welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 13, 2011

soccermyanmar မှ

ရိုမီယူကို ဘာစီလိုနာသို့ မဖြစ်မနေ ပြန်ရောင်းရန် မလိုကြောင်း ဘိုအာ့စ် အာမခံ PDF Print E-mail
Written by Admin Team   
Tuesday, 13 December 2011 15:56
Share |
မိမိတို့ အသင်း၏ ကွင်းလယ်လူ အိုရီရော်လ် ရိုမီယူကို ဘာစီလိုနာသို့ ပြန်ရောင်းချရန် မည်သည့် ဖိအားမျှ မရှိကြောင်း ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်က ရှင်းလင်းခဲ့သည်။

ချယ်လ်ဆီးသည် အသက်(၂၀)အရွယ် စပိန်ကွင်းလယ် ကစားသမားလေး ရိုမီယူကို နွေရာသီက ဥရောပနှင့် စပိန် ချန်ပီယံ ဘာစီလိုနာထံမှ ၀ယ်ယူခဲ့သည်။ ထိုစဉ်က သတင်းများက ဘာစီလိုနာသည် ၎င်းတို့၏ လူငယ် အကယ်ဒမီထွက် ကွင်းလယ်အဖျက် ကစားသမားလေးကို (၂)နှစ်အတွင်း ပြန်လည် ၀ယ်ယူလိုပါက ချယ်လ်ဆီးဘက်မှ ခွင့်ပြုရန် စာချုပ်အတွင်း ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ချယ်လ်ဆီးသည် ဘာစီလိုနာထံမှ ရိုမီယူကို ယူရို(၅)သန်းဖြင့် ၀ယ်ယူခဲ့ပြီး ဘာစီလိုနာက (၁)နှစ်အတွင်း ယူရို(၁၀)သန်း၊ (၂)နှစ်အတွင်း ယူရို(၁၅)သန်းဖြင့် ပြန်လည် ၀ယ်ယူရန် လိုပါက ခွင့်ပြုရမည်ဟု စာချုပ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။


သို့သော်လည်း ဘိုအာ့စ်က ရိုမီယူ၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျ အနာဂတ်သည် ဘာစီလိုနာထံမှ ခြိမ်းခြောက်လာမှု မရှိကြောင်း အာမခံခဲ့သည်။ “သတင်းတွေက ဖော်ပြတာ မရှင်းလို့ပါ။ ဘာစီလိုနာကို ပြန်ဝယ်ခွင့် ပေးဖို့ စာချုပ်ထားတာ ဆိုပေမယ့် ချယ်လ်ဆီး အသင်းဘက်က ရိုမီယူကို ပြန်ရောင်းချင်ပါတယ် ဆိုတဲ့ ဆန္ဒရှိမှပါ” ဟု ဘိုအာ့စ်က ရှင်းပြခဲ့သည်။ ရိုမီယူသည် ချယ်လ်ဆီးက မန်ချက်စတာ စီးတီးကို အနိုင် ယူခဲ့သော ပရီးမီးယားလိဂ် ပွဲစဉ်တွင် ခြေစွမ်း ပြနိုင်ခဲ့ပြီး ယင်းကိုလည်း ဘိုအာ့စ်က ချီးကျူးခဲ့သည်။

“လူသစ် ကစားသမား တစ်ယောက်အတွက် ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ ဆိုတာ အမြဲတမ်း အချိန် လိုအပ်ပါတယ်။ ဒါပေမဲ့ ရိုမီယူ၊ ဂျူအန်မာတာတို့ အပြင် ပြီးခဲ့တဲ့ ရာသီက လီဗာပူးလ် အတွက် ကစားခဲ့တဲ့ ရောလ်မီရာလက်စ်တို့ အားလုံးဟာ ဒီပြိုင်ပွဲမှာ မြန်မြန်ဆန်ဆန် အထိုင် ကျလာခဲ့တယ်။ ဒါဟာ ချီးကျူးရမယ့် အခြေအနေပါပဲ” ဟု ဘိုအာ့စ်က ပြောဆိုသွားသည်။

No comments:

Post a Comment