welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, February 28, 2012

soccermyanmar.com

ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးသမား အချို့သည် အမျိုးသမီး ကြေးစား အဖော်များ သီးသန့် ထားရှိကာ ၎င်းတို့၏ ကာမဂုဏ် အာရုံ သာယာမှုကို ရှာဖွေလေ့ ရှိကြောင်း လူးဝစ်ဆာဟာက ဖွင့်ဟ ပြောကြားလိုက်သည်။

ဆောင်းရာသီ ဈေးကွက် ပိတ်ရက်တွင် အဲဗာတန်မှ ပြောင်းရွှေ့လာသည့် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူးက ၎င်းနှင့် ခင်မင် ရင်းနှီးသည့် ဘောလုံးသမားများ အနက် ကြေးစားအဖော် အမျိုးသမီးများကို ခေါ်ယူကာ လိင်ပိုင်းဆိုင်ရာ အာရုံကို ပျော်မြူး ခံစားပြီး ၎င်းတို့၏ သရုပ်မှန်ကို အများ မသိအောင် ဖုံးဖိ ထားသူများ ရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။ ပြင်သစ် လက်ရွေးစင် အဖြစ် တစ်ကျော့ပြန် ရွေးချယ် ခံထားရသည့် ဆာဟာသည် ၀ှိုက်ဟတ်လိန်းတွင် အောင်မြင်သော ကစားသမား ဘ၀ အစပိုင်းကို ရရှိပိုင်ဆိုင် ထားသူလည်း ဖြစ်သည်။
တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဆာဟာ

မန်ချက်စတာ ယူနိုက်တက်နှင့် ဖူလ်ဟမ် ကစားသမားဟောင်းက အမျိုးသမီး အချို့သည် ဘောလုံးသမားများကို ပစ်မှတ်ထား ချဉ်းကပ်တတ်ခြင်းကြောင့် ဘောလုံးသမားများက တိုက်ရိုက် ပတ်သက်ခြင်းထက် ကြေးစားများကို အသုံး ချလာခြင်းဟုလည်း ဆိုသည်။ “ဘောလုံးသမားတိုင်း တူတူချည်းပဲတော့ မဟုတ်ပါဘူး။ တချို့မှာ လိင်ကိစ္စကို စွဲစွဲလန်းလန်း ဖြစ်နေတဲ့ သဘာဝမျိုး ရှိတတ်ကြတယ်။ တချို့ကျတော့လည်း ကားတွေကို မက်မောကြတာမျိုးပေါ့။ ဒါပေမဲ့ ကိစ္စတိုင်း အတွက် အဆိုးမြင် ဆုံးဖြတ်လို့ မရပါဘူး။ ရိုးရိုးသားသား ပြောရရင် အမျိုးသမီးတွေကလည်း ကြီးမားတဲ့ သွေးဆောင်မှုတွေ ရှိတတ်ကြပါတယ်။ ငယ်ရွယ်တဲ့ ကစားသမားလေးတွေ အတွက် ဆိုရင် ဒါဟာ ချဉ်းကပ်လို့ ကောင်းတဲ့ ပျော့ကွက်ပဲလေ” ဟု ဆာဟာက သုံးသပ်ခဲ့သည်။

ကစားသမားတွေဟာ ထောင်ချောက်ထဲ အချိန်မရွေး ရောက်သွားနိုင်တယ်။ အလို တူခဲ့ပြီးမှ ငွေကြေးအတွက် သတင်းစာတွေကို ဖွင့်ပြောတဲ့ အမျိုးသမီးတွေလည်း ရှိနေတတ်ကြတယ်...
၎င်းက ဆက်လက်၍ “ကစားသမားတွေဟာ ထောင်ချောက်ထဲ အချိန်မရွေး ရောက်သွားနိုင်တယ်။ အလို တူခဲ့ပြီးမှ ငွေကြေးအတွက် သတင်းစာတွေကို ဖွင့်ပြောတဲ့ အမျိုးသမီးတွေလည်း ရှိနေတတ်ကြတယ်။ ဒီတော့ လူသိရှင်ကြား ပြဿနာတွေ ကြုံလာ တတ်တယ်လေ။ အဲဒီ အခြေအနေကို ကျော်ဖြတ်ဖို့ အတွက် သီးခြား အဖော် အမျိုးသမီးတွေ ထားဖို့အတွက် ဘောလုံးသမားတွေက ပိုပြီး အာရုံ ကျလာကြတာပါပဲ” ဟု ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ ကွင်းပြင်ပ လူနေမှု အကျင့်စရိုက် တစ်ခုကို ပြင်သစ် သတင်းစာ တစ်စောင်သို့ ဖွင့်ဟ ပြောဆိုသွားသည်။

ဆာဟာက ၎င်းရေးသားနေသည့် စာအုပ်အတွက် ဆရာဟောင်းဖြစ်သူ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်အား အင်တာ ဗျူးခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍လည်း “ကျွန်တော် စကားလုံးတိုင်းကို အရမ်း ဂရုတစိုက် ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို တွေ့တော့ ဆရာလို့ပဲ ဆက်ခေါ်ဖြစ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

No comments:

Post a Comment