welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, December 30, 2011

chelsea news(soccermyanmar.com)

ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ကစားသမား ဘ၀တစ်လျှောက် တစ်သင်းတည်း အတွက် ပေးဆပ်ခွင့် ရခဲ့ခြင်း အတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်း ဖွင့်ဟ ပြောကြားလိုက်သည်။

တယ်ရီသည် အသက်(၁၄)နှစ် အရွယ်တွင် လန်ဒန်ကလပ်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် ငယ်စဉ်က နော်တင်ဂမ် ဖောရက်စ်သို့ ခေတ္တ အငှားသွားရောက် ကစားဖူးသော်လည်း အင်္ဂလန်နှင့် ချယ်လ်ဆီး အသင်းတို့တွင် အသင်းခေါင်းဆောင် လက်ပတ်ကို ၀တ်ဆင်ခွင့် ရသည်အထိ တောက်လျှောက် ကလပ် အသင်း အတွက်သာ ဘ၀ကို မြှုပ်နှံထားခဲ့သည်။ ၎င်းက မိမိသည် ယခုအခါ ချယ်လ်ဆီးမှ လွဲ၍ မည်သည့် အသင်း အတွက်မျှ ကစားပေးနိုင်တော့မည် မထင်ကြောင်းလည်း ဆိုသည်။ ထို့အပြင် အပြာရောင် ဂျာစီဝတ် အသင်းကို ကိုယ်စား ပြုနေခွင့် ရခြင်းကိုလည်း အလေးအနက် ဂုဏ်ယူမိကြောင်း တယ်ရီက ပြောကြားသွားသည်။
ချယ်လ်ဆီးအတွက် ပေးဆပ်ရခြင်းကို ကျေနပ်နေသည့် တယ်ရီ

တယ်ရီက “ကျွန်တော် တကယ်ပဲ ချယ်လ်ဆီးမှာ တစ်သင်းတည်း စွဲစွဲမြဲမြဲ ကစားဖြစ်တာကို ဂုဏ်ယူ နေမိတာပါ။ ဒီနေ့ခေတ်မှာ ကျွန်တော့် အသက်အရွယ်လိုမျိုး ရောက်တဲ့ထိ ကလပ်အသင်း တစ်ခုတည်း စွဲစွဲမြဲမြဲ ကစားပေးတဲ့ သူမျိုး သိပ်မရှိတော့ဘူး ထင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ ဒီလို ကစားသမားတချို့ ရှိနေသလို လီဗာပူးလ်မှာလည်း စတီဗန်ဂျရတ် ရှိပါတယ်။ ဒါပေမဲ့ ဒီလို ကစားသမား အရေအတွက်က လက်(၅)ချောင်း မပြည့်လောက်တော့ပါဘူး” ဟု တယ်ရီက ပြောကြားခဲ့သည်။ “ဒါကြောင့် ကျွန်တော် ဒီအနေအထားအတွက် သိပ်ဂုဏ်ယူပါတယ်။ ကျွန်တော့် ကစားသမား ဘ၀ကို ချယ်လ်ဆီးမှာပဲ ဖြတ်သန်းခဲ့ပြီး မန်နေဂျာတွေ၊ ကစားသမားတွေ အမျိုးမျိုး ပြောင်းလဲသွားတာကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မပြောင်းလဲခဲ့ပါဘူး။ ချယ်လ်ဆီး အင်္ကျီကို အမြဲတမ်း ၀တ်ဆင်နေတုန်းပါ”လည်း ၎င်းက ပြောဆိုသွားသည်။

တယ်ရီသည် ချယ်လ်ဆီး၏ သမိုင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး အသင်းခေါင်းဆောင် အဖြစ် ရပ်တည်နေပြီး ကလပ်အသင်း၏ ပွဲအများဆုံး ကစားသူ စာရင်းတွင် ပဉ္စမ နေရာမှ ရပ်တည်လျက်ရှိသည်။ ၎င်းသည် ချယ်လ်ဆီးတွင် ကစားရင်း ပရီးမီးယားလိဂ် ဆုဖလား (၃)ကြိမ်၊ FAဖလား (၄)ကြိမ် ရရှိထားပြီးဖြစ်သည်။

No comments:

Post a Comment