welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, December 23, 2011

premier league news

တယ်ရီကို ထောက်ခံကြောင်း တီရှပ်များ ၀တ်ဆင်မည့် အစီအစဉ်အား ချယ်လ်ဆီး ငြင်းပယ် PDF Print E-mail
Written by Admin Team   
Saturday, 24 December 2011 10:48
Share |
လူမျိုးရေး ခွဲခြားမှုကြောင့် စွဲချက်တင် ခံထားရသည့် ဂျွန်တယ်ရီကို ထောက်ခံကြောင်း တီရှပ်များ ၀တ်ဆင်ရန် အဆိုကို ချယ်လ်ဆီး အသင်းက ပယ်ချလိုက်ကြောင်း သိရသည်။

တယ်ရီသည် ချယ်လ်ဆီးတွင် ကာလရှည်ကြာ ကစားခဲ့ပြီး အောင်မြင်မှုများ ရရှိအောင် ဦးဆောင် ပေးခဲ့သည့် ထူးချွန်သော အသင်းခေါင်းဆောင် တစ်ဦး ဖြစ်သော်လည်း အဆိုပါ နည်းလမ်းဖြင့် ၎င်းအား ထောက်ခံမှု ပြသမည် မဟုတ်ဟု ချယ်လ်ဆီး အသင်းက ကြေညာသည်။ လက်ရှိတွင် တယ်ရီသည် QPR အသင်း ခံစစ်မှူး အန်တန် ဖာဒီနန်ကို လူမျိုးရေး ခွဲခြား ပြောဆိုမှုများကြောင့် ရာဇ၀တ် ရေးရာ ခုံရုံး အဖွဲ့၏ စွဲချက် တင်ခြင်းကို ခံထားရသည်။ တယ်ရီက အသင်းမှ ကစားသမားများသည် ယခု ကိစ္စတွင် မိမိနောက်မှ ရပ်တည်ကာ တီရှပ်များ ၀တ်ဆင်ပြီး ထောက်ခံမှု ပြသရန် မျှော်လင့်ခဲ့သည်။ အသင်းဖော်အား ထောက်ခံကြောင်း ဖော်ပြသည့် တီရှပ်များကို လူမျိုးရေး ခွဲခြားသဖြင့် ပွဲပယ် ခံရသည့် လီဗာပူးလ် ကစားသမား လူးဝစ်ဆွာရက်ဇ် အတွက် လီဗာပူးလ် အသင်းသားများက ၀ီဂန်နှင့်ပွဲ မတိုင်မီ လေ့ကျင့်ခန်း ဆင်းစဉ် ၀တ်ဆင်ပြခဲ့သည်
ထောက်ခံခြင်း တီရှပ်ဝတ်ဖို့ ငြင်းဆန်ထားသည့် တယ်ရီ

ထိုလုပ်ရပ်ကြောင့် လီဗာပူးလ် အသင်းသည် ဝေဖန်မှုများ ခံနေရပြီး ချယ်လ်ဆီးက အဆိုပါ အနေအထားကို သတိကြီးကြီး ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီး အသင်း၏ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် အသင်း အနေနှင့် တယ်ရီကို ယုံကြည် ထောက်ခံကြောင်း ပြောဆို ထားသည့်တိုင် ချယ်လ်ဆီးအသင်း တာဝန် ရှိသူများက တီရှပ် ၀တ်ဆင်မည့် ကိစ္စကိုမူ ခွင့်ပြုချက် မပေးခဲ့ချေ။ အသင်း၏ ပြောရေး ဆိုခွင့်ရ အရာရှိက “ဒီကိစ္စကို အသင်းရဲ့ ကစားသမားတွေနဲ့ ၀န်ထမ်း တချို့က ဆွေးနွေးနေကြောင်း ကြားသိ ရပြီးတဲ့နောက် ကျွန်တော်တို့ ဂရုတစိုက် လေ့လာ ခဲ့ပါတယ်။ ကလပ် အသင်းဟာ တယ်ရီဘက်က အပြည့်အ၀ ရပ်တည်မှာပါ။ ဒါပေမဲ့ သူ့ကို ထောက်ခံကြောင်း ပြဖို့ တီရှပ်တွေ ၀တ်ဆင်တာကိုတော့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒီလုပ်ရပ်ဟာ တယ်ရီ့အတွက် အထောက်အကူ တကယ်တမ်း ပေးနိုင်မယ်လို့လည်း မထင်ပါဘူး" ဟု ပြောကြားသွားသည်။

No comments:

Post a Comment