ချယ်လ်ဆီးကို ရှုံးခဲ့ခြင်းကြောင့် မန်စီးတီး အတွက် မည်သည့် အပြောင်းအလဲမျှ မရှိဟု မန်စီနီဆို | ![]() | ![]() | ![]() |
Written by Admin Team |
Tuesday, 13 December 2011 14:54 |
![]() လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား၌ ဒုတိယ နေရာမှ မန်ချက်စတာ ယူနိုက်တက်နှင့် (၂)မှတ်သာ ကွာတော့သော်လည်း မန်စီးတီး အသင်း၏ မန်နေဂျာက အသင်း၏ ရပ်တည်မှု အပေါ် ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် ချယ်လ်ဆီး၏ စတမ်းဖို့ဒ်ဘရစ်ဂ်ျကွင်းတွင် သွားကစားခဲ့ရာ (၂-၁)ဖြင့် အရေး နိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ လုပွဲမှာ ပိုမို အကြိတ်အနယ် ရှိလာခဲ့သည်။ မန်စီနီကမူ ချယ်လ်ဆီးကို ရှုံးခဲ့သော်လည်း မန်စီးတီး၏ အကောင်းဆုံး ရှေ့ဆက်နေသော ခြေစွမ်းသည် မည်သည့် ထိခိုက်မှုမျှ မရှိနိုင်ကြောင်း ပြိုင်ဘက်များအား သတိ ပေးခဲ့သည်။ ![]() မန်စီနီနှင့် အနီကတ်ပြ အထုတ်ခံလိုက်ရသည့် ကလစ်ချီ အီတလီသား မန်နေဂျာကြီးက “ဒီပွဲရှုံးလို့ ဘာအပြောင်းအလဲမှ မဖြစ်နိုင်ဘူး။ ဒီပွဲကို ရှုံးပွဲတစ်ပွဲ အဖြစ် ကျွန်တော်တို့ သေချာ သိထားရင် ပြီးတာပဲ။ ဘောလုံး ရာသီက အရှည်ကြီး ကျန်ပါသေးတယ်။ ကျွန်တော်တို့ဟာ ဒုတိယ နေရာက မန်ယူထက် (၂)မှတ်လည်း သာနေသေးတယ်။ ချယ်လ်ဆီးကို ကျွန်တော်တို့ ရှုံးခဲ့တာ မထိုက်တန်ပါဘူး။ ဒါပေမဲ့ ဖြစ်ခဲ့ပြီးပြီ။ နောက်ထပ် အာဆင်နယ်နဲ့ ပွဲကျပ် ကစားရဦးမယ်။ ဒီအတွက် ကျွန်တော်တို့ အာရုံ စိုက်ရပါမယ်” ဟု ပြောကြားသွားသည်။ ၎င်းက ချယ်လ်ဆီးနှင့် ပွဲတွင် အနိုင် ရမည်ဟု ခန့်မှန်းခဲ့သော်လည်း ရှုံးသွားသဖြင့် စိတ်ပျက်ကြောင်းလည်း ဆိုသည်။ “ပွဲစတာနဲ့ ဒီပွဲတော့ ကျွန်တော်တို့ နိုင်ပြီလို့ တွေးလိုက်မိတယ်။ ပထမပိုင်း အစမှာ ကျွန်တော်တို့ ကစားပုံဟာ အသင်းတိုင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ လုပ်မပြနိုင်တဲ့ အခြေအနေမျိုးပါ။ လူတစ်ယောက် ထုတ်ခံရတဲ့ အခါမှာတော့ ကျွန်တော်တို့ အရမ်း အကျပ် တွေ့သွားတော့တာပဲ” ဟု မန်စီနီက ပြောဆိုသွားသည် |
No comments:
Post a Comment