welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, December 7, 2011

မန်ချက်စတာနှစ်သင်းထွက်ခဲ့ရသည့်ချန်ပီယံလိဂ်

ဒီဇင်ဘာ (၇)ရက်နေ့ ညက ကစားခဲ့သော ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်များ အပြီးတွင် မန်ချက်စတာ ယူနိုက်တက်ရော၊ မန်ချက်စတာ စီးတီးပါ အုပ်စုအဆင့်မှပင် လက်ပြ နှုတ်ဆက်သွားပြီ ဖြစ်သည်။
ဘေဆယ်လ် ၂ - ၁ မန်ယူ
သရေကျရုံဖြင့် နောက်တစ်ဆင့် တက်ရောက်မည့် မန်ယူသည် အဝေးကွင်းတွင် ဘေဆယ်လ်အား အရေးနိမ့်ကာ ယူရိုပါလိဂ်သို့ ပြောင်းရွှေ့ကစားရတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် (၄)နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ (၃)ကြိမ် ရောက်ရှိဖူးသော အင်္ဂလန် ချန်ပီယံ အသင်းသည် ဘေဆယ်လ်ကို (၂-၁)ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ခွင့် ရှိနေသေးသည့် နှစ်သင်းတွေ့ဆုံမှုတွင် ဘေဆယ်လ်သည် အထူးကြိုးစား အားထုတ်ကာ မန်ယူကို အနိုင်ရရန် ကြိုးပမ်းခဲ့သည်။ မန်ယူတွင် ၀ိန်းရွန်နီကို ရှေ့တင်ကာ လူးဝစ်နာနီ၊ အက်ရှ်လေယန်း၊ ရိုင်ယန်ဂစ် တို့၏ အားဖြင့် တိုက်စစ်ဆင်ခဲ့ပြီးဘေဆယ်အသင်းကလည်း ဇန်ဒါရှာကွီရီ၊ အလက်ဇန္ဒား ဖရိုင်းစသည့် အဓိက ကစားသမား များဖြင့် ပွဲထွက်ခဲ့သည်။

ပွဲအစ (၉)မိနစ်ကတည်းက ဘေဆယ်လ်တို့ အဖွင့်ဂိုး စတင်ရရှိ သွားသည်။ ဆွစ်ဇာလန် လက်ရွေးစင် ရှာကွီရ ဖြတ်ပို့သော ဘောလုံးကို မန်ယူ ဂိုးသမား ဒေးဗစ်ဒီဂီယာ ရှင်းထုတ်သော်လည်း မပြတ်သားသဖြင့် မာကိုစထရယ်လာဆီ ရောက်သွားပြီး ၎င်းက (၁၀)ကိုက်အကွာမှ အပိုင်ကန်သွင်း သွားခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရ သဖြင့် ဖိအားဝင်သွားသည့် မန်ယူတို့ ဂိုးရရန် ကြိုးစားလာခဲ့သည်။ သို့သော်လည်း အချိတ်အဆက် လွဲချော်မှုများနှင့် အလောကြီး နေမှုများကြောင့် ဘေဆယ်လ် ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်နေခဲ့သည်။ အထူးသဖြင့် တိုက်စစ်မှူး ရွန်နီသည် စိတ်ပျက်ဖွယ်ရာ ဖြုန်းတီးမှု များစွာကို ပြုလုပ်ခဲ့သည်။


ပထမပိုင်းတွင် (၁)ဂိုး အရေးနိမ့်ထားသော မန်ယူ အသင်းသည် ဒုတိယပိုင်း တွင်လည်း တိုက်စစ်အရှိန် မြှင့်ခဲ့သော်လည်း ဆွစ်ဇာလန် ကလပ် ခံစစ်ကြောင်းက စနစ်တကျ ဖြတ်တောက်ကာ မန်ယူကို တန်ပြန် တိုက်စစ်ဖြင့် ရင်ဆိုင်ခဲ့သည်။ ဘေဆယ်လ် တိုက်စစ်မူှး ဖရိုင်းသည် ဂိုးသမား ဒီဂီယာကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့လို ရှာကွီရီ၏ မြန်နှုန်းမြင့် ထိုးဖောက်မှုများ ကလည်း မန်ယူတောင်ပံ ခံစစ်ကြောင်းကို ဒုက္ခပေးခဲ့သည်။ မန်ယူသည် ဂိုးရရန် တောက်လျှောက် ကြိုးစားနေရင်း ဒုတိယဂိုး ပေးခဲ့ရသည်။ ရှာကွီရီပင် ဖြတ်ပို့သော ဘောလုံး ခရစ်စမောလင်းကို ကျော်ကာ အဝေးတိုင်ထောင့်သို့ ကျလာရာ ဖရိုင်းက အသာအယာ ခေါင်းတိုက် ပိတ်သွင်းသွားသည်။ (၈၉)မိနစ်တွင် ဖီးလ်ဂျုံးစ်၏ ခေါင်းတိုက်ချက်ဖြင့် မန်ယူတို့ တစ်ဂိုးပြန်ချေ နိုင်သော်လည်း လိုအပ်သော သရေဂိုးကို မသွင်းယူနိုင် သဖြင့် ချန်ပီယံလိဂ်ကို အုပ်စုအဆင့် မှာပင် လက်ပြခဲ့ရသည်။ မန်ယူအတွက် နှစ်ခါနာသည့် ကိစ္စမှာ အသင်းခေါင်းဆောင် နီမန်ဂျာဗီဒစ်ပါ ဒဏ်ရာရသွားခြင်း ဖြစ်သည်။

မန်စီးတီး ၂ - ၀ ဘိုင်ယန်မြူးနစ်
အိမ်ကွင်းတွင် ဂျာမန်ထိပ်သီး ဘိုင်ယန်ကို အနိုင်ကစား ခဲ့သော်လည်း တစ်ဖက်တွင် နာပိုလီက ဗီလာရီးယဲလ်ကို အနိုင်ယူသွား သဖြင့် မန်စီးတီးတို့ အသည်းကွဲ ခဲ့ရသည်။ ယခုပွဲကို မဖြစ်မနေ အနိုင်ကစားရန် လိုအပ်သည့် အတွက် မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် ဆာဂျီယို အဂူရို၊ ဒေးဗစ်ဆေးလ်ဗား၊ အီဒင်ဇီကို၊ ဆမ်မီနာဆရီ အစရှိသည့် တိုက်စစ် အင်အားစုများကို ထည့်သွင်းကာ ဘိုင်ယန်ကို တိုက်စစ်ဖွင့် ကစားခဲ့သည်။ ဘိုင်ယန်ဘက်တွင် အရန်အများစုကို ပွဲထုတ်ခဲ့ပြီး အိုင်ဗီကာအိုလစ်၊ ဒေးဗစ် အလာဘာ၊ ဒန်နီဂျယ်လ် ပရန်ဂျစ်တို့ ပါဝင်ခဲ့သည်။ သောမတ်စ်မူလာ၊ မာရီယိုဂိုမက်ဇ်၊ ဖိလစ်လမ်းတို့မှာမူ အရန်ခုံတွင်သာ ရှိနေခဲ့သည်။


(၁၅)မိနစ်တွင် ဆေးလ်ဗား၏ ပြစ်ဒဏ်ဘောကို နောက်ခံလူ ဂျိုလီယန် လက်စ်ကော့ ခေါင်းတိုက်သွင်းယူသော်လည်း ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ပြီး ဂိုးမပေးခဲ့ပေ။ (၃၆)မိနစ်တွင် မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရရှိသွားသည်။ တိုက်စစ်မှူး ဇီကိုက ဆေးလ်ဗား၏ ပြေးလမ်းထဲ ချပေးလိုက်သော ဘောလုံးကို စပိန်လက်ရွေးစင်က ဂိုးဧရိယာထိပ်မှ ဘယ်ခြေဖြင့် လှလှပပ ကန်သွင်းသွားခြင်းဖြစ်သည်။ ဂိုးရသဖြင့် အားတက်သွားသော မန်စီးတီးတို့ ဘိုင်ယန်ဘက်သို့ ပိုမို ဖိအားပေးရန် ကြိုးစားခဲ့ရာ ဒုတိယပိုင်း ပြန်စပြီး (၇)မိနစ်တွင် ဒုတိယဂိုး ရသွားသည်။ လှလှပပ One-Twoရိုက်ပြီး ဇီကိုပင် ဖန်တီးပေးလိုက်သော ဘောလုံးကို ယာယာတိုရေးက ဂိုးသမားနှင့် အနီးကပ် အနေအထားတွင် အသာအယာ ကန်သွင်းသွားခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဖက်တွင် နာပိုလီက (၂-၀)ဖြင့် အနိုင်ရသွား သဖြင့် မန်စီးတီးတို့ အလာကောင်း သော်လည်း အခါနှောင်းပြီး ချန်ပီယံလိဂ်ကို ကျောခိုင်း သွားခဲ့ရသည်။

အခြားပွဲစဉ် ရလဒ်များ

ဗီလာရီးယဲလ် ၀ - ၂ နာပိုလီ
                        65' အင်လာ
                         76' ဟမ်ဆစ်

အင်တာမီလန် ၁ - ၂ CSKA မော်စကို
51' ကမ္ဘီယာဆုိ    50'ဒြန္ဘီယာ
                          87' ဘီရီဇြတ္စကီး

လိုင္လီ ၀ - ၀ ထရက္ဇ္ဘြန္စေပါ
ဘင္ဖီကာ ၁ - ၀ အိုတီလူလ္ဂလာတီ
7'ကာဒုိဇုိ

အေဂျက်စ်အမ်စတာဒမ် ၀ - ၃ ရီးယဲလ်မက်ဒရစ်
                                    14'.90'ကယ်လီဂျွန်42' ဟီးဂူအင်
ဒိုင်နမိုဇာဂရက်ဘ် ၁ - ၇ အိုလံပစ်လိုင်ယွန်
40'ကိုဗက်စစ်            45'.48'.52'.70' ဂိုမစ်.48'ဂိုနာလွန်.64'လိုပက်76'ဘရန်း

No comments:

Post a Comment