welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 27, 2011

soccermyanmar.com မှ ပြန်လည်ဝေမျှပါသည်။

 အပိုင်းအခွင့်အရေးများစွာကို ဖြုန်းတီးခဲ့တဲ့ ချယ်ဆီး

လန်ဒန် မြို့ခံပြိုင်ဘက် ဖူလ်ဟမ် အသင်းကို အိမ်ကွင်းတွင် သရေသာ ကစား နိုင်ခြင်းကြောင့် ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်တွင် (၃)ပွဲဆက် သရေကျသည့် စိတ်ပျက်ဖွယ် မှတ်တမ်းကို ပိုင်ဆိုင် ခဲ့ရသည်။

ချယ်လ်ဆီးသည် ဖာနန်ဒို တောရက်စ်ကို တိုက်စစ်မြားဦး တင်ကာ ဂျူအန်မာတာ၊ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့၏ ၀န်းရံမှုဖြင့် တိုက်စစ် ခင်းကျင်းခဲ့ပြီး ကွင်းလယ်တွင် ဖရန့်ခ်လမ်းပတ် ပွဲထွက်လာခဲ့သည်။ ပွဲမစမီက ကြံ့ခိုင်မှု မပြည့်ဝဟု နာမည် ထွက်နေသည့် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ် ၀င်ကစားခဲ့ပြီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီနှင့် တွဲဖက်ကာ ဗဟိုခံစစ်ကို တာဝန် ယူသွားသည်။ ဖူလ်ဟမ်ဘက်တွင် ဘရိုင်ယန်ရုဇ်၊ ဂျွန်အာနီ ရီဆီ၊ ခရစ်ဒမ့်ဆေးစသည့် ကစားသမားများ ပွဲထွက်ပါဝင်လာခဲ့သည်။
ချယ်လ်ဆီး Vs ဖူလ်ဟမ်

ချယ်လ်ဆီးသည် အိမ်ကွင်းတွင် အနိုင်ရရန် တိုက်စစ်ဖွင့် ကစားခဲ့သော်လည်း တိုက်စစ် ကစားသမားများ အထူးတလည် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ဖူလ်ဟမ်ကလည်း အကောင်းဆုံး တုံ့ပြန်နိုင်ရန် ကြိုးစားခဲ့သည်။ ဖူလ်ဟမ်ကွင်းလယ်တွင် ဒမ့်ဆေး ခြေပေါ်ခဲ့ပြီး ချယ်လ်ဆီး ဂိုးပေါက်ကို အဝေး ကန်ချက်များဖြင့် ခြိမ်းခြောက်ခဲ့သည်။ ယခုပွဲတွင် ဖူလ်ဟမ် ဂိုးသမား ဒေးဗစ် စတော့ဒေးလ် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ဟိုဆေး ဘော့ဆင်ဝါ၏ ဖြတ်တင်ဘောကို မာတာ ဂိုးသွင်းရန် ကြိုးစားသော်လည်း စတီဖင်ကယ်လီ ရှင်းထုတ်ခဲ့သဖြင့် ချယ်လ်ဆီးတို့ အပိုင် အခွင့်အရေး တစ်ခု ဆုံးရှုံးခဲ့သည်။ ဖူလ္ဟမ္ဘက္မွ မူဆာဒမ္ဘီလီ၊ ကယ်လီတို့ ထိုးဖောက်ခဲ့သလို  ချယ်လ်ဆီးဘက်မှ စတားရစ်ဂ်ျ ဦးဆောင်သော ထိုးစစ်ဆင်မှုများလည်း မအောင်မြင်သဖြင့် ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေခဲ့သည်။

ဒုတိယပိုင်း ပြန်စပြီး (၂)မိနစ်တွင် ချယ်လ်ဆီးတို့ အဖွင့်ဂိုး ရရှိသွားသည်။ ဘယ်ခြမ်းမှ ထိုးဖောက်လာသည့် ဘောလုံးကို ဧရိယာထဲရှိ တောရက်စ် ရသွားပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ပြန်ထွက်လာရာ မာတာက အလစ်ကန်သွင်းပြီး ဂိုးရသွားခဲ့သည်။ ဂိုးတိုင်ညာဘက် အောက်ထောင့်ထဲ ၀င်သွားသော ဘောလုံးကို စတော့ဒေးလ် မည်သို့မျှ မတားဆီးနိုင်ခဲ့ချေ။ ချယ်လ်ဆီးသည် ဂိုးရသွားပြီးနောက် ခြေစွမ်းပိုင်း အသာ ရနေမှုကို ထိန်းကစားရန် ဦးတည်ခဲ့ပြီး ဖူလ်ဟမ်ကလည်း ချေပဂိုး သွင်းနိုင်ရန် ကြိုးစားလာသည်။ (၅၆)မိနစ်တွင် ဖူလ်ဟမ်တို့ ဂိုးပြန်သွင်းသွားသည်။ ညာခြမ်းမှ ပေးပို့သော ဘောလုံးကို ဒမ့်ဆေးက ဂိုးသမား ပီတာဆက်ခ်ျနှင့် အနီးကပ် အနေအထားမှ ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ (၁)ဂိုးစီ သရေ ကျပြီးနောက် ချယ်လ်ဆီးတို့ ပိုမိုအားထည့် ရုန်းကန်လာပြီး အနိုင် ဂိုးရရန် ကြိုးစားခဲ့သည်။

ယခုပွဲတွင် ပွဲထွက်နေရာ ရလာသော တောရက်စ်သည် ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ဖူလ်ဟမ် ခံစစ်ဇုန်၏ Markingပိုင်းကို မကျော်နိုင်ခဲ့ပေ။ နောက်ပိုင်းတွင် ချယ်လ်ဆီးက အခွင့်အရေးများ ပိုမိုရရှိခဲ့ပြီး စတော့ဒေးလ်၏ စွမ်းစွမ်းတမံ ကာကွယ်ပုံများကြောင့် ဂိုးမရဘဲ ဖြစ်နေခဲ့သည်။ ချယ်လ်ဆီးသည် ဒီဒီရာ ဒရော့ဂ်ဘာကိုပါ ထည့်သွင်းပြီး တိုက်စစ်မြှင့်တင် ကစားခဲ့သော်လည်း စတော့ဒေးလ်၏ အကောင်းဆုံးပုံစံ ရနေမှုကို မဖြိုခွင်းနိုင်ခဲ့ပေ။ မိနစ်(၈၀) နောက်ပိုင်းတွင် ဖလော်ရင့် မာလူဒါ၊ ရောလ်မီရာလက်စ်တို့၏ တိုက်စစ် ဆင်မှုများကို စတော့ဒေးလ်က မယုံနိုင်လောက်စရာ ကာကွယ်မှုများဖြင့် တားဆီး သွားခဲ့သည်။ မိနစ်(၉၀)တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် ဖူလ်ဟမ်အသင်း ဂိုးရလုလု ဖြစ်ခဲ့သေးသော်လည်း ပက်ဂ်ျတင်မ် ကာဆာမီ၏ ကန်ချက် ဂိုးသမား တည့်တည့် ရောက်သွားသည်။ ထို့နောက် ဒရော့ဂ်ဘာ၏ ကန်ချက်ကိုလည်း စတော့ဒေးလ် ပုတ်ထုတ် ကာကွယ် ခဲ့ပြန်သည့်နောက် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် သရေ(၁)မှတ်ဖြင့်သာ ရောင့်ရဲခဲ့ရသည်။

No comments:

Post a Comment