welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Friday, December 23, 2011

premier league news

ပထမပိုင်း သွင်းဂိုးတွေနဲ့ သရေ ကျခဲ့တဲ့ လန်ဒန်ဒါဘီ ~ တော့တင်ဟမ် ဟော့စပါး ၁ - ၁ ချယ်လ်ဆီး PDF Print E-mail
Written by Admin Team   
Friday, 23 December 2011 09:39
Share |
ဝှိုက်ဟတ်လိန်းတွင် လန်ဒန် ကလပ်နှစ်သင်း တွေ့ဆုံမှု အတွင်း တော့တင်ဟမ် ဟော့စပါးနှင့် ချယ်လ်ဆီးတို့သည် ပထမပိုင်း သွင်းဂိုးများဖြင့် သရေ ကျသွားခဲ့သည်။

စပါး အသင်းတွင် ဒဏ်ရာကြောင့် နားနေခဲ့ရသူ ဂါရတ်ဘေးလ် ပြန်လည် ပါဝင်လာပြီး ခြေစွမ်း ပြခဲ့သလို အီမန်နျူရယ်လ် အဒီဘာယော၊ လူကာမိုဒရစ်၊ စကော့ပါကား၊ ရာဖေးလ် ဗန်ဒါဗတ်တို့နှင့် လူစုံတက်စုံ ပွဲထွက်လာသည်။ သို့သော်လည်း အေရွန်လင်နွန် မကစားနိုင်ဘဲ ဘရာဇီးလ် ကွင်းလယ်လူ ဆန်ဒရို ၀င်ကစားခဲ့သည်။ ချယ်လ်ဆီးဘက်တွင် ဒီဒီရာ ဒရော့ဂ်ဘာကို ရှေ့တင်ကာ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ဂျူအန်မာတာ၊ ရောလ်မီရာလက်စ်တို့ ပွဲထွက်လာသည်။ အသင်းခေါင်းဆောင် အဖြစ် ဂျွန်တယ်ရီကပင် ဦးဆောင် ခဲ့သော်လည်း ၀ါရင့် ကွင်းလယ်လူ ဖရန့်ခ်လမ်းပတ်ကို အရန် ခုံတွင်သာ တွေ့ရသည်။
စပါး Vs ချယ်လ်ဆီး

ပွဲအစပိုင်းတွင် စပါးက ကစားကွက် အသာစီး ရပြီး ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ချယ်လ်ဆီးကလည်း ပွဲကို တည်တည်ငြိမ်ငြိမ် တုံ့ပြန် လာနိုင်ခဲ့သည်ကို တွေ့ရသည်။ ပွဲစပြီး (၈)မိနစ်တွင် စပါးတို့ အဖွင့်ဂိုး ရသွားသည်။ ဘယ်ခြမ်းမှ ဘေးလ်က ဘောလုံး ဆွဲပြေးပြီး အနိမ့်ဘော ဖြတ်ပို့လိုက်ရာ ဂိုးသမား ပီတာဆက်ခ်ျ ဆွဲဖမ်းရန် ကြိုးစား ခဲ့သော်လည်း အဒီဘာယောက အနီးကပ် ကန်သွင်းသွားသည်။ ယင်းဘောလုံးကို တယ်ရီနှင့် ဆက်ခ်ျတို့ ပူးပေါင်း တားဆီးရန် အားထုတ် ခဲ့သော်လည်း ဆက်ခ်ျ၏ ဂိုးဖမ်းပုံ အမှားကြောင့် ဂိုးပေး လိုက်ရခြင်း ဖြစ်သည်။ (၂၁)မိနစ်တွင် ချယ်လ်ဆီးတို့ ချေပဂိုး ပြန်သွင်းသည်။ ဘယ်ခြမ်းမှ အက်ရှ်လေကိုးလ် ဖြတ်တင်ပေးသော ဘောလုံးကို Marking လွတ်နေသည့် စတားရစ်ဂ်ျက အသာအယာ ပိတ်သွင်းသွားခြင်းဖြစ်သည်။ ပြီးခဲ့သည့် ပွဲစဉ်က ၀ီဂန်နှင့် တစ်ဂိုးစီ သရေကျစဉ်ကလည်း ကိုးလ်ကဖန်တီးပေးပြီး စတားရစ်ဂ်ျကပင် ဂိုးသွင်းခဲ့ခြင်းဖြစ်သည်။ စပါးအသင်းသားများက ကိုးလ်၏လက်ကို ဘောလုံးထိကြောင်း အရေးဆိုခဲ့သည့်တိုင် ဒိုင်က ဂိုးပေးခဲ့သည်။

ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး အပြန်အလှန် အမှားစောင့် ကစားကာ ဂိုးထပ်သွင်းရန် ကြိုးပမ်းခဲ့ကြသည်။ (၅၃)မိနစ်တွင် ရာမီရက်စ်နှင့် ဒရော့ဂ်ဘာတို့ ပူးပေါင်း တိုက်စစ်ဆင်မှုကို အမေရိကန် ဂိုးသမားကြီး ဘရက်ဒ်ဖရီဒယ်လ် ကာကွယ်ခဲ့သည်။ ယခုပွဲတွင် နှစ်ဘက် အသင်းမှ ဂိုးသွင်းခဲ့သူများ ဖြစ်သည့် စတားရစ်ဂ်ျနှင့် အဒီဘာယောတို့ နှစ်ဦးလုံး ခြေစွမ်းပြနိုင်ပြီး ပြိုင်ဘက် ခံစစ်ကြောင်းများကို ခြိမ်းခြောက် နိုင်ခဲ့သည်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်တွင် တယ်ရီ၏ အကောင်းဆုံး ဖျက်ထုတ် ကာကွယ်မှုကြောင့် ချယ်လ်ဆီးတို့ သက်သာရာရခဲ့သည်။ အဒီဘာယောက ထိုးဖောက်လာပြီး ကန်သွင်းသည့် ဘောလုံးကို ချယ်လ်ဆီး အသင်းခေါင်းဆောင်က သေချာပေါက် ဂိုးပေး ရတော့မည့် အနေအထားမှ ငြင်းပယ်တားဆီးသွားခဲ့သောကြောင့် ပွဲအပြီးတွင် ချယ်လ်ဆီးတို့ အဝေးကွင်း အဖိုးတန် သရေ အမှတ်ကို ရယူနိုင်ခဲ့သည်။
ကာဟေးလ် အပြောင်းအရွှေ့ အတွက် ဘော်လ်တန်နှင့် ချယ်လ်ဆီး စတင် ဆွေးနွေးနေ PDF Print E-mail
Written by Admin Team   
Saturday, 24 December 2011 10:08
Share |
ချယ်လ်ဆီး အသင်းသည် ဂယ်ရီ ကာဟေးလ်ကို ခေါ်ယူရန် အတွက် ဘော်လ်တန် အသင်းနှင့် ဆွေးနွေးမှုများ စတင် ပြုလုပ်နေပြီ ဖြစ်သည်။

ကာဟေးလ်သည် ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်၏ နွေရာသီ ပစ်မှတ် ဖြစ်ခဲ့သော်လည်း ဘော်လ်တန်၏ ခေါ်ဈေး မြင့်မားမှုကြောင့် အရောင်းအ၀ယ် မဖြစ်မြောက်ခဲ့ပေ။ ယခုအခါ ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကာဟေးလ်ကို ချယ်လ်ဆီးက ဇန်န၀ါရီတွင် လျှော့ဈေးဖြင့် ခေါ်ယူရန် စတင် လုပ်ဆောင်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဘော်လ်တန် အသင်း မန်နေဂျာ အိုဝင်ကွိုင်လီကလည်း မိမိတို့သည် ချယ်လ်ဆီးနှင့် ဆွေးနွေးမှုများ စတင် နေပြီဟု ၀န်ခံခဲ့သည်။
ချယ်လ်ဆီးမှ ခေါ်ယူဖွယ် ရှိနေသည့် ကာဟေးလ်

“ကာဟေးလ် အတွက် ကျွန်တော်တို့ အသင်းနဲ့ ချယ်လ်ဆီးကြားမှာ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ သူဟာ ထိပ်တန်း ကစားသမားကောင်း တစ်ယောက်ဖြစ်ပြီး လက်ရှိမှာ ဘော်လ်တန်အတွက် အပြည့်အ၀ အာရုံစိုက် ကစား ပေးနေပါတယ်။ ဒါပေမဲ့ သူ့ကို အသင်းတွေ အများကြီးက စိတ်ဝင်စားနေပါပြီ။ ကျွန်တော် ဒါကို မအံ့ဩပါဘူး။ တစ်နေ့နေ့မှာ ကာဟေးလ်ဟာ တခြား အသင်းတစ်ခုခု အတွက် ကစားပေးမယ်လို့ ကျွန်တော် တွေးထားပြီးသားပါ။ တကယ်လည်း ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး သူ့မှာရှိပါတယ်” ဟု ကွိုင်လီက ပြောကြားသွားသည်။

ဘိုအာ့စ်သည် ယခု သီတင်းပတ် အစောပိုင်းကတည်းက မိမိတို့သည် ကာဟေးလ်ကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း အတည် ပြုခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဗဟို ခံစစ်မှူး၏ ပေါက်ဈေးသည် ပေါင်စတာလင် (၇)သန်းမျှ ရှိနိုင်ကြောင်းလည်း သိရသည

No comments:

Post a Comment