welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 26, 2012

soccermyanamr.com

လီဗာပူးလ် အသင်းသည် ၀င်ဘလေတွင် ကျင်းပသည့် ကားလင်းဖလား ဗိုလ်လုပွဲတွင် ကားဒစ်ဖ်အား ခက်ခက်ခဲခဲ ကျော်ဖြတ် နိုင်ခဲ့ပြီးနောက် (၆)နှစ်အတွင်း ပထမဆုံး ဆုဖလား တစ်လုံးကို အောင်မြင်စွာ ကိုင်မြှောက် နိုင်ခဲ့ပြီ ဖြစ်သည်။

လီဗာပူးလ်သည် စတီဗင်ဂျရတ်၊ လူးဝစ်ဆွာရက်ဇ်နှင့် အင်ဒီကာရိုးလ်တို့ (၃)ယောက်တွဲ တိုက်စစ်ကို ပွဲထုတ်ခဲ့ပြီး ချာလီအဒမ်၊ စတီးဝပ်ဒေါင်းနင်း၊ ဂျော်ဒန်ဟန်ဒါဆင်၊ မာတင်စကာတယ်လ်၊ ဒန်နီရယ်လ်အဂ္ဂါ၊ ဂလင်းဂျွန်ဆင်၊ ဟိုဆေး အန်ရီကေးစသည့် ကစားသမား များဖြင့် အတောင့်တင်းဆုံး ခင်းကျင်း ပွဲထွက်လာခဲ့သည်။ ချန်ပီယံရှစ် ကလပ်အသင်း ကားဒစ်ဖ်တွင်မူ ကင်နီမီလာ၊ ရူဒီဂက်စ်တိဒ်၊ ဒွန်ကိုဝီ၊ အေရွန်ဂန်နာဆန်၊ ဘန်တာနာ၊ ဂျိုးမေဆန်၊ ပီတာဝှစ်တင်ဂမ် အစရှိသည့် ကစားသမားများ ပါဝင် လာကြသည်။
ကာလင်းဖလား ဗိုလ်လုပွဲတွင် အနိုင်ရခဲ့သည့် လီဗာပူးလ်

ပွဲအစ (၂)မိနစ်ကတည်းက လီဗာပူးလ် ညာနောက်ခံလူ ဂျွန်ဆင် တိုက်စစ်ထိ လိုက်ပါပြီး လှမ်းကန်သော ဘောလုံး တိုင်ထိ ထွက်သွားခဲ့သည်။ နှစ်ဖက်အသင်း ပရိသတ်များသည် အူလှိုက်သည်းလှိုက် ဆူညံစွာ အားပေးခဲ့ကြပြီး အသင်းငယ်လေး ကားဒစ်ဖ်မှာ လီဗာပူးလ်ကို စိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ကစား နေခဲ့သည်။ (၁၉)မိနစ်တွင် ကားဒစ်ဖ်က လီဗာပူးလ်ဘက်သို့ ဦးဆောင်ဂိုးကို သွင်းယူသည်။ မီလာ ထုတ်ပေးလိုက်သည့် ဘောလုံးကို မေဆင်က ဂိုးသမား ပီပီရေနာနှင့် တစ်ဦးချင်း အတွေ့၌ စပိန်သား၏ ခြေထောက်များကြားမှ အနိမ့် ကန်ထည့်သွားခြင်း ဖြစ်သည်။ (၃၂)မိနစ်တွင် ကားဒစ်ဖ်အသင်းမှ မာ့ခ်ဟတ်ဒ်ဆန်၏ အမှားမှတစ်ဆင့် အဒမ် ကန်ခွင့် ရသော်လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။ (၃၉)မိနစ်တွင် ဒေါင်းနင်းကာ ကားဒစ်ဖ်နောက်တန်းကို လှည့်စား ကျော်ဖြတ်ကာ ဖြတ်တင် ပေးပို့မှုကို ဟန်ဒါဆင်နှင့် ဂျရတ်တို့ အသုံး မချနိုင်ဘဲ ဖြစ်ခဲ့ရသည်။ (၄၄)မိနစ်တွင် ဂျရတ်၏ ပြစ်ဒဏ်ဘောကို အဂ္ဂါ ခေါင်းတိုက် ခဲ့သော်လည်း ဂိုးသမား တွမ်ဟီတန်ဆီသာ ရောက်သွားသည်။ ထို့နောက် ကားဒစ်ဖ်က (၁)ဂိုး အသာဖြင့် ပွဲကို ဦးဆောင်ရင်း ပထမပိုင်း ပြီးဆုံးသည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် လီဗာပူးလ်သည် ချေပ ဂိုးရရန် ပိုမို ရုန်းကန် ကြိုးစား လာခဲ့ပြီး မိနစ်(၆၀)တွင် အောင်မြင်မှု ရရှိခဲ့သည်။ ဒေါင်းနင်း ကန်တင် ပေးလိုက်သော ထောင့်ကန်ဘောကို ကာရိုးလ်က ခေါင်းတိုက်ရာ ဆွာရက်ဇ်က ထပ်ဆင့် ခေါင်းတိုက်ပြီး လမ်းကြောင်း လွှဲပေး လိုက်သော်လည်း တိုင်ထိ ထွက်သွားခဲ့ပြီး အဆိုပါ ဘောလုံးသည် လီဗာပူးလ် နောက်ခံလူ စကာတယ်လ် ရှေ့တည့်တည့် ရောက်သွားခြင်းကြောင့် ၎င်းက အပိုင်ပိတ်  သွင်းသွားခြင်း ဖြစ်သည်။ (၇၄)မိနစ်တွင် စကာတယ်လ်ကပင် နောက်ထပ်ဂိုး ရရန် ကန်သွင်းမှုကို ဟီတန် ကြိုးစား ကာကွယ် သွားခဲ့သည်။ (၈၃)မိနစ်တွင် ကားဒစ်ဖ်မှ တာနာ အပိုင် ခေါင်းတိုက်ခွင့် တစ်ကြိမ် ရသော်လည်း လွဲချော်ခဲ့ပြန်သည်။ (၈၆)မိနစ်တွင် ဆွာရက်ဇ် ချပေးသော ဘောလုံးကို အဒမ် ကန်သွင်းသော်လည်း ဟီတန် ဖမ်းမိခဲ့သည်။ (၈၈)မိနစ်တွင် ပြစ်ဒဏ်ဘောကို အမြန်ကန်ကာ ကားဒစ်ဖ်တို့ ထိုးဖောက် လာခဲ့သော်လည်း ဂိုးနှင့် (၈)ကိုက်အကွာမှ ဘောလုံးကို မီလာ ဖြုန်းတီး ပစ်ခဲ့သည်။ ထို့နောက် နှစ်သင်းလုံး ဂိုးမသွင်းနိုင်သဖြင့် အချိန်ပို ဆက်ကစား ခဲ့ရသည်။

အချိန်ပို အစောပိုင်း မိနစ်များတွင် ဆွာရက်ဇ်၏ အားထုတ်မှု နှစ်ကြိမ်ကို ကားဒစ်ဖ် ခံစစ်ကြောင်းက ကြိုးစား ခုခံခဲ့ကြရသည်။ (၁၀၃)မိနစ်တွင် ဒေါင်းနင်း၏ ထောင့်ကန်ဘောကို ကာရိုးလ် ခေါင်းတိုက်ချက် ဂိုးပေါက် လွဲသွားသည်။ (၁၀၅)မိနစ်တွင် လီဗာပူးလ်၏ လူစားဝင် တိုက်စစ်မှူး ကရိတ်ဂ်ျဘယ်လာမီ၏ အဆုံးသတ်ခွင့်ကို ကားဒစ်ဖ်ခံစစ်က ပိတ်ဆို့နိုင်ခဲ့သည်။ (၁၀၈)မိနစ်တွင်မူ လီဗာပူးလ်တို့ ဦးဆောင်ဂိုး ရသွားသည်။ ဒါ့ခ်ကောက် ဘောလုံး ဆွဲယူလာပြီး ဂိုးရှေ့သို့ ဖြတ်ပို့သည်ကို ကားဒစ်ဖ် ခံစစ်သမားများက ဖျက်ထုတ်ရာ ကောက်ဆီပင် ပြန်ရောက်သွားသဖြင့် ၎င်း၏ ဂိုးတိုင် အောက်ခြေသို့ အနိမ့် ကန်ထည့်သွားခြင်းဖြစ်သည်။ သို့သော် အချိန်ပို ပြီးဆုံးရန် (၂)မိနစ် အလိုတွင် ကားဒစ်ဖ်က ချေပဂိုး ပြန်သွင်းသည်။ ဂန်နာဆန် ကန်တင်ပေးလိုက်သော ထောင့်ကန်ဘောကို တာနာက ကောက်ကို Powerပိုင်း အသာစီး ယူကာ လက်ခံ ရယူပြီး ရေနာ၏ ခြေထောက်ကြားမှ အနီးကပ် သွင်းယူသွားခြင်း ဖြစ်သည်။

မီလာ ထုတ်ပေးလိုက်သည့် ဘောလုံးကို မေဆင်က ဂိုးသမား ပီပီရေနာနှင့် တစ်ဦးချင်းအတွေ့၌ စပိန်သား၏ ခြေထောက်များကြားမှ အနိမ့်ကန်ထည့်သွား...
အချိန်ပို အပြီးတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ လီဗာပူးလ်ဘက်မှ ဂျရတ်နှင့် အဒမ်တို့ ဂိုးမ၀င်ခဲ့ဘဲ ကောက်၊ ဒေါင်းနင်းနှင့် ဂျွန်ဆင်တို့က ဂိုးဝင်အောင် ကန်နိုင်ခဲ့သည်။ ကားဒစ်ဖ်ဘက်မှမူ မီလာနှင့် ဂက်စ်တိဒ်တို့ ဂိုးမ၀င်ခဲ့ဘဲ ကိုဝီနှင့် ၀ှစ်တင်ဂမ်တို့သာ ဂိုးသွင်းနိုင်ခဲ့သည်။ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီကိုမူ ကားဒစ်၏ အန်သိုနီ ဂျရတ် (လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်၏ ၀မ်းကွဲညီ) ကန်သွင်းရာ ဂိုးဘေးသို့ ထွက်သွားခဲ့သဖြင့် လီဗာပူးလ်တို့ အောင်ပွဲ ခံနိုင်ခဲ့သည်။ လီဗာပူးလ်သည် ယခု ကားလင်းဖလားကို ရရှိသွားခြင်းကြောင့် လိဂ်ဖလားများကို အကြိမ် အများဆုံး ရယူထားသည် ဆိုသော ဂုဏ်ပုဒ်ကို ဆက်ထိန်းကာ အသင်းအတွက် အဋ္ဌမမြောက် ကားလင်း ဖလားကို ဆွတ်ခူးသွားခြင်း ဖြစ်သည်။

No comments:

Post a Comment