welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, December 20, 2011

premier league

လူမျိုးရေး ခွဲခြားမှုကြောင့် ဆွာရက်ဇ်ကို FA က (၈)ပွဲပယ် ပြစ်ဒဏ်ချမှတ် PDF Print E-mail
Written by Admin Team   
Wednesday, 21 December 2011 09:15
Share |
လူမျိုးရေး ခွဲခြားမှု အတွက် လူးဝစ် ဆွာရက်ဇ်အား အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။

ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် အောက်တိုဘာလက မန်ချက်စတာ ယူနိုက်တက်နှင့် သရေကျသော ပွဲစဉ်တွင် ပြိုင်ဘက်နောက်ခံကစားသမား ပက်ထရစ် အီဗရာကို လူမျိုးရေး ခွဲခြား စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း FA၏ သီးခြား လွတ်လပ်သော စုံစမ်းရေး ကော်မတီက အတည် ပြုခဲ့သည်။ ထို့ကြောင့် ဆွာရက်ဇ်သည် (၈)ပွဲပယ် ပြစ်ဒဏ်အပြင် ဒဏ်ငွေ ပေါင်စတာလင် လေးသောင်းကိုပါ ပေးချေရမည် ဖြစ်သည်။ အီဗရာ၏ အသားအရောင်ကို ရည်ရွယ်ကာ နှိမ့်ချ ပြောဆိုခဲ့သည် ဆိုသော စွဲချက်အတွက် FA ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဆွာရက်ဇ်အား (၈)ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေတို့ တစ်ပေါင်း တစ်စည်းတည်း ချမှတ်ကြောင်း ဖော်ပြခဲ့သည်။
(၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည့် ဆွာရက်ဇ်

FA သည် လီဗာပူးလ်အား ဆွာရက်ဇ်အတွက် အယူခံဝင်ရန် (၂)ပတ် အချိန် ပေးထားပြီး ထိုအတောအတွင်း ဆွာရက်ဇ်အနေနှင့် အသင်းအတွက် ကစားခွင့် ရနေမည်ဖြစ်သည်။ လီဗာပူးလ် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်နှင့် အသင်း တာဝန်ရှိသူများက ဆွာရက် အနေဖြင့် အမှား မကျူးလွန်ခဲ့ဟု ယုံကြည်ကြောင်းနှင့် မိမိတို့သည် ဆွာရက်ဇ်ဘက်မှ ရပ်တည်ပြီး ဖြစ်နိုင်သမျှ အစွမ်းကုန် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ ဆွာရက်ဇ်သည် ဖူလ်ဟမ်နှင့်ပွဲတွင် ပြိုင်ဘက် ပရိသတ်များကို လက်ခလယ် ထောင်ပြခဲ့သည့် ကိစ္စ အတွက်လည်း FA ၏ သီးခြား စွဲချက်တင်မှု ခံထားရသည်။

FAသည် ဒီဇင်ဘာ (၁၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ဆွာရက်ဇ် အမှုကို ကြားနာမှု၊ အတည်ပြု စစ်ဆေးမှုများ ပြုလုပ်ကာ ဒီဇင်ဘာ (၂၀)ရက်နေ့တွင် ယခုပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်တွင် လီဗာပူးလ်ဘက်မှ ဆွာရက်ဇ်အတွက် အယူခံလွှာ တင်သွင်းမှု မရှိသေးကြောင်းလည်း သိရှိရသည်

No comments:

Post a Comment