welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Saturday, December 24, 2011

soccermyanmar မှ ပြန်လည်ဝေငှပါသည်

ခရစ္စမတ် အကြို ကာလတွင် လူမမာ ကလေးငယ်များထံ သွားရောက် တွေ့ဆုံခဲ့သည့် မန်ယူ အသင်းသားများ PDF Print E-mail
Written by Admin Team   
Saturday, 24 December 2011 13:36
Share |
ခရစ္စမတ်အကြို ကာလတွင် မန်ချက်စတာ ယူနိုက်တက် အသင်းသားများသည် လူမမာ ကလေးငယ်များ အတွက် မမေ့နိုင်စရာ လက်ဆောင်တစ်ခု ပေးအပ်ခဲ့ကြောင်း သိရသည်။
ပင်နယ်တီ ကန်ခွင့်ရလျင် ထပ်ကန်ရန် တွန့်ဆုတ်နေမည် မဟုတ်ဟု အဒမ်ပြောကြား PDF Print E-mail
Written by Admin Team   
Saturday, 24 December 2011 13:07
Share |
မိမိ အနေနှင့် နောက်တစ်ကြိမ် ပင်နယ်တီ ကန်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ချာလီအဒမ်က အခိုင်အမာ ပြောဆိုလိုက်သည်။

လီဗာပူးလ် အသင်း၏ စကော့တလန် လက်ရွေးစင် ကွင်းလယ် ကစားသမားက ၀ီဂန်နှင့် ပွဲတွင် ပင်နယ်တီ မ၀င်ခဲ့သော်လည်း ဧရိယာထဲမှ တည်ကန်ဘောများ အတွက် မိမိသည် ထိုကိစ္စကို ပြန်စဉ်းစားပြီး စိတ်စနောင့်စနင်း ဖြစ်နေမည် မဟုတ်ဟု ဆိုသည်။ လီဗာပူးလ်သည် ၀ီဂန်ကို အနိုင်ရရန် အကောင်းဆုံး အခွင့်အလမ်း ကြုံခဲ့သော်လည်း အဒမ်၏ ကန်ချက်ကို ဂိုးသမား အလီ အယ်လ်ဟက်ဘ်ဆီက ကာကွယ် သွားသည့်နောက် အဝေးကွင်းတွင် ဂိုးမရှိ သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ အဒမ်သည် ယခု ဘောလုံးရာသီ အတွင်း လီဗာပူးလ်၏ (၁၂)ကိုက်အကွာမှ ကန်သွင်း ခွင့်ရမှု (၅)ကြိမ်တွင် (၁)ကြိမ်တည်းသော ဂိုးကို ၀က်စ်ဘရွန်းဝစ်ခ်ျနှင့် ပွဲစဉ်တွင် သွင်းယူပေးခဲ့သူ ဖြစ်သည်။


သို့သော်လည်း ၀ီဂန်နှင့်ပွဲတွင် ပင်နယ်တီ မ၀င်ခဲ့သည့်နောက် လူးဝစ်ဆွာရက်ဇ်၊ ဒါ့ခ်ကောက်၊ အန်ဒီကာရိုးလ်တို့နှင့်အတူ ပင်နယ်တီ လွဲသူ နောက်တိုး လီဗာပူးလ် ကစားသမား စာရင်း၌ အဒမ်လည်း ပါဝင်လာခဲ့သည်။ “ကျွန်တော်ဟာ စင်းလုံးချော ပင်နယ်တီ အကန်ကောင်းသူ တစ်ယောက်လို့ မထင်ပါဘူး။ နောက်ပြီး ဂိုးသမား ကာကွယ်သွားနိုင်တဲ့ အတွက် ဂိုးမ၀င်တာကို စိတ်ပျက်မိပါတယ်။ ဒီအတွက်တော့ ကျွန်တော် ယုံကြည်မှု ကျမသွားပါဘူး။ နောက်ထပ် ပင်နယ်တီ ကန်ခွင့်ရရင် ကျွန်တော်ကန်ဖို့ အသင့်ပါပဲ” ဟု အဒမ်က ပြောဆိုသွားသည်။

ယခု ရာသီတွင် လီဗာပူးလ်တို့ ဂိုးပေါက်သို့ ကန်သွင်းတိုင်း ကံဆိုးမှုများ ကြုံရခြင်းတွင် ပင်နယ်တီ ကန်ချက်များသာ လွဲချော်နေခြင်း မဟုတ်ပေ။ လီဗာပူးလ်သည် ပရီးမီးယားလိဂ် (၁၇)ပွဲတွင် ဂိုး(၂၀)သာ သွင်းယူ နိုင်ခဲ့သော်လည်း တိုင်ထိသည့် (၁၆)ကြိမ်က အခွင့်အရေးများကို လက်မ အနည်းငယ်မျှဖြင့် အဆုံးရှုံး ခံလိုက်ရစေခဲ့သည်

No comments:

Post a Comment