ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ချယ်လ်ဆီး အနေနှင့် လက်ရှိ အနေအထား အရ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို မျှော်လင့်ခွင့် မရှိတော့ဟု ၀န်ခံ ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် ယမန်နေ့က အိမ်ကွင်းတွင် ဖူလ်ဟမ်အား (၁)ဂိုးစီ သရေ ကျသွားခဲ့သည်။ ထိုအနေအထားကြောင့် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် မန်ချက်စတာ မြို့ခံ နှစ်သင်းသည် ချယ်လ်ဆီးကို (၁၁)မှတ်ဖြတ်ကာ ဦးဆောင်နေပြီ ဖြစ်သည်။ ပေါ်တူဂီသား ဘိုအာ့စ်က “ကျွန်တော်တို့နဲ့ ထိပ်ဆုံးအသင်းတွေကြား အမှတ် ကွာဟချက်က သိပ်ကြီးသွားပြီ။ မန်စီးတီးနဲ့ မန်ယူတို့ဟာ လိုအပ်တဲ့ အမှတ်တွေကို ဆက်တိုက် ရယူနေနိုင်တုန်းပါပဲ။ ကျွန်တော်တို့ အတွက် ဒီအနေအထားဟာ သိပ်ခက်ပါတယ်။ လောလောဆယ်တော့ ချယ်လ်ဆီးဟာ ကိုယ့်ရဲ့ ရပ်တည်မှု အတွက် အလေးထား အာရုံ စိုက်နေရပါမယ်။ ကျွန်တော်တို့ အတွက် ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် ကြိုးစားခွင့်ကတော့ လက်ရှိ အနေအထား အရ ပြီးသွားပြီလို့ ဆိုရမှာပါ” ဟု ပြောဆိုသွားသည်။

၎င်းက တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၏ ကစားပုံကို အပြစ်တင်ရန်မူ ငြင်းဆိုခဲ့သည်။ The Sunနှင့် အင်တာဗျူးတွင် ဘိုအာ့စ်က “တောရက်စ်ဟာ ဂျူအန်မာတာ ဂိုးသွင်းနိုင်ဖို့ အဓိက ကူညီပေးခဲ့ သူပါ။ အသင်းအတွက် သူကြိုးစား ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တိုက်စစ်မှူး တစ်ယောက်ရဲ့ တန်ဖိုးကို ဂိုးသွင်းနိုင်တာ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ သူဟာ အသင်းအတွက် အကူအညီ ပေးနိုင်ခဲ့ပါတယ်” မှတ်ချက် ပြုသွားသည်။ လက်ရှိတွင် ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် (၃)ပွဲဆက် သရေကျပြီးနောက် ရမှတ်(၃၄)မှတ်ဖြင့် စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိသည်။

ချန်ပီယံဘွဲ့အား မျှော်လင့်ခွင့် မရှိဟု ပြောလိုက်သည့် ဘိုအာ့စ်
၎င်းက တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်၏ ကစားပုံကို အပြစ်တင်ရန်မူ ငြင်းဆိုခဲ့သည်။ The Sunနှင့် အင်တာဗျူးတွင် ဘိုအာ့စ်က “တောရက်စ်ဟာ ဂျူအန်မာတာ ဂိုးသွင်းနိုင်ဖို့ အဓိက ကူညီပေးခဲ့ သူပါ။ အသင်းအတွက် သူကြိုးစား ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တိုက်စစ်မှူး တစ်ယောက်ရဲ့ တန်ဖိုးကို ဂိုးသွင်းနိုင်တာ တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ သူဟာ အသင်းအတွက် အကူအညီ ပေးနိုင်ခဲ့ပါတယ်” မှတ်ချက် ပြုသွားသည်။ လက်ရှိတွင် ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် (၃)ပွဲဆက် သရေကျပြီးနောက် ရမှတ်(၃၄)မှတ်ဖြင့် စတုတ္ထ နေရာတွင် ရပ်တည်လျက် ရှိသည်။
No comments:
Post a Comment