မန်စီးတီးကို အရေး နိမ့်ပါက ချန်ပီယံ ဘွဲ့အတွက် အလွန် မျှော်လင့်ချက် နည်းသွားမည်ဟု ဘိုအာ့စ် သတိပေး | ![]() | ![]() | ![]() |
Written by Admin Team |
Saturday, 10 December 2011 13:18 |
![]() လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဦးဆောင်သူ မန်စီးတီး အသင်းသည် ချယ်လ်ဆီးကို (၁၀)မှတ် ဖြတ်ထားပြီး ဖြစ်သည်။ ပေါ်တူဂီသား မန်နေဂျာက နှစ်သင်းကြား ရမှတ် ကွာဟမှုကို ယင်းပမာဏထက် ပိုမိုကြီးမား သွားစေရန် ခွင့်ပြု၍ မရတော့ကြောင်း သုံးသပ်ခဲ့သည်။ ဘိုအာ့စ်က “တနင်္လာနေ့မှာ မန်စီးတီးနဲ့ ကစားရင် ကျွန်တော်တို့ အနိုင်၊ ဒါမှမဟုတ် သရေကတော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက် အားလုံး ဆုံးခန်း တိုင်သွားလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။ ![]() ချန်ပီယံ မျှော်လင့်ချက်အတွက် မန်စီးတီးအား အနိုင်ကစားမည့် ဘိုအာ့စ် ၎င်းက “ရှုံးရင် အရာရာ အတွက် အရမ်း ခက်ခဲသွားပြီလေ။ (၁၃)မှတ်ဆိုတဲ့ ကွာဟချက်ဟာ နာလံ ထူဖို့ခက်တဲ့ ထိုးနှက်ချက်မျိုး ဖြစ်လာမှာပါ။ ဒီအနေအထားမှာ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပေမယ့် လက်တွေ့ကျကျ စဉ်းစားရင် လိုက်မီဖို့ အရမ်း ခက်သွားပါပြီ။ မန်စီးတီးဟာ သီတင်းပတ်တိုင်း ထူးထူးချွန်ချွန် ကစားပြနေတဲ့ အသင်းပါ။ စတမ်းဖို့ဒ် ဘရစ်ဂ်ျက ပွဲစဉ်ဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ သူတို့ ကိုယ်တိုင်လည်း နားလည်မှာပါ” ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပေါ်တူဂီသား မန်နေဂျာက ပရီးမီးယားလိဂ်သည် ယခင်နှစ်များထက် ခက်ခဲ လာကြောင်းလည်း သုံးသပ်ခဲ့သည်။ “လက်ရှိ အခြေအနေ အရ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီတွေက ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းတွေ ရခဲ့တဲ့ အမှတ်မျိုးလောက်ကို ရထားပါတယ်။ ကျွန်တော်တို့ရဲ့ရပ်တည်မှုဟာ သာမန် အနေအထား အရ မဆိုးလှဘူးလို့ ဆိုရမှာပါ။ ဒါပေမဲ့ မန်စီးတီးကြောင့် ပြိုင်ပွဲက ပိုခက် လာတာကို လက်ခံရပါမယ်။ သူတို့ဟာ စံချိန်တင် ရလဒ်ကောင်းတွေနဲ့ ရာသီ အဖွင့်ကို ဖြတ်သန်းနေတယ်။ ဒါဟာ ရောဘတ်တို မန်စီနီရဲ့ ကြိုးစား အားထုတ်မှုနဲ့ ထိုက်တန်ပါတယ်” ဟု ဘိုအာ့စ်က ပြိုင်ဘက်အပေါ် ချီးကျူး ပြောဆိုသွားသည်။ |
No comments:
Post a Comment