welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, December 28, 2011

soccermyanmar.com မှ ပြန်လည်ဝေမျှပါသည်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ၎င်းတို့၏ နွေရာသီ ပစ်မှတ် ဖြစ်ခဲ့သော ၀က်စ်လေ ရှနိုက်ဒါကို အင်တာမီလန်က ရောင်းချရန် စီစဉ်နေခြင်း အပေါ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် နွေရာသီ အပြောင်းအရွှေ့ ကာလ အတွင်းက အသက်(၂၇)နှစ် အရွယ် နယ်သာလန် လက်ရွေးစင်ကို ခေါ်ယူရန် စီစဉ်ခဲ့သော်လည်း ကစားသမားဘက်မှ တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းမျှ တောင်းဆိုမှုကြောင့် လက်လျှော့ခဲ့သည်။ နောက်ပိုင်းတွင် ရှနိုက်ဒါက လုပ်ခလစာ လျှော့ယူလိုကြောင်း ပြန်လည် ပြောဆိုခဲ့သော်လည်း မန်ယူက တစ်ကျော့ပြန် ကမ်းလှမ်းမှု မရှိတော့ပေ။ သို့သော် ယခုအခါတွင် မန်ယူ၏ ကွင်းလယ် ကစားသမားများ ဖြစ်သော ဒါရင်ဖလက်ချာ၊ အန်ဒါဆန်နှင့် တွမ်ကလီဗာလေတို့ ဒဏ်ရာကြောင့် အနား ယူနေရခြင်းကြောင့် ဖာဂူဆန်သည် ဇန်န၀ါရီ ဈေးကွက်တွင် လူသစ်ဝယ်ရမည့် အနေအထားမျိုး ကြုံလာခဲ့သည်။
အင်တာမှ ရောင်းချဖွယ် ရှိနေသည့် ရှနိုက်ဒါ

ဖာဂူဆန်က အစောပိုင်းတွင် ၎င်းသည် ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမား တစ်ဦးဦးကို ၀ယ်ယူရန် အခွင့်အရေးမျိုး ရှိခဲ့ပါက ချဉ်းကပ် ကြိုးစားမည်ဟု ပြောဆိုထားသည်။ အင်တာအသင်း နည်းပြဖြစ်သူ ကလော်ဒီယို ရာနေရာရီက မိမိသည် အသင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေရာ၌ ငွေကြေး လိုအပ်ချက်ကြောင့် ရှနိုက်ဒါကို ရောင်းချ ဖြစ်မည်ဟု ၀န်ခံထားသည်။ “ကျွန်တော့်စိတ်ထဲမှာ ရှနိုက်ဒါ မရှိတဲ့ အသင်းကို မတွေးကြည့်ချင်ဘူး။ သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ပုံရိပ်တစ်ခုပါ။ ကျွန်တော့်အနေနဲ့ အခြေအနေတိုင်းကို အသေးစိတ် လေ့လာ ကိုင်တွယ်မှာပါ။ ကျွန်တော် ခေါ်ချင်တဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဒီကိစ္စတွေကို အင်တာဥက္ကဋ္ဌ မက်ဆီမို မိုရက်တီကို တိုက်ရိုက် အသိပေး ဆွေးနွေးမှာပါ” ဟု ပြောကြားသွားသည်။


ချယ်ဆီးအသင်းပိုင်ရှင် မိုဗစ် (5) သန်းတန်ပါတီပွဲကျင်းပရန်စီစဉ်
ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် နှစ်သစ်ကူး ပါတီပွဲကို ကြီးကြီးကျယ်ကျယ် ဆင်နွှဲရန် ပြင်ဆင်နေကြောင်း သိရသည်။

သာယာ လှပနေသော ကာရေဘီယန် ဒေသ ပင်လယ်ပြင်အတွင်းရှိ ဇိမ်ခံကျွန်း တစ်ခုတွင် ရုရှား ဘီလျံနာကြီးက အထူး ပျော်ရွှင် ကြည်နူးဖွယ် ပါတီပွဲ အတွက် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ အေဗရာမိုဗစ်ခ်ျသည် ပေါင်စတာလင် (၅)သန်းတန် ပါတီပွဲ အတွက် ဧည့်ပရိသတ် (၃၀၀)ကို သီးခြား ဖိတ်ကြားထားသည်။ အသက်(၄၅)နှစ်ရှိ သူဌေးကြီးသည် အသက်(၃၀)အရွယ် ချစ်သူ ဒါရှာဇူကိုဗာနှင့် အတူ စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ ဇိမ်ခံ ရွက်လှေကြီးနှင့် အတူ အေဗရာမိုဗစ်ခ်ျသည် နှစ်သစ်ကူး ကာလကို အေးအေးလူလူ ဖြတ်သန်းမည် ဖြစ်သည်။
ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ

အေဗရာမိုဗစ်ခ်ျသည် Red Hot Chili Peppers အဖွဲ့ကိုလည်း ဖျော်ဖြေပွဲ အတွက် ကြိုတင် ငှားရမ်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ဧည့်ခံပွဲ ကျင်းပနေစဉ် လုံခြုံရေးကို တိုးမြှင့်ထားမည် ဖြစ်ပြီး ဖိတ်ကြား ခံထားရသူများမှ လွဲ၍ မည်သူ့ကိုမျှ အ၀င်ခံမည် မဟုတ်ဟု သိရသည်။  နှစ်သစ်ကူး အကြိုနေ့ည (၁၀)နာရီတွင် စတင်မည့် ပွဲသည် နောက်နေ့မနက် (၄)နာရီထိ ကြာမြင့်ဖွယ်ရှိသည်။ အေဗရာမိုဗစ်ခ်ျသည် အော်လန်ဒိုဘလွမ်း၊ ကင်ညာဝက်စ်တို့ကဲ့သို့ ဧည့်သည်တော်များကို ဖိတ်ကြားကာ Prince၊ ဂွင်းစတက်ဖ်နီနှင့် ဘီယွန်းစ်နိုးလ်တို့၏ ဖျော်ဖြေမှုများကို ထည့်သွင်းပြီး ပေါင်စတာလင် (၃)သန်းတန် ဧည့်ခံပွဲ ကျင်းပခဲ့သည်။ ယမန်နှစ်ကလည်း အေဗရာမိုဗစ်ခ်ျ၏ ပါတီပွဲသည် ပေါင်စတာလင် (၅)သန်းမျှ ကုန်ကျသည် အထိ ကြီးကျယ်ခမ်းနားခဲ့ပြန်သည်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၏ ဇိမ်ခံသင်္ဘော

အေဗရာမိုဗစ်ခ်ျနှင့် ဇူကိုဗာတို့သည် ခရစ္စမတ် ကာလကတည်းက စိန့်ဘတ်ကျွန်းသို့ ရောက်ရှိနေပြီး ခရစ္စမတ်ပွဲတော်ကို အရှည် (၅၄၃)ပေရှိ ဇိမ်ခံရွက်လှေ Eclipseပေါ်တွင် ဆင်နွှဲခဲ့သည်။ အဆိုပါ ရွက်လှေသည် ပေါင်စတာလင် သန်း(၃၀၀) တန်ဖိုးရှိပြီး အေဗရာမိုဗစ်ခ်ျနှင့်အတူ သီးခြား ဧည့်သည်တော် (၁၂)ဦး၊ သက်တော်စောင့် (၅)ယောက်တို့ လိုက်ပါလာသည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံး စာရင်းဝင် ရွက်လှေတစ်စင်းဖြစ်သော Eclipseပေါ်တွင် ရုပ်ရှင်ရုံ တစ်ခု၊ စာကြည့်တိုက်နှင့် စားသောက်ခန်းမတို့ ပါရှိကာ ပါပါရာဇီများ၏ ချဉ်းကပ်မှုကို ကာကွယ်သည့် ဒိုင်းများ၊ အနီအောက်ရောင်ခြည် စနစ်များ တပ်ဆင်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment