တောရက်စ်ကို လျှော့ဈေးဖြင့် ရောင်းထုတ်ရန် ချယ်လ်ဆီး စီစဉ်နေဟု သတင်းများ ထွက်ပေါ်လာ | ![]() | ![]() | ![]() |
Written by Admin Team |
Wednesday, 14 December 2011 10:05 |
![]() ဗြိတိသျှ ဘောလုံး လောက၏ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)ဖြင့် လီဗာပူးလ်ထံမှ ခေါ်ယူထားသော စပိန်လက်ရွေးစင် တိုက်စစ်မှူးကို ချယ်လ်ဆီးက ဇန်န၀ါရီလတွင် ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ရောင်းထုတ်ရန် စဉ်းစားထားကြောင်း သိရသည်။ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀၀) ခံစားခွင့် ရှိနေသော တောရက်စ်သည် ဇန်န၀ါရီ လကုန်က ချယ်လ်ဆီးသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ် သွင်းဂိုး (၃)ဂိုးသာ ရရှိသေးသည်။ အစောပိုင်းက ချယ်လ်ဆီးသည် အသက်(၂၇)နှစ်ရှိ တောရက်စ်ကို ယုံကြည်မှု ပြန်လည်တည်ဆောက်ခွင့်ပေးရန်အတွက် အငှားချမည်ဟု သတင်းထွက်ခဲ့သော်လည်း ယခုအခါ ရောင်းထုတ်ရန် ပြင်ဆင်နေပြီဟု သိရသည်။ ချယ်လ်ဆီးသည် တောရက်စ်အတွက် ပေါင်စတာလင် သန်း(၂၀)၀န်းကျင် ကမ်းလှမ်းမှုမျိုးကို လာမည့်လတွင် နားစွင့်စောင့်မျှော်နေမည်ဟု ဆိုသည်။ ချယ်လ်ဆီးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် တောရက်စ်ကို ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး တိုက်စစ်မှူးတစ်ဦး ဖြစ်လာစေရန် ကြိုးပမ်းပြီး ဂျူအန်မာတာကဲ့သို့ အထောက်အပံ့ကောင်းများ ပေးနိုင်မည့် ကစားသမားမျိုးကို ခေါ်ယူခဲ့သော်လည်း တောရက်စ်ထံမှ မျှော်လင့်ထားသလောက် တောက်ပလာမှုကို မတွေ့မြင်ခဲ့ရချေ။ တောရက်စ်သည် လီဗာပူးလ်နှင့် အက်သလက်တီကို မက်ဒရစ် အသင်းများတွင် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ဖူးသော်လည်း ချယ်လ်ဆီးတွင်မူ ပြိုင်ပွဲပေါင်းစုံ (၃၅)ပွဲ၌ (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ |
No comments:
Post a Comment