welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 13, 2011

မန်စီတီးအသင်းရဲ့နိုင်ပွဲဆက်မှုကို ချယ်လ်ဆီးရပ်တန့်

မန်စီးတီးကို ပထမဆုံး ရှုံးပွဲ ကြုံစေခဲ့သည့် ချယ်လ်ဆီး ~ ချယ်လ်ဆီး ၂ - ၁ မန်ချက်စတာ စီးတီး PDF Print E-mail
Written by Admin Team   
Tuesday, 13 December 2011 09:22
Share |
ယခုနှစ် ဘောလုံးရာသီ တစ်လျှောက်လုံး ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိ ခြေစွာနေသည့် မန်ချက်စတာ စီးတီး အသင်းသည် ဖရန့်ခ် လမ်းပတ်၏ ပင်နယ်တီ ကန်ချက်နှင့် အတူ စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ပထမဆုံး အရှုံး အရသာကို ရင်ဆိုင် သွားရပြီဖြစ်သည်။

ချယ်လ်ဆီးသည် ယခုပွဲတွင် ရလဒ် ကောင်းမွန်စေရန် အတွက် အကောင်းဆုံး လူစာရင်းဖြင့် ပွဲထွက်လာပြီး တိုက်စစ်တွင် ဒီဒီရာ ဒရော့ဂ်ဘာ ဦးဆောင်ကာ ဂျူအန်မာတာ၊ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ ပါဝင်လာသည်။ ကွင်းလယ်တွင် လမ်းပတ်ကို ပွဲအစပိုင်းက မသုံးသေးဘဲ ရောလ်မီရာလက်စ်၊ ရာမီရက်စ်တို့က အိုရီရော်လ် ရိုမီယူနှင့် တွဲကစားခဲ့သည်။ စပိန်လူငယ် ရိုမီယူ ယခုပွဲတွင် ခြေစွမ်း ပြနိုင်ခဲ့သလို မန်စီးတီး အားသန်သော ကွင်းလယ် တိုက်စစ်ကို ထိထိရောက်ရောက် ဟန့်တား သွားခဲ့သည်။ မန်စီးတီးဘက်တွင် မာရီယို ဘာလော့တယ်လီကို ရှေ့တင်ကာ ဆာဂျီယို အဂူရိုက ကွင်းလယ်နှင့် ချိတ်ဆက် ကစားခဲ့သည်။ ကွင်းလယ်တွင် ယာယာတိုရေး၊ ဒေးဗစ်ဆေးလ်ဗားစသည့် အဓိက ကစားသမားများ ပါဝင်ခဲ့ပြီး ဆမ်မီနာဆရီမှာမူ အရန်ခုံတွင်သာ ရှိနေခဲ့သည်။
အောင်ပွဲခံနေကြသည့် ချယ်လ်ဆီး အသင်းသားများ

ပွဲစကတည်းက မန်စီးတီးက ချယ်လ်ဆီးကို ဖိကစားပြီး အိမ်ရှင်တို့ ရုန်းကန်ခဲ့ရသည်။ ထို့အပြင် အထနှေးသော ချယ်လ်ဆီးတို့ (၂)မိနစ် အတွင်း ဂိုးပေးလိုက်ရသည်။ အဂူရို ကွင်းလယ်မှ ဖန်တီး ပေးပို့သော ဘောလုံးကို ဘာလော့တယ်လီက ဆွဲပြေးပြီး ကန်သွင်းကာ မန်စီးတီးတို့ ဦးဆောင်သည်။ ယင်းသည် ဘာလော့တယ်လီ၏ ပရီးမီးယားလိဂ် (၁၀)ပွဲတွင် (၈)ဂိုးမြောက်လည်း ဖြစ်လာခဲ့သည်။ မထင်မှတ်ဘဲ နောက်မှ လိုက်ကစားရသည့် အတွက် ချယ်လ်ဆီးတို့ ကစားကွက် ပိုမို ယိမ်းယိုင်သွားပြီး မန်စီးတီးက ဆက်လက် ဖိအားပေးခဲ့သည်။ (၁၅)မိနစ်တွင် ဆေးလ်ဗားနှင့် ချယ်လ်ဆီးနောက်ခံလူ ဟိုဆေး ဘော့ဆင်ဝါနှင့် ထိမိပြီး ဆေးလ်ဗား လဲကျသွားသော်လည်း ဒိုင်လူကြီး မာ့ခ် ကလက်တန်ဘာ့ဂ်က ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် ချယ်လ်ဆီး ကစားကွက် ပိုမို တည်ငြိမ်လာပြီး ဒရော့ဂ်ဘာ ဦးဆောင်သော တိုက်စစ်က မန်စီးတီးဘက် ပြန်လည် ဖိအား ပေးလာနိုင်ခဲ့သည်။ (၃၄)မိနစ်တွင် ချယ်လ်ဆီးတို့ ချေပဂိုး ပြန်လည် ရရှိသွားသည်။ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပေးပို့သော ဘောလုံးကို စတားရစ်ဂ်ျက လက်ခံယူပြီးနောက် မန်စီးတီး နောက်ခံလူ ဂေးလ်ကလစ်ချီကို လှည့်စားကာ ဖန်တီးပေးလိုက်ပြီး ကွင်းလယ်လူ မီရာလက်စ်က (၈)ကိုက် အကွာမှ Volley ကန်သွင်းသွားသည်။ ထို့နောက် နှစ်ဖက်လုံး အပြန်အလှန် အမှားစောင့် ကစားရင်း ပထမပိုင်း အပြီးတွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေ ကျနေခဲ့သည်။

မန်စီးတီးသည် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် အသင်းပီပီ ချယ်လ်ဆီးကို အဝေးကွင်းတွင် ခြေစွမ်းပိုင်း အရ အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့သည်။ ချယ်လ်ဆီးဘက်မှ မာတာသည် တစ်ကိုယ်တော် လှည့်စား ထိုးဖောက်မှုများဖြင့် ဗင်းဆင့် ကွမ်ပနီ ဦးဆောင်သော ခံစစ်ကို ဒုက္ခ ပေးခဲ့သလို မန်စီးတီးတွင်လည်း ဘာလော့တယ်လီ ကြိုးစားကစားခဲ့သည်။ (၅၈)မိနစ်တွင် ပွဲကို အလှည့်အပြောင်းဖြစ်စေမည့် အခြင်းအရာ တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ရာမီရက်စ်ကို အဖျက်ကြမ်းသဖြင့် မန်စီးတီး နောက်ခံလူ ကလစ်ချီ အနီကတ် ထိပြီးနောက် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် လူအင်အား အသာစီး ရလာခဲ့သည်။

လမ်းပတ်၏ ပင်နယ်တီ ကန်သွင်းချက်

ထို့ကြောင့် ချယ်လ်ဆီးက တိုက်စစ်ကို ပိုမိုမြှင့်တင်လာခဲ့ပြီး မန်စီးတီးကလည်း အဂူရို အစား ကိုလိုတိုရေးကို ထည့်သွင်း ကစားကာ ခံစစ်ကို ပိုမို အားပြုလာခဲ့သည်။ မိနစ်(၇၀)ကျော်တွင် လမ်းပတ် လူစားဝင် ကစားပြီး မန်စီးတီးဘက်သို့ ပိုမိုတိုက်စစ်ဆင်လာနိုင်သည်။ (၈၂)မိနစ်တွင် ချယ်လ်ဆီးတို့ ပင်နယ်တီ ရရှိခဲ့သည်။ စတားရစ်ဂ်ျ ချိုးပေးလိုက်သော ဘောလုံးသည် မန်စီးတီး နောက်ခံလူ ဂျိုလီယန် လက်စ်ကော့၏ လက်နှင့် ထိမိပြီးနောက် ဒိုင်က ချယ်လ်ဆီးအား ပင်နယ်တီ ကန်ခွင့် ပေးခဲ့သည်။ ထိုပင်နယ်တီကို လမ်းပတ်က ဂိုးပေါက် အလယ်သို့ တည်တည်ငြိမ်ငြိမ် ကန်သွင်းပြီး မန်စီးတီး ဂိုးသမား ဂျိုးဟတ်က ဘယ်ဘက်သို့ ဒိုင်ဗင်ပစ် လိုက်သဖြင့် ဂိုးဝင် သွားခဲ့သည်။

ချယ်လ်ဆီးသည် အနိုင်ဂိုး ရခဲ့ပြီးနောက် ကစားအားကို အတန်ငယ် ထိန်းပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးရအောင် ဦးတည်ခဲ့သည်။ မန်စီးတီးတို့ တစ်ကျော့ပြန် တိုက်စစ်ဆင်ရန် ကြိုးစားသော်လည်း ချယ်လ်ဆီး၏ စနစ်ကျသော ခံစစ်ကို မကျော်နိုင်ခဲ့ပေ။ နောက်ဆုံးမိနစ်ပိုင်းတွင် အဝေး ကန်ချက်ဖြင့် ဒရော့ဂ်ဘာ ဂိုးရရန် ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ဘဲ ပွဲအပြီးတွင် ချယ်လ်ဆီးတို့ (၂-၁)ဖြင့်သာ အနိုင် ရရှိသွားခဲ့သည်။

No comments:

Post a Comment