FA ရှုံးထွက်ဖလား တတိယ အဆင့် ပွဲစဉ်များ ထွက်ပေါ်လာချိန်တွင် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် မန်ချက်စတာ မြို့ခံ ဘီလူးကြီး နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေသည်ကို တွေ့ရသည်။
တနင်္ဂနွေနေ့က ပွဲစဉ် ဇယားများ ထုတ်ပြန် ကြေညာလိုက်ရာ မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီးတို့ ထိပ်တိုက် တွေ့ဆုံလျက် ရှိသည်။ ထိုနှစ်သင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ကြိုးစားနေပြီး ယခု ရာသီအတွင်း (၂)ကြိမ် တွေ့ဆုံထားသည်။ ကွန်မြူနတီဒိုင်းတွင် မန်ယူက မန်စီးတီးကို (၂-၃)ဖြင့် အနိုင် ရရှိ ထားသော်လည်း အိုးလ်ထရက်ဖို့ဒ်တွင် ကစားသည့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (၁-၆)ဖြင့် ပြန်လည် အရေး နိမ့်ထားခဲ့သည်။ ယခု ပွဲစဉ်ကို အစ်တီဟတ်တွင် ကစားရမည် ဖြစ်သည်။ မန်စီးတီးသည် ပြီးခဲ့သည့် ဘောလုံး ရာသီက အကြို ဗိုလ်လုပွဲတွင် မန်ယူကို ယာယာတိုရေး၏ သွင်းဂိုးဖြင့် အနိုင် ရခဲ့သလို လက်ရှိ ချန်ပီယံ အဖြစ် FA ဖလားကို ကာကွယ်ရမည် ဖြစ်သည်။ဘလက်ဘန်းရိုဗာသည် နယူးကာဆယ်လ် ယူနိုက်တက် အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး တော့တင်ဟမ် ဟော့စပါးမှာ ချယ်လ်တန်ဟမ်အား အိမ်ကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပွဲချောင်နေသည်။ အာဆင်နယ်မှာ တစ်ချိန်က နာမည်ကြီး ဖြစ်ခဲ့သော လိဒ်စ်ယူနိုက်တက်အား အမ်းမရိတ်စ်တွင် ဧည့်ခံမည် ဖြစ်သည်။ လီဗာပူးလ်ကမူ ဆောက်သမ်းနှင့် အိုးလ်ဟမ်တို့ အနက် အနိုင် ရလာမည့် အသင်းကို အန်ဖီးလ်တွင် စောင့်ကြိုနေပြီး ချယ်လ်ဆီးက ပို့စ်မောက်သ်နှင့် တွေ့ဆုံမည်ဖြစ်သည်။ FAဖလား တတိယ အဆင့် ပွဲစဉ်များကို အတည်ပြု ထုတ်ပြန်ချိန်တွင် မန်ယူ ခံစစ်မှူး ရီယိုဖာဒီနန်က “FAဖလား တတိယအဆင့်ကို မန်စီးတီးနဲ့ တွေ့ရမှာတော့ တကယ်မိုက်တယ်။ ကျွန်တော်တော့ သူတို့နဲ့ ပြန်တွေ့ဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီ” ဟု Twitterတွင် မှတ်ချက်ပြု ရေးသား သွား
No comments:
Post a Comment