မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် အသက် ၆၉ နှစ်တွင် နှလုံးရောဂါဖြင့် သေဆုံး အငယ်ဆုံးသား ကင်ဂျုံအွန်ကို ဆက်ခံသူအဖြစ် အာဏာရပါတီ ရွေးချယ် | ![]() | ![]() |
Wednesday, 21 December 2011 10:30 |
![]() ကင်ဂျုံအီလ် ရုပ်အလောင်းကို ဂါရ၀ပြုနေမှုကို မြောက်ကိုရီးယားရုပ်သံက ထုတ်လွှင့်ပြသစဉ် ''လမ်းညွှန်မှာကြားခရီးစဉ်'' ထွက်နေစဉ် ကင်သည် ရုပ်ပိုင်း၊ စိတ်ပိုင်း အကြီးအကျယ်ပင်ပန်းကာ ရထားပေါ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် (KNCA) သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ အသက် ၆၉ နှစ်ရှိ ကင်ဂျုံအီလ် သေဆုံးခဲ့ပြီးနောက် ၎င်း၏ အငယ်ဆုံးသား ကင်ဂျုံအွန်ကို ကင် ဂျုံအီလ် အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်ကြောင်း အာဏာရ အလုပ်သမားပါတီက ကြေညာခဲ့သည်။ ![]() ကင်ဂျုံအွန်ကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဉ် မိမိတို့သည် ကိုရီးယားဆိုရှယ်လစ်စနစ် ပိုမိုခိုင်မာစေရန်နှင့် တော်လှန်ရေးအောင်မြင်စေရန်အတွက် စစ်ရေးစွမ်းရည်ကို နည်းလမ်းကုန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း National Funeral Committee က ထုတ်ပြန်ခဲ့သည်။ ကင်ဂျုံအီလ် ကျန်းမာရေးဆိုးရွားမှုနှင့်ပတ်သက်၍ ပြီးခဲ့သောနှစ်များအတွင်း သတင်းများစွာထွက်ခဲ့သည်။ ယခုနှစ်ဆောင်းဦးရာသီတွင် ကင်ဂျုံအီလ်သည် တစ်နိုင်ငံလုံးသို့ ခရီးထွက်ခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာနများက ဖော်ပြခဲ့သည်။ ကင်ဂျုံအီလ်ဘ၀ အချက်အလက်အချို့ မြောက်ကိုရီးယား၏ ကာလရှည်ခေါင်းဆောင် ကင်ဂျုံအီလ်၏ ဘ၀ဇာတ်ကြောင်းမှာ ၎င်းသေဆုံးမှု ကဲ့သို့ အံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေပြီး အသေးစိတ်အချက်အလက်များမှာ သိရှိရန်ခက်ခဲသည်။ အောက်ပါအချက်အလက်များမှာ ၎င်းဘ၀၏ အဓိကအချက်အလက်အချို့ ဖြစ်သည်။
|
No comments:
Post a Comment