welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, December 29, 2011

ရန်ကုန်သတင်းများ (eleven media group)

မင်္ဂလာတောင်ညွန်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်အတွင်း ပေါက်ကွဲမီးလောင်မှုဖြစ်စဉ်၌ သေဆုံးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များ အပါအ၀င် ကူညီဆောင်ရွက်သူများ အတွက် Eleven Media Group မှ ငွေကျပ်သိန်း (၂၀) ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ လှူဒါန်းရန်အတွက် မီးလောင်ခဲ့သည့်ဖြစ်စဉ်နေရာကို ဦးစွာသွားရောက်၍ ထိုနေရာမှတဆင့် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်လှူဒါန်းခဲ့သည်။
မီးငြှိမ်းသတ်နေစဉ် ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် ပစ္စည်းများနှင့် ထိခိုက်မိ၍ သေဆုံးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များမှာ တပ်ကြပ်တင်စိုး၊ တပ်ကြပ်ဇော်ဌေး၊ တပ်သားမျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သားသော်ဇင်မျိုး ဖြစ်ကြောင်း သိရသည်။ တာမွေမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက "မီးသတ်တပ်ဖွဲ့ဝင်ငါးဦးစလုံးက မီးငြိမ်းသတ်နေတဲ့အချိန်မှာ ယမ်းစိမ်းတွေ၊ ကန့်ပစ္စည်းတွေကို မီးကူးစက်ပြီးတော့  ပေါက်ကွဲမှုဖြစ်တဲ့အခါမှာ လွင့်စင်လာတဲ့ အပိုင်းအစတွေနဲ့ ထိပြီးတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာပါ။ လွင့်စင်လာတဲ့ ပစ္စည်းတွေနဲ့ထိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဆိုရင် ပေ ၅၀ လောက် လွင့်သွားပြီးတော့ သေဆုံးခဲ့တာပါ။ အဲဒီပေါက်ကွဲတဲ့ အရှိန်ကြောင့် အလှမ်းဝေးတဲ့ရပ်ကွက်တွေ က အုတ်နံရံတွေနဲ့ မှန်တွေတောင် ကွဲသွားပါတယ်။ ကမ်းနားမှာရပ်ထားတဲ့ လှေတစ်ချို့ဆိုရင်လည်း ပျက်ဆီးနစ်မြှုပ်ခဲ့ပါတယ်"ဟု ပြောကြားခဲ့ သည်။
 အဆိုပါ သေဆုံးသူများကို ညနေ၅နာရီအချိန်တွင်  မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကြောင့်  သေဆုံးခဲ့သူများနှင့် ပါဝင် ကူညီဆောင်ရွက်လိုသူများကို လှူဒါန်းလိုပါက တာမွေမြို့နယ် မီးသတ်ဦးစီးဌာနသို့ အလှူငွေ၊  ဖြစ်စဉ်နေရာသို့ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

emgdonation
တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကို Eleven Media Group မှ Managing Director  နှင့် အယ်ဒီတာချုပ်မှ လှူဒါန်းနေစဉ်

No comments:

Post a Comment