| ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း တိုးနိုင်ရန် လမ်းပတ် မျှော်လင့်နေ | | | |
| Written by Admin Team |
| Friday, 16 December 2011 11:28 |
ချယ်လ်ဆီး အသင်း ကွင်းလယ် ကစားသမား ဖရန့်ခ် လမ်းပတ်သည် အသင်းနှင့် စာချုပ်သက်တမ်း တိုးခွင့်ရရန် မျှော်လင့်နေကြောင်း သိရှိရသည်။Daily Mail သတင်းစာက လမ်းပတ်သည် ၎င်း၏ (၃၆)နှစ်ပြည့် မွေးနေ့ပွဲကို စတမ်းဖို့ဒ်ဘရစ်ဂ်ျ ကစားသမား ဘ၀ဖြင့် ဖြတ်သန်းခွင့် ရရန် စိတ်အား ထက်သန်နေကြောင်း ဖော်ပြခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ လမ်းပတ်သည် လက်ရှိတွင် ချယ်လ်ဆီး၌ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၆၀၀၀၀) ရရှိနေပြီး ၎င်း၏ စာချုပ်သည် (၂၀၁၃)ခုနှစ်၊ ဇွန်လတွင် သက်တမ်းကုန်မည် ဖြစ်သည်။ ထိုအချိန်တွင် လမ်းပတ်၏ အသက်သည် (၃၅)နှစ် ရှိနေမည် ဖြစ်သည်။ သို့သော်လည်း လမ်းပတ်က ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းမှ သက်တော်ရှည် ကစားသမားကြီး ရိုင်ယန်ဂစ်ကဲ့သို့ အသင်းနှင့် တစ်နှစ်ချင်းစီ စာချုပ်သက်တမ်း တိုးခွင့်ရရန် မျှော်လင့်နေကြောင်း သိရှိရသည်။ ![]() စာချုပ်သက်တမ်း တိုးရန် မျှော်လင့်နေသည့် လမ်းပတ် ဂစ်သည် အသက်(၃၈)နှစ် ပြည့်ပြီးဖြစ်သော်လည်း မန်ယူ အသင်းတွင် ဆက်ကစားနေဆဲ ဖြစ်သည်။ ချယ်လ်ဆီးအသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က လမ်းပတ်၏ အေးဂျင့်ထံမှ သက်တမ်း တိုးလိုကြောင်း ကမ်းလှမ်းလာမှုကို မိမိတို့ ရရှိထားကြောင်း အတည်ပြုခဲ့သည်။ “လမ်းပတ်ရဲ့ အေးဂျင့် စတိဗ်ကတ်နာက အသင်းနဲ့ ဆက်ပြီး စာချုပ် ဖြစ်ချင်တယ်လို့ မကြာသေးခင်က ပြောထားပါတယ်။ ကျွန်တော်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာမှ ရေရေရာရာ မပြောတတ်သေးဘူး။ လမ်းပတ်ဟာ ချယ်လ်ဆီး အတွက် ကြီးကျယ်တဲ့ အခန်း ကဏ္ဍက ပါဝင် ပေးနေတဲ့ သူပါ။ ဒီလိုပဲ ဆက်ပြီး ဖြစ်နေစေချင်ပါတယ်” ဟု ဘိုအာ့စ်က ပြောကြားသွားသည်။ ချယ်လ်ဆီးသည် အခြားဝါရင့် ကစားသမား တစ်ဦးဖြစ်သော တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာကို (၁)နှစ် သက်တမ်းတိုး စာချုပ်ရန် စီစဉ် နေသော်လည်း ကစားသမားက (၂)နှစ် သက်တမ်းတိုးရန် တောင်းဆိုနေမှုကြောင့် အဆင်မပြေ ဖြစ်နေဆဲဟုလည်း သိရသည်။ |



ချယ်လ်ဆီး အသင်း ကွင်းလယ် ကစားသမား ဖရန့်ခ် လမ်းပတ်သည် အသင်းနှင့် စာချုပ်သက်တမ်း တိုးခွင့်ရရန် မျှော်လင့်နေကြောင်း သိရှိရသည်။
No comments:
Post a Comment