ထူးခြားသော လူစာရင်း အခင်းအကျင်းနှင့် တစ်ကျော့ပြန် ခြေစွမ်းပြသူ ဒီမီတာ ဘာဘာတော့ဗ်တို့ကြောင့် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနေနှင့် အမှတ်ပေး ဇယားတွင် မန်ချက်စတာ စီးတီးနှင့် အမှတ်တူ ရပ်တည်နိုင်သော ခရစ္စမတ် လက်ဆောင်ကို ရရှိခဲ့သည်။
မန်ယူသည် အဓိက တိုက်စစ်မှူး ၀ိန်းရွန်နီကို အရန် ခုံတွင်သာ ထားခဲ့ပြီး ဘာဘာတော့ဗ်နှင့် ဂျာဗီးယား ဟာနန်ဒက်ဇ်တို့ကို တိုက်စစ်တွင် တွဲဖက် ပေးခဲ့သည်။ ဖာဂူဆန်သည် ကွင်းလယ်တွင် ဒါရန်ဂစ်ဘ်ဆန်၊ ပါ့ခ်ဂျီဆန်၊ ရိုင်ယန်ဂစ်နှင့် လူးဝစ်နာနီတို့ကို ပွဲထုတ်ပြီး နောက်တန်းတွင် ကွင်းလယ် ကစားသမား မိုက်ကယ်ကာရစ်ကို ဗဟိုခံစစ်မှူး အဖြစ် ကစားစေခဲ့သည်။ အန်တိုနီယို ဗလန်စီယာက ညာတောင်ပံ ခံစစ်မှူးအဖြစ် ကစားခဲ့ရာ မန်ယူ၏ နောက်တန်း(၄)ယောက်တွင် ကွင်းလယ်လူ (၂)ဦးထိ ပါဝင်လာခြင်းဖြစ်သည်။ ဂိုးသမား နေရာတွင်မူ ဒေးဗစ်ဒီဂီယာ အရန် ခုံ၌သာ ရှိနေပြီး အန်းဒရက်စ် လင်ဒီဂါ့ဒ် ပွဲထွက်လာသည်။ ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ ကဲ့သို့ အသင်းကောင်းများထံမှ (၂)ပတ်ဆက် သရေ(၁)မှတ်စီ ရယူနိုင်ခဲ့သော ၀ီဂန်သည် အလီအယ်လ်ဟက်ဘ်ဆီ၊ ဂျော်ဒီဂိုမက်ဇ်၊ ဂျိမ်းစ်မက္ကာသီ၊ အန်တိုလင် အယ်လ်ကာရက်ဇ်စသည့် အဓိက ကစားသမားများ အစုံအလင်ဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ချန်ပီယံတို့ကို တုံ့ပြန် ရင်ဆိုင်ခဲ့သည်။

မန်ယူသည် ၀ီဂန်အပေါ် ကစားကွက် အသာရခဲ့ပြီး ပွဲအစ (၈)မိနစ်ကတည်းက အဖွင့်ဂိုး သွင်းယူသည်။ ဘယ်ခြမ်းခံစစ်မှူး ပက်ထရစ်အီဗရာ တစ်ကိုယ်တော် အစွမ်းဖြင့် ၀ီဂန်ခံစစ်ကို ကျော်ဖြတ်ကာ ချိုးပေးလိုက်သည့် ဘောလုံးကို တောင်ကိုရီးယားသား ပါ့ခ်က အမှားအယွင်း မရှိ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မန်ယူသည် ကစားရှိန်ကို ထိန်းကာ ခံစစ်ကို လုံခြုံအောင် အာရုံ စိုက်ခဲ့သည်။ မန်ယူ၏ ညာခြမ်းမှ နာနီနှင့် ဗလန်စီယာ တွဲလုံးမှာ အလုပ် ဖြစ်ခဲ့သလို ၀ါရင့် ကစားသမားကြီး ဂစ်၏ ထိုးဖောက်မှုများကလည်း ၀ီဂန်ခံစစ်ကို ဒုက္ခ ပေးနိုင်ခဲ့သည်။ ပွဲချိန် မိနစ်(၄၀)တွင် အငြင်းပွားဖွယ် အနေအထားဖြင့် ၀ီဂန်တို့ (၁)ယောက်အထုတ်ခံရသည်။ ကွန်နာဆမ်မွန်သည် ဘောလုံးကို ရယူရန် ရည်ရွယ်ခဲ့ဟန် ရှိသော်လည်း ၎င်း၏တံတောင်က ကာရစ်၏ မျက်နှာကို ထိခိုက်မိသည့် အတွက် ဒိုင်လူကြီး ဖီးလ်ဒေါက်က တိုက်ရိုက် အနီကတ်ပြကာ ထုတ်ပယ်ပစ်ခဲ့သည်။ လူအင်အား တူညီချိန်တွင်ပင် ခြေစွမ်း အသာရနေသော မန်ယူသည် တစ်ယောက်လျော့ အနေအထားတွင် တိုက်စစ်လမ်းကြောင်းများ ပိုမို ထက်မြက်လာပြီး (၄၂)မိနစ်တွင် နောက်တစ်ဂိုး သွင်းခဲ့သည်။ ဂစ်ဘ်ဆန် ညာခြမ်းမှ ဖြတ်တင်ပေးသော ဘောလုံးကို ဘာဘာတော့ဗ်က ၀ီဂန်နောက်တန်းနှင့်အပြိုင် ရယူပြီး ဂိုးသမား အယ်လ်ဟက်ဘ်ဆီနှင့် အနီးကပ် ကန်သွင်းသွားခြင်း ဖြစ်သည်။
(၂)ဂိုးအသာ ရထားသော မန်ယူသည် ဒုတိယပိုင်းတွင် ကစားအားကို လုံးဝချထားပြီး အမှားမရှိအောင်သာ ထိန်းကစား နေခဲ့သည်။ ထို့အပြင် ဖာဂူဆန်သည် ပထမပိုင်းက အ၀ါထိထားသော အီဗန်စ်ကို ထုတ်ကာ လူငယ် ဘယ်တောင်ပံ ခံစစ်သမား အက်ဇ်ကီရယ်လ် ဖရိုင်ယာစ်ကို ၀င်ကစားစေခဲ့ရာ နောက်တန်း (၄)ယောက်လုံး ဗဟိုခံစစ်မှူး တစ်ဦးမှ မပါဘဲ ဖြစ်သွားသည်။ (၆၄)မိနစ်တွင်လည်း ဂစ်နှင့် နာနီတို့ကို ထုတ်ကာ ရွန်နီ၊ ဖက်ဒရီကို မာချီဒါတို့ကို ထည့်သွင်းပြီး တိုက်စစ်မှူး(၄)ဦး ပုံစံကို စမ်းသပ် ကစားခဲ့သေးသည်။ (၅၈)မိနစ်တွင် မန်ယူတို့ နောက်တစ်ဂိုး ရခဲ့သည်။ ညာခြမ်းမှ တိုက်စစ်ထိ လိုက်ပါပံ့ပိုးသော ဗလန်စီယာ ချိုးပေးသည့် ဘောလုံးကို ဘာဘာတော့ဗ်က လှည့်ယူကာ ခြေဦးဖြင့် အပြင်း ထိုးကန်သွားခြင်း ဖြစ်သည်။ (၆၉)မိနစ်တွင် ဟာနန်ဒက်ဇ်၏ ထိုးဖောက်မှုကို အယ်လ်ဟက်ဘ်ဆီ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။ (၇၅)မိနစ်တွင် မန်ယူအတွက် စတုတ္ထဂိုးကို ၀ီဂန် ကစားသမားဟောင်း ဗလန်စီယာက သွင်းယူခဲ့သည်။ ၀ီဂန်ခံစစ်မှ ရှင်းထုတ်သော ဘောလုံးကို ကာရစ်က အသာခင်း ပေးလိုက်ရာ ဧရိယာ ညာထောင့်မှ ဗလန်စီယာက ခပ်ပြင်းပြင်း ထောင့်ဖြတ်ဘော ကန်သွင်းသွားခြင်းဖြစ်သည်။
ယခုပွဲတွင် ၀ီဂန်ရော၊ မန်ယူပါ ပင်နယ်တီ ရသင့်သည့် အနေအထား အချို့ ရှိခဲ့သော်လည်း တောက်လျှောက် ငြင်းပယ်ခဲ့သည့် ဒိုင်လူကြီးက (၇၇)မိနစ်တွင် မန်ယူကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့သည်။ ဂိုးဧရိယာထဲ ချိုးဝင်လာသော ပါ့ခ်ကို ပင်နယ်တီဧရိယာ စည်းပေါ်တည့်တည့်တွင် အယ်လ်ကာရက်ဇ်က ခပ်ကြမ်းကြမ်း တားဆီးခဲ့ရာ ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ထိုပင်နယ်တီကို ဘာဘာတော့ဗ်က အသာအယာ ကန်သွင်းကာ ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက် န၀မမြောက် Hat-Trick ဘွဲ့ကို ခံယူနိုင်ခဲ့သည်။ ပြီးခဲ့သည့် လီဗာပူးလ်နှင့် ပွဲစဉ်တွင် ချာလီအဒမ်၏ ပင်နယ်တီကို လက်စွမ်းပြ ကာကွယ်ခဲ့သော အယ်လ်ဟက်ဘ်ဆီမှာ ဘာဘာတော့ဗ်၏ ကန်ချက်ကိုမူ လမ်းကြောင်း တွက်ချက်ပုံ လွဲမှားခဲ့ပြီး မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် မန်ယူက ပွဲကို ထိန်းကစားပြီး ပရီးမီးယားလိဂ်တွင် (၂)ပွဲဆက် (၅-၀)အနိုင်ရလဒ်ကို ရယူခဲ့သည်။ တစ်ဖက်တွင် မြို့ခံပြိုင်ဘက် မန်စီးတီးက ၀က်စ်ဘရွန်းဝစ်ခ်ျကို သရေကျခဲ့ရာ မန်ယူတို့အဖို့ အမှတ်တူ အနေအထားဖြင့် ဖိအားပေးခွင့် ရလာခဲ့ပြီ ဖြစ်သည်။ယခုနှစ် ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် ပွဲစဉ်အားလုံး ဂိုးသွင်း နိုင်ခဲ့သည့် မန်ချက်စတာ စီးတီး တိုက်စစ်သည် ၀က်စ်ဘရွန်း ကွင်းတွင် ဆွံ့အ သွားခဲ့ရသည်။
ယခုပွဲတွင် မန်စီးတီးသည် အိမ်ရှင် ၀က်စ်ဘရွန်းဝစ်ခ်ျ အပေါ် တိုက်စစ်ဆင် ကစား နိုင်ခဲ့သော်လည်း ဂိုးရရန်မူ ရုန်းကန်ခဲ့ရသည်။ (၂၄)မိနစ်တွင် တိုရေးနှင့် အဂူရိုတို့၏ တွဲလုံးမှ တစ်ဆင့် ဆေးလ်ဗား ဘောလုံး ရသွားသော်လည်း အဆုံးသတ်ပုံ လွဲချော်ပြီး ဂိုးဘားပေါ် ကျော်သွားသည်။ ပထမပိုင်းတွင် အပြန်အလှန် ကစားရင်း ဂိုးမသွင်း နိုင်ခဲ့သလို ယခင် ပွဲများတွင် ထက်မြက်ခဲ့သည့် မန်စီးတီး တိုက်စစ်မှာ ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ဇုန်ကို ဖောက်မထွက်နိုင်ခဲ့ပေ။ ဘာလော့တယ်လီနှင့် အဂူရိုတို့၏ တိုက်စစ်တွဲလုံးမှာလည်း အတန်ငယ် အချိတ်အဆက် လွဲချော်နေသဖြင့် ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ကြောင်းက ရှင်းထုတ်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မန်စီးတီးတို့ တိုက်စစ်ပိုမို ဖွင့်ကစား လာခဲ့ပြီး ၀က်စ်ဘရွန်းဝစ်ခ်ျကို ဖိအားပေးခဲ့သည်။ (၅၄)မိနစ်တွင် ဘယ်ခြမ်းမှ ဘာလော့တယ်လီ ထောင့်ဖြတ် ကန်တင်သလိုနှင့် ဂိုးထဲ လှမ်းကန်သော ဘောလုံး တိုင်ထိ ထွက်သွားခဲ့သည်။ (၅၇)မိနစ်တွင် ၀က်စ်ဘရွန်းဝစ်ခ်ျ တိုက်စစ်မှူး လောင်းအနေဖြင့် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ (၇၃)မိနစ်တွင် ဂျရိုမီသောမတ်စ်၏ အဝေးကန်ချက် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားသည်။ ပွဲပြီးခါနီး အချိန်များတွင် မန်စီးတီးတို့ အနိုင်ရရန် ဖိကစားခဲ့သော်လည်း ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ကြောင်း၏ စနစ်ကျသော ရှင်းလင်း ဖြတ်ထုတ်မှုများကြောင့် ဂိုးမသွင်းနိုင်ဘဲ အမှတ်ပေး ဇယားတွင် ရမှတ် အသာဖြင့် ဦးဆောင်မှုကို ဆုံးရှုံးခံလိုက်ရသည်။

မန်ယူ Vs ၀ီဂန်

မန်စီးတီးသရေတစ်မှတ်နှင့်ကျေနပ်လိုက်ရသည် boxing day
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူများ အနေနှင့် နာမည်ကျော် ပွဲကျပ်ကာလ Boxing Day တွင် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အမှတ်အသာ ရနေမှုမှာ ယခုပွဲ ဂိုးမရှိ သရေ ရလဒ်ကြောင့် ဆုံးရှုံးသွားပြီး ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံး နေရာမှမူ ဖယ်မပေးရသေးချေ။ ၀က်စ်ဘရွန်းဝစ်ခ်ျသည် ရှိန်းလောင်းနှင့် ပီတာအိုဒမ်ဝင်ဂီတို့ နှစ်ဦးကို ရှေ့တင်ကာ တိုက်စစ် ဆင်ခဲ့ပြီး ဘရက်ဒ်ဂျုံးစ်၊ နစ်ကီရှိုရေး၊ ပေါလ်ရှာနာ စသည့် အဓိက ကစားသမား များဖြင့် ပွဲထွက်လာခဲ့သည်။ မန်စီးတီးတွင်မူ တိုက်စစ်ကို မာရီယို ဘာလော့တယ်လီနှင့် ဆာဂျီယို အဂူရိုတို့ တွဲဖက် ပါဝင်ခဲ့ပြီး ဒေးဗစ်ဆေးလ်ဗား၊ ဆမ်မီနာဆရီ၊ ယာယာတိုရေး အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။

ဝက်စ်ဘရွန်းဝစ်ခ်ျ Vs မန်စီးတီး
ယခုပွဲတွင် မန်စီးတီးသည် အိမ်ရှင် ၀က်စ်ဘရွန်းဝစ်ခ်ျ အပေါ် တိုက်စစ်ဆင် ကစား နိုင်ခဲ့သော်လည်း ဂိုးရရန်မူ ရုန်းကန်ခဲ့ရသည်။ (၂၄)မိနစ်တွင် တိုရေးနှင့် အဂူရိုတို့၏ တွဲလုံးမှ တစ်ဆင့် ဆေးလ်ဗား ဘောလုံး ရသွားသော်လည်း အဆုံးသတ်ပုံ လွဲချော်ပြီး ဂိုးဘားပေါ် ကျော်သွားသည်။ ပထမပိုင်းတွင် အပြန်အလှန် ကစားရင်း ဂိုးမသွင်း နိုင်ခဲ့သလို ယခင် ပွဲများတွင် ထက်မြက်ခဲ့သည့် မန်စီးတီး တိုက်စစ်မှာ ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ဇုန်ကို ဖောက်မထွက်နိုင်ခဲ့ပေ။ ဘာလော့တယ်လီနှင့် အဂူရိုတို့၏ တိုက်စစ်တွဲလုံးမှာလည်း အတန်ငယ် အချိတ်အဆက် လွဲချော်နေသဖြင့် ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ကြောင်းက ရှင်းထုတ်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မန်စီးတီးတို့ တိုက်စစ်ပိုမို ဖွင့်ကစား လာခဲ့ပြီး ၀က်စ်ဘရွန်းဝစ်ခ်ျကို ဖိအားပေးခဲ့သည်။ (၅၄)မိနစ်တွင် ဘယ်ခြမ်းမှ ဘာလော့တယ်လီ ထောင့်ဖြတ် ကန်တင်သလိုနှင့် ဂိုးထဲ လှမ်းကန်သော ဘောလုံး တိုင်ထိ ထွက်သွားခဲ့သည်။ (၅၇)မိနစ်တွင် ၀က်စ်ဘရွန်းဝစ်ခ်ျ တိုက်စစ်မှူး လောင်းအနေဖြင့် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ (၇၃)မိနစ်တွင် ဂျရိုမီသောမတ်စ်၏ အဝေးကန်ချက် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားသည်။ ပွဲပြီးခါနီး အချိန်များတွင် မန်စီးတီးတို့ အနိုင်ရရန် ဖိကစားခဲ့သော်လည်း ၀က်စ်ဘရွန်းဝစ်ခ်ျ ခံစစ်ကြောင်း၏ စနစ်ကျသော ရှင်းလင်း ဖြတ်ထုတ်မှုများကြောင့် ဂိုးမသွင်းနိုင်ဘဲ အမှတ်ပေး ဇယားတွင် ရမှတ် အသာဖြင့် ဦးဆောင်မှုကို ဆုံးရှုံးခံလိုက်ရသည်။
No comments:
Post a Comment