ခုတလော YouTube မှာ လူကြိုက်များနေတဲ့ မြန်မာသီချင်းဗီဒီယိုကလစ်လေး အကြောင်း မျှဝေချင်ပါတယ်။သီချင်းလေးနာမည်ကတော့ "မမကိုချစ်တယ်" တဲ့။ ကောင်လေးတယောက်က မမတယောက်ကို ချစ်မိတဲ့ အကြောင်း သီချင်းလေးပေါ့ဗျာ။ ဒီသီချင်းဗီဒီယို Mtv လေးကို ဖန်တီးထားတာဟာ သဘာဝ သိပ်ကျချင်မှကျမယ်။ ဒါပေမယ့် သာမန်ပုံစံခွက်ထဲက ခွဲထွက်ပြီး Contemporary အနုပညာသစ်အဖြစ် ဖန်တီးထားတာဖြစ်လို့ လူကြိုက်များနေတာ ဖြစ်ပါတယ်။ သီချင်းထဲမှာ သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်အရမ်းကောင်းပါတယ်။
တချို့ မမတွေကတော့ ဒီသီချင်းဗီဒီယိုကို ကြည့်ပြီးတော့ သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် ဒီသီချင်းမူဗီဟာ YouTube စာမျက်နှာပေါ် တက်လာပြီး ရက်ပိုင်းအတွင်းမှာတင် ဝင်ကြည့်သူပေါင်း သန်းနဲ့ချီသွားခဲ့တာကြောင့် Youtube ရဲ့ CEO အကြီးအကဲ Chad Hurley ကနေ ဒီသီချင်းဖန်တီးသူ Edo Vader (မြန်မာနိုင်ငံသား) ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း Bangkok post သတင်းစာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီသီချင်းကို ထိုင်းဒါရိုက်တာ တဦးနဲ့ ပူးပေါင်းကာ ထိုင်းသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့ရနံ့ ပါဝင်အောင် ကြိုးစားရိုက်ကူးထားတာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

သူငယ်ချင်းတို့ကို အများကြီးမညွှန်းချင်တော့ပါဘူး။ ကိုယ်တိုင်သာ ဝင်ကြည့်ပြီး ဝေဖန်သုံးသပ်ကြပါတော့ဗျား။
YouTube ကို ဒီနေရာမှာ ဝင်ကြည့်ပါ။
YouTube ဝင်မရတဲ့ ပြည်တွင်းက သူငယ်ချင်းတွေအနေနဲ့ facebook ဒီနေရာမှာ ဝင်ကြည့်နိုင်ကြပါတယ်။
No comments:
Post a Comment