အဝေးကွင်းမှာ အနိုင်ယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ အာဆင်နယ် ~ အက်စ်တန်ဗီလာ ၁ - ၂ အာဆင်နယ် | ![]() | ![]() | ![]() |
Written by Admin Team | ||||
Thursday, 22 December 2011 09:30 | ||||
![]() ဗီလာသည် ဂါဘရီရယ်လ် အဘွန်လဟော်၊ ချားလ်စ်အန်ဇော့ဘီယာတို့ကို ရှေ့တင်ကာ စတီလီယန် ပီထရော့ဗ်၊ စတီဖင် အိုင်ယာလန်တို့၏ အားဖြင့် အိမ်ကွင်းတွင် ပွဲထွက် လာခဲ့သည်။ အာဆင်နယ်ကမူ ရော်ဘင် ဗန်ပါစီ၊ ဂါဗင်ဟို၊ ပါးမာတီဆက်ကာ၊ မစ်ကယ်အာတီတာ အစရှိသည့် ကစားသမားများ ပါဝင်လာပြီး ကွင်းလယ်တွင် အလက်ဇန္ဒားဆောင်း နေရာ၌ အီမန်နျူရယ်လ် ဖရင်ပေါင် ၀င်ကစားခဲ့သည်။ ဗီလာသည် အာဆင်နယ်ကို ကြိုးစားတုံ့ပြန် ကစားခဲ့သော်လည်း ပွဲအစ (၁၇)မိနစ်ကတည်းက ပင်နယ်တီမှ တစ်ဆင့် ဂိုးပေးလိုက် ရသဖြင့် ရုန်းကန် ခဲ့ရသည်။ ![]() ဗီလာ Vs အာဆင်နယ် (၆)မိနစ်တွင် အန်ဇော့ဘီယာပေးပို့သည်ကို အဘွန်လဟော် ခေါင်းတိုက်ခဲ့သော်လည်း အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ ဒိုင်ဗင်ထိုး ကာကွယ်ခဲ့သည်။ (၁၇)မိနစ်တွင် အာဆင်နယ်တို့ အဖွင့်ဂိုး စရခဲ့သည်။ ကီရန်ကလာ့ခ်က သီအိုဝဲလ်ကော့တ်အား ဧရိယာထဲတွင် အင်္ကျီဆွဲ တားဆီး ထားသဖြင့် ဒိုင်က ပင်နယ်တီ ကန်ခွင့်ပေးရာ ယင်းပင်နယ်တီကို (၂၀၁၁)ခုနှစ်အတွင်း ၎င်း၏ (၃၄)ဂိုးမြောက်အဖြစ် ဗန်ပါစီက သွင်းယူခဲ့သည်။ နောက်(၁)မိနစ်အတွင်း အာဆင်နယ် အခွင့်အရေး ထပ်ရခဲ့သေးသော်လည်း ၀ဲလ်ကော့တ်၏ အားထုတ်မှုကို ဗီလာဂိုးသမား ဘရက်ဒ်ဂူဇန် ကာကွယ်ခဲ့သည်။ ပထမပိုင်းတွင် အာဆင်နယ်က (၁)ဂိုးအသာဖြင့် ဦးဆောင် နေပြီးနောက် ဗီလာက ဒုတိယပိုင်းတွင် ချေပဂိုး ရရန် ပိုမိုကြိုးစား လာခဲ့သည်။ အိမ်ရှင် အသင်း၏ အားထုတ်မှုသည် (၅၄)မိနစ်တွင် အောင်မြင်မှု ရရှိသွားသည်။ သောမတ်စ် ဗာမေလန်၏ ခေါင်းတိုက် ဖျက်ထုတ်ပုံ အားနည်းမှုကြောင့် မက်အယ်လ် ဘရိုက်တန် ဘောလုံး ရသွားပြီး ဆက်ဇနီ၏ ခြေထောက်ကြားမှ ကန်သွင်းသွားခြင်း ဖြစ်သည်။ ယခုဂိုးသည် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် အလုံး(၂၀၀၀၀)မြောက် ဂိုးအဖြစ်လည်း မှတ်တမ်း ၀င်သွားသည်။ (၈၅)မိနစ်တွင် ဗီလာတို့ Marking ပိုင်း အာဆင်နယ်အား အနိုင်ဂိုးသွင်းခွင့် ပေးလိုက်ရသည်။ ဗန်ပါစီ ကန်တင်ပေးသော ဘောလုံးကို လူစားဝင် ကစားသမား ယိုဆေးဘီနာယောင်က ကွင်းထဲရောက်ပြီး (၄)မိနစ်အကြာတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။ ပွဲပြီးခါနီးတွင် ဗာမေလန်ကို အဖျက် ကြမ်းသဖြင့် အလန်ဟက်တန်ကို ဒိုင်လူကြီးက အနီကတ်ပြခဲ့ရာ ဗီလာတို့ နောက်ဆုံး မိနစ်ပိုင်းတွင် (၁၀)ဦးတည်းဖြင့် ကစားခဲ့ရသည်။
|
No comments:
Post a Comment