welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 27, 2011

soccermyanmar.com မှ ပြန်လည်ဝေမျှပါသည်။

ပြိုင်ဘက် ဂိုးသမား၏ ထူးချွန်လွန်းသော လက်စွမ်းကြောင့် အိမ်ကွင်းတွင် သရေ(၁)မှတ်သာ ရခဲ့ပုံတွင် လီဗာပူးလ်သည်လည်း ချယ်လ်ဆီးနှင့် ကံတူ အကျိုးပေး ဖြစ်ခဲ့သည်။

ဘလက်ဘန်းရိုဗာ ဂိုးသမား မာ့ခ်ဘန်းသည် အန်းဖီးလ်ပရိသတ်များ မင်သက် စိတ်ပျက်ရလောက်အောင် အကောင်းဆုံး လက်စွမ်းပြကာ လီဗာပူးလ်၏ ဂိုးသွင်းရန် အားထုတ်မှုများကို တားဆီး သွားနိုင်ခဲ့သည်။ လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ်နှင့် အန်ဒီကာရိုးလ်တို့ကို တစ်ပြိုင်နက် ပွဲထုတ်ကာ ချာလီအဒမ်၊ ဂျော်ဒန် ဟန်ဒါဆင်၊ မက်စီရိုဒရီဂွတ်ဇ်တို့၏ အားဖြင့် တိုက်စစ်ဆင်ခဲ့သည်။ ယခုပွဲတွင် လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်သည် ဒုတိယပိုင်း မိနစ်(၇၀)၌ လူစားဝင် ကစားသွားသည်ကို တွေ့ရသည်။ ရလဒ် ဆိုးများနှင့် ရင်ဆိုင် နေရသော ဘလက်ဘန်းသည် လီဗာပူးလ်ကို အဝေးကွင်းတွင် လာရောက်ယှဉ်ပြိုင်ရာ၌ ခံစစ်ကို အသားပေးခဲ့ပြီး ယာကူဘူ အိုင်ယစ်ဘီနီ၊ မော်တန်ဂန့်စ် ပက်ဒါဆန်၊ ခရစ္စတိုဖာဆမ်ဘာ အစရှိသည့် အဓိက ကစားသမားများ ပွဲထွက်လာခဲ့သည်။


ယခုပွဲတွင် ကာရိုးလ် ကြိုးစားခဲ့ပြီး ဂိုးသွင်းရန် အခွင့်အရေးများ ရရှိခဲ့သော်လည်း ကံဆိုးမှုများနှင့် ဘန်း၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့် ဂိုးသွင်းသူ စာရင်းတွင် ၎င်း၏ အမည်ကို မရေးထိုးနိုင်ခဲ့ချေ။ (၂၈)မိနစ်တွင် ဟိုဆေး အန်ရီကေး ဖြတ်ပို့သော ဘောလုံးကို ကာရိုးလ်ပိတ်သွင်းမှု ကောင်းမွန်သော်လည်း ဘန်းက ကာကွယ်ခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် ဘလက်ဘန်းတို့ အမှတ်မထင် အဖွင့်ဂိုး စတင်ရရှိသွားသည်။ ပက်ဒါဆန် ကန်တင်ပေးလိုက်သော ထောင့်ကန်ဘောကို အဒမ်က တားဆီးရန် ကြိုးစားရင်း ခြေထောက်နှင့်ထိကာ ဂိုးတိုင် အပေါ်ထောင့်ထဲ ၀င်သွားခဲ့သည်။ ပြီးခဲ့သည့် ပွဲစဉ်က ၀ီဂန်ဂိုးပေါက်ထဲ ပင်နယ်တီ ၀င်အောင် ကန်မသွင်းနိုင်သည့် အဒမ်အဖို့ ယခုပွဲတွင် ကိုယ့်ဂိုးပါ ကိုယ်သွင်းမိသဖြင့် ကံနိမ့်နေသော ကာလများကို ဖြတ်သန်းနေရခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် လီဗာပူးလ်တို့ ပိုမိုတိုက်စစ်ဆင်ကာ ချေပဂိုးရရန် အစွမ်းကုန် ကြိုးစားလာခဲ့သည်။ လီဗာပူးလ်တို့၏ အားထုတ်မှုသည် (၅၃)မိနစ်တွင် အောင်မြင်ပြည့်ဝသွားသည်။ ဖိအားပေးခံနေရသည့် ဘလက်ဘန်းနောက်တန်း ဘောလုံးရှင်းထုတ်ပုံ မပြတ်သားဘဲ ဖြစ်ခဲ့ရာ တိုက်စစ်ထိ လိုက်ပါလာသည့် လီဗာပူးလ် နောက်ခံလူ မာတင်စကာတယ်လ်က ဘောလုံးရသွားပြီး ညာခြမ်းမှ ဖြတ်တင်ပေးသော ဘောလုံးကို မက်စီက ခေါင်းချိုးတိုက်ကာ သွင်းယူသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လီဗာပူးလ်က ကစားကွက် အသာစီးရယူကာ ဘလက်ဘန်းကို ဖိအားပေးနေခဲ့သည်။ (၅၉)မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ဆွာရက်ဇ် အခွင့်အရေးတစ်ခု ရခဲ့သော်လည်း ဂိုးမ၀င်ခဲ့ချေ။

ကာရိုးလ်သည် ဘလက်ဘန်း ခံစစ်ကို ကျော်ဖြတ်ကာ ဂိုးသွင်းယူရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်နေသဖြင့် အရာမထင်ခဲ့ပေ။ မိနစ်(၈၀) ကျော်လာချိန်တွင် လီဗာပူးလ်၏ တိုက်စစ်အရှိန်အဟုန်နှင့် ဘလက်ဘန်း ဂိုးသမား ဘန်း၏ ကာကွယ်မှု အစွမ်းအစတို့ အားပြိုင်မှုကို ပရိသတ်များ ရှုမြင်ခဲ့ရသည်။ (၈၇)မိနစ်တွင် စတီးဝပ် ဒေါင်းနင်း၏ ကြိုးကြိုးစားစား ခေါင်းတိုက်ချက်ကို ဘန်းက ဒိုင်ဗင်ထိုး ကာကွယ်မှုဖြင့် ငြင်းပယ်ခဲ့သည်။ အချိန်ပို (၉၅)မိနစ်တွင် ကာရိုးလ်၏ အကောင်းတကာ့ အကောင်းဆုံး အခွင့်အရေးအဖြစ် ဂိုးတိုင်ဘယ်ထောင့်သို့ သပ်သပ်ရပ်ရပ် အဆုံးသတ်ချက်ကို ဘန်းက မယုံနိုင်လောက်အောင် ကာကွယ်သွားပြန်သည်။ ပွဲပြီးခါနီး နောက်ဆုံးစက္ကန့်တွင် စကာတယ်လ်၏ ခေါင်းတိုက်ချက် ဂိုးထဲဝင်လုလု ဖြစ်နေသော်လည်း ဘလက်ဘန်း နောက်ခံလူ ဂရန့်ဟာလေက ရှင်းထုတ်ခဲ့ပြီးနောက် လီဗာပူးလ်တို့ (၂)ပွဲဆက် သရေရလဒ်ဖြင့်ပင် ကျေနပ်ခဲ့ရသည်။

No comments:

Post a Comment