တိုနှင့် တည့်တည့် ဆုံခဲ့သည်။ စတုတ်ခ်စီးတီး အသင်းမှာမူ ချယ်လ်ဆီးကို အရေးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရသည့် စပိန်နာမည်ကြီး အသင်း ဗလန်စီယာနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။

No comments:

Post a Comment