man-u news
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒရက်စ် လင်ဒီဂါ့ဒ် တစ်ယောက် ကံဆိုးမှုများ ဆက်တိုက် ကြုံနေရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ပွဲထွက် ဂိုးသမား နေရာကို သိမ်းယူနိုင်မည့် အခွင့်အခါကောင်းများ ကြုံနေချိန်တွင် ဒဏ်ရာ ရသဖြင့် အနား ယူနေရသော ဒိန်းမတ် လက်ရွေးစင်သည် ကားရပ်ခွင့် မရှိသည့် နေရာတွင် ရပ်ထားမိသဖြင့် Jaguar ကားကို သိမ်းယူသွားခြင်း ခံခဲ့ရသည်။ အသက်(၂၇)နှစ်ရှိ လင်ဒီဂါ့ဒ်သည် ဗုဒ္ဓဟူးနေ့က မန်ချက်စတာမြို့ရှိ အီတလီ စားသောက်ဆိုင် တစ်ခုတွင် သူငယ်ချင်း တစ်ဦးနှင့် အတူ စားသောက်နေစဉ် ၎င်း၏ ဇိမ်ခံကားကို ဆိုင်ပြင်ပတွင် ရပ်ထားခဲ့သည်။ သူငယ်ချင်းဖြစ်သူနှင့် စကား ပြောနေစဉ် မန်ယူ ပရိသတ် တစ်ဦးက လင်ဒီဂါ့ဒ်အား ဆိုင်ပြင်ပရှိ မြင်ကွင်းကို လာရောက် သတိပေး ပြသမှ ၎င်းခမျာ မျက်လုံး ပြူးရတော့သည်။
ကားရပ်ခွင့် မရှိသည့် နေရာတွင် ရပ်ထားမှုကြောင့် Cicchetti စားသောက်ဆိုင် အပြင်ဘက်ရှိ မော်တော်ကားကို သက်ဆိုင်ရာ တာဝန် ရှိသူများက ကရိန်းဖြင့် ဆွဲယူကာ သိမ်းယူသွားခြင်း ဖြစ်သည်။ ထို့နောက်တွင်မူ လင်ဒီဂါ့ဒ်သည် ယာဉ်ထိန်းရုံးတွင် ဒဏ်ငွေ သွားအရိုက် ခံရပြီးမှ ကားကို ပြန်ရခဲ့သည်။ လင်ဒီဂါ့ဒ်သည် ယခုနှစ် ဘောလုံးရာသီတွင် တည်ငြိမ်သော လက်စွမ်းမျိုး ပြသနိုင်သဖြင့် ဒေးဗစ်ဒီဂီယာ၏ ပွဲထွက် ဂိုးသမား နေရာကို သိမ်းယူနိုင်မည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်နေချိန်တွင် လေ့ကျင့်ရေး ကွင်း၌ ဒဏ်ရာ ရခဲ့ခြင်းကြောင့် (၆)ပတ်မျှထိ အနား ယူရမည့် အခြေအနေနှင့် ကြုံနေရသည်။ ကားရပ်ခွင့် မရှိသည့် နေရာတွင် ရပ်ထားမှုကြောင့် Cicchetti စားသောက်ဆိုင် အပြင်ဘက်ရှိ မော်တော်ကားကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကရိန်းဖြင့် ဆွဲယူကာ သိမ်းယူသွား...
man-u news
လီဗာပူးလ် အသင်းသည် တစ်ချိန်က ပိုင်ဆိုင် ခဲ့ဖူးသည့် အင်္ဂလန်၏ အအောင်မြင်ဆုံး ကလပ်အသင်း ဆိုသော ဂုဏ်ပုဒ်ကို မည်သည့် အခါတွင်မှ ပြန်ရတော့မည် မဟုတ်ဟု ရိုင်ယန်ဂစ်က သတိပေး ပြောဆိုလိုက်သည်။
အိုးလ်ထရက်ဖို့ဒ်တွင် သမိုင်းဝင် ပြိုင်ဘက်နှစ်သင်း စီးချင်းထိုး ရင်ဆိုင်ကြမည့် ပွဲကြီးပွဲကောင်း မတိုင်မီ မန်ချက်စတာ ယူနိုက်တက် ၀ါရင့် တောင်ပံ ကစားသမားကြီးက ယခုလို စကား စစ်ထိုးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသက်(၃၈)နှစ်ရှိ ဂစ်သည် မန်ယူတွင် (၁၉၉၂)ခုနှစ်ကတည်းက ပွဲထွက်ခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ် ဆုဖလား (၁၂)လုံးကို ဆွတ်ခူး နိုင်ခဲ့သည်။ မန်ယူသည် ယမန်နှစ်က အမှတ်ပေး ချန်ပီယံ ဘွဲ့ကို ရရှိခဲ့ပြီးနောက် လီဗာပူးလ်၏ ထာဝရ အအောင်မြင်ဆုံး ဖြစ်ခဲ့သည့် (၁၈)ကြိမ် ချန်ပီယံ မှတ်တမ်းကို ကျော်ဖြတ်ကာ (၁၉)ကြိမ်မြောက် အမှတ်ပေး ချန်ပီယံအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။
အင်္ဂလန်၏ အောင်မြင်မှု အကြီးမားဆုံး ကလပ်အသင်း ဆိုသော ဂုဏ်ပုဒ်သည် အိုးလ်ထရက်ဖို့ဒ်တွင် စွဲမြဲနေပြီဖြစ်ပြီး ယင်းကို မည်သည့် အခါတွင်မျှ ပြန်လည် လက်လွှဲတော့မည် မဟုတ်ကြောင်း ဝေလ ကစားသမားကြီးက ဆိုသည်။ “လီဗာပူးလ်ဟာ မန်ယူလိုပဲ သမိုင်းကြောင်း ကြီးကျယ်တဲ့ အသင်း တစ်ခုပါ။ သူတို့ အသင်းကို လိုက်မီဖို့ ကျွန်တော်တို့ အကြာကြီး ကြိုးစားခဲ့ရတယ်။ ခုတော့ သူတို့ကို လိုက်မီပြီး ကျော်တက်နိုင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုကို ကျွန်တော်တို့ အမြဲတမ်း ဆက်ထိန်း သွားမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်းကြားမှာ စိန်ခေါ်မှုတွေကတော့ ပြင်းထန် နေတုန်းပါပဲ” ဟု ဂစ်က ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “အင်္ဂလန်မှာတော့ ကျွန်တော်တို့ နှစ်သင်းဟာ အောင်မြင်မှု သမိုင်းကြောင်း အကြီးမားဆုံးပါပဲ။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်တဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံး ကြိုးစားဖို့၊ ရလဒ် အကောင်းဆုံး ဖြစ်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကစားရပါလိမ့်မယ်” ဟုလည်း ဆိုသည်။ မန်ယူသည် လီဗာပူးလ်နှင့် နောက်ဆုံး ပူပူနွေးနွေး တွေ့ဆုံမှုတွင် အန်းဖီးလ်၌ (၂-၁)ဖြင့် အရေး နိမ့်ထားသည်။
လီဗာပူးလ်ဟာ မန်ယူလိုပဲ သမိုင်းကြောင်း ကြီးကျယ်တဲ့ အသင်း တစ်ခုပါ။ သူတို့အသင်းကို လိုက်မီဖို့ ကျွန်တော်တို့ အကြာကြီး ကြိုးစားခဲ့ရတယ်။ ခုတော့ သူတို့ကို လိုက်မီပြီး ကျော်တက်နိုင်ခဲ့ပါပြီ။ ဒီအောင်မြင်မှုကို ကျွန်တော်တို့ အမြဲတမ်း ဆက်ထိန်း သွားမှာပါ...
ဂစ်သည် လီဗာပူးလ်နှင့်ပွဲ၊ နောက်တစ်ပတ်တွင် ကစားမည့် ယူရိုပါလိဂ် အေဂျက်စ်နှင့် အဝေးကွင်း ပွဲစဉ်များတွင် ၀င်ကစားဖြစ်ပါက မန်ယူအတွက် ပွဲ(၉၀၀) ပြည့်မြောက်မည်ဖြစ်သည်။ ၎င်းက “ပွဲပေါင်း(၉၀၀)ဆိုတာ သိပ်ကို များပြားတဲ့ ပမာဏပါ။ ဒီလောက် ကစားနိုင်တဲ့ အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် ကျွန်တော် ချစ်မြတ်နိုးပြီး ကျွန်တော် ထောက်ခံ အားပေးခဲ့တဲ့ ကလပ်အတွက် အကြာကြီး ကစားနိုင်ခဲ့တဲ့ အတွက်ပေါ့” ဟု ပြောဆိုသွားသည်။
ချယ်လ်ဆီး အသင်းသည် မိမိသား၏ ပါရမီ ကောင်းများကို ဖြုန်းတီး ပစ်နေကြောင်း ဒန်နီရယ်လ် စတားရစ်ဂ်ျ၏ ဖခင် ဖြစ်သူက ဝေဖန် ပြောကြားလိုက်သည်။
မိုက်ကယ် စတားရစ်ဂ်ျက ၎င်း၏ သားဖြစ်သူ အထူးချွန်ဆုံး ကစားနိုင်သည့် ဗဟိုတိုက်စစ် နေရာတွင် ထားမကစားဘဲ တောင်ပံတွင်သာ နေရာ ပေးခဲ့သည့် ချယ်လ်ဆီး၏ လုပ်ရပ်အပေါ် မကျေမနပ် ဖြစ်နေသည်။ မိုက်ကယ်က “တကယ်တော့ ကျွန်တော့်သားဟာ ဗဟို တိုက်စစ်မှူး နေရာမှာ ကစားဖို့ အသင့်တော်ဆုံး အရည်အသွေးမျိုးတွေနဲ့ တိုးတက် လာခဲ့တာပါ။ ဒါကို ကွဲပြားတဲ့ နေရာ တစ်ခုမှာ ကစားခိုင်းတာဟာ စိတ်ပျက်စရာပါ။ ငယ်ငယ်တုန်းကတည်းက ခုလို ကစားဖို့ အလေ့အကျင့် လုပ်ခဲ့ရင်တော့ တစ်မျိုးပေါ့” ဟု ပြောဆိုခဲ့သည်။
၎င်းက ဆက်လက်၍ “ခုလက်ရှိ အနေအထားမှာ ဒန်နီရယ်လ်ဟာ နေရာတစ်ခုမှာ အသားကျဖို့ အလေ့အကျင့် လုပ်ရမှာ မဟုတ်ပါဘူး။ သူသာ ဗဟိုတိုက်စစ် နေရာမှာ ကစားခွင့်ရရင် ဒီထက် အများကြီး ပိုတိုးတက် လာမှာပါ” ဟုလည်း သုံးသပ်ခဲ့သည်။ အသက်(၂၂)နှစ်ရှိ စတားရစ်ဂ်ျသည် ချယ်လ်ဆီးတွင် ယခုရာသီ (၁၀)ဂိုး သွင်းယူ ပေးထားပြီး ၎င်းကိုယ်တိုင်ကလည်း ညာတောင်ပံ ကစားသမား ဘ၀ကို မခုံမင်၊ မနှစ်သက်ကြောင်း ၀န်ခံထားသည်။ ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဗဟို တိုက်စစ်တွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ၀ယ်ယူထားသည့် စပိန် လက်ရွေးစင် ဖာနန်ဒို တောရက်စ်ကို နေရာ ပေးလိုခြင်းကြောင့် စတားရစ်ဂ်ျကို ညာခြမ်း တိုက်စစ် အတွက်သာ ပွဲထွက်နေစေခြင်း ဖြစ်သည်။
ခုလက်ရှိ အနေအထားမှာ ဒန်နီရယ်လ်ဟာ နေရာတစ်ခုမှာ အသားကျဖို့ အလေ့အကျင့် လုပ်ရမှာ မဟုတ်ပါဘူး။ သူသာ ဗဟိုတိုက်စစ် နေရာမှာ ကစားခွင့်ရရင် ဒီထက် အများကြီး ပိုတိုးတက်လာမှာပါ...
chelsea news
ချယ်လ်ဆီး အသင်းသည် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ နေရာတွင် အစားထိုးရန် ဖေဘီယို ကာပယ်လိုကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ပေါ်တူဂီသား မန်နေဂျာ လက်အောက်တွင် ချယ်လ်ဆီးသည် ထင်မှတ်သလောက် ဖြစ်ထွန်းခဲ့ခြင်း မရှိသောကြောင့် ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ ရိုမန် အေဗရာမိုဗစ်ခ်ျသည် ကာပယ်လိုကို မျက်စိ ကျနေခြင်းဟု သိရှိရသည်။ ကာပယ်လိုသည် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို FAက အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးမှ ထုတ်ပယ်ခြင်းကို မကျေနပ်သဖြင့် အင်္ဂလန် မန်နေဂျာ ရာထူးကို စွန့်ခွာခဲ့သူဖြစ်သည်။ ချယ်လ်ဆီး၏ အတွင်းလူ တစ်ဦးက “အသင်းမှာတော့ ကာပယ်လို ရောက်လာမယ် ဆိုတဲ့ ကိစ္စဟာ တော်တော်ကြီး အားကောင်းတဲ့ ကောလဟာလ ဖြစ်လာတယ်။ ဒီကိစ္စဟာ တကယ် ဖြစ်လာနိုင်ပါတယ်။ အနှေးနဲ့ အမြန်ပဲ ကွာမယ်” ဟု ပြောကြားသွားသည်။
ချယ်လ်ဆီးသည် လတ်တလောတွင် အမှတ်ပေးဇယား စတုတ္ထ နေရာတွင်သာ ရှိနေပြီး အေဗရာမိုဗစ်ခ်ျသည် အသင်း၏ ကော့ဘ်ဟမ်း လေ့ကျင့်ရေး ကွင်းသို့ ပုံမှန် လာရောက်လျှက် ရှိသည်။ ချယ်လ်ဆီး မန်နေဂျာ ဘိုအာ့စ် ကိုယ်တိုင်ကလည်း အေဗရာမိုဗစ်ခ်ျအတွက် စတုတ္ထ နေရာသည် မလုံလောက်ကြောင်း ၀န်ခံထားသည်။ “စတုတ္ထ နေရာနဲ့ ရာသီသိမ်းရမယ် ဆိုတာဟာ ချယ်လ်ဆီးလို အသင်းမျိုးအတွက် ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အသင်း အောင်မြင်ခဲ့တာ၊ အသင်း ပိုင်ဆိုင်ခဲ့တာတွေကို ပြန်ကြည့်ရင် ဒီကောက်ချက်ကို လက်ခံနိုင်မှာပါ။ အသင်းပိုင်ရှင်ကလည်း ဒီအတိုင်း ခံယူထားပါတယ်” ဟု ဘိုအာ့စ်က ပြောကြားသွားသည်။
အသင်းမှာတော့ ကာပယ်လို ရောက်လာမယ်ဆိုတဲ့ ကိစ္စဟာ တော်တော်ကြီး အားကောင်းတဲ့ ကောလဟာလ ဖြစ်လာတယ်။ ဒီကိစ္စဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ အနှေးနဲ့ အမြန်ပဲ ကွာမယ်...
အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာ အပြောင်းအလဲ ပြုလုပ်မှုတွင် စိတ်မြန်လက်မြန် ဆုံးဖြတ်တတ်သူ တစ်ဦးအဖြစ် နာမည် ကျော်ကြားသည်။ ၎င်းသည် ဘိုအာ့စ်ကို ခန့်ရန်နှင့် ယင်းမတိုင်မီ မန်နေဂျာ ကာလိုအန်ဆလော့တီကို ထုတ်ပယ်ရန် စုစုပေါင်း ပေါင်စတာလင် (၂၈)သန်း အကုန်အကျ ခံခဲ့ကြောင်းလည်း ချယ်လ်ဆီး၏ နှစ်ချုပ် စာရင်းများ အရ သိရှိရသည်။

ကားရပ်ခွင့် မရှိသည့်နေရာတွင် ရပ်ခြင်းကြောင့် အဖမ်းခံရသည့် လင်ဒီဂါ့ဒ် ကား

လီဗာပူးလ်အသင်းအား စကားစစ်ထိုးမှု ပြောဆိုခဲ့သည့် ဂစ်

အသင်းအတွက် ၁၀ဂိုး သွင်းယူပေးထားသည့် စတားရစ်ဂ်ျ
၎င်းက ဆက်လက်၍ “ခုလက်ရှိ အနေအထားမှာ ဒန်နီရယ်လ်ဟာ နေရာတစ်ခုမှာ အသားကျဖို့ အလေ့အကျင့် လုပ်ရမှာ မဟုတ်ပါဘူး။ သူသာ ဗဟိုတိုက်စစ် နေရာမှာ ကစားခွင့်ရရင် ဒီထက် အများကြီး ပိုတိုးတက် လာမှာပါ” ဟုလည်း သုံးသပ်ခဲ့သည်။ အသက်(၂၂)နှစ်ရှိ စတားရစ်ဂ်ျသည် ချယ်လ်ဆီးတွင် ယခုရာသီ (၁၀)ဂိုး သွင်းယူ ပေးထားပြီး ၎င်းကိုယ်တိုင်ကလည်း ညာတောင်ပံ ကစားသမား ဘ၀ကို မခုံမင်၊ မနှစ်သက်ကြောင်း ၀န်ခံထားသည်။ ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ဗဟို တိုက်စစ်တွင် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ၀ယ်ယူထားသည့် စပိန် လက်ရွေးစင် ဖာနန်ဒို တောရက်စ်ကို နေရာ ပေးလိုခြင်းကြောင့် စတားရစ်ဂ်ျကို ညာခြမ်း တိုက်စစ် အတွက်သာ ပွဲထွက်နေစေခြင်း ဖြစ်သည်။
ခုလက်ရှိ အနေအထားမှာ ဒန်နီရယ်လ်ဟာ နေရာတစ်ခုမှာ အသားကျဖို့ အလေ့အကျင့် လုပ်ရမှာ မဟုတ်ပါဘူး။ သူသာ ဗဟိုတိုက်စစ် နေရာမှာ ကစားခွင့်ရရင် ဒီထက် အများကြီး ပိုတိုးတက်လာမှာပါ...
chelsea news
ချယ်လ်ဆီး အသင်းသည် အန်ဒရီ ဗီးလက်စ် ဘိုအာ့စ နေရာတွင် အစားထိုးရန် ဖေဘီယို ကာပယ်လိုကို စိတ်ဝင်စား နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ပေါ်တူဂီသား မန်နေဂျာ လက်အောက်တွင် ချယ်လ်ဆီးသည် ထင်မှတ်သလောက် ဖြစ်ထွန်းခဲ့ခြင်း မရှိသောကြောင့် ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်ဖြစ်သူ ရိုမန် အေဗရာမိုဗစ်ခ်ျသည် ကာပယ်လိုကို မျက်စိ ကျနေခြင်းဟု သိရှိရသည်။ ကာပယ်လိုသည် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီကို FAက အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးမှ ထုတ်ပယ်ခြင်းကို မကျေနပ်သဖြင့် အင်္ဂလန် မန်နေဂျာ ရာထူးကို စွန့်ခွာခဲ့သူဖြစ်သည်။ ချယ်လ်ဆီး၏ အတွင်းလူ တစ်ဦးက “အသင်းမှာတော့ ကာပယ်လို ရောက်လာမယ် ဆိုတဲ့ ကိစ္စဟာ တော်တော်ကြီး အားကောင်းတဲ့ ကောလဟာလ ဖြစ်လာတယ်။ ဒီကိစ္စဟာ တကယ် ဖြစ်လာနိုင်ပါတယ်။ အနှေးနဲ့ အမြန်ပဲ ကွာမယ်” ဟု ပြောကြားသွားသည်။

ချယ်လ်ဆီးသို့ ရောက်ရှိဖွယ် ရှိနေသည့် ကာပယ်လို
ချယ်လ်ဆီးသည် လတ်တလောတွင် အမှတ်ပေးဇယား စတုတ္ထ နေရာတွင်သာ ရှိနေပြီး အေဗရာမိုဗစ်ခ်ျသည် အသင်း၏ ကော့ဘ်ဟမ်း လေ့ကျင့်ရေး ကွင်းသို့ ပုံမှန် လာရောက်လျှက် ရှိသည်။ ချယ်လ်ဆီး မန်နေဂျာ ဘိုအာ့စ် ကိုယ်တိုင်ကလည်း အေဗရာမိုဗစ်ခ်ျအတွက် စတုတ္ထ နေရာသည် မလုံလောက်ကြောင်း ၀န်ခံထားသည်။ “စတုတ္ထ နေရာနဲ့ ရာသီသိမ်းရမယ် ဆိုတာဟာ ချယ်လ်ဆီးလို အသင်းမျိုးအတွက် ဂုဏ်ယူစရာ မဟုတ်ပါဘူး။ အသင်း အောင်မြင်ခဲ့တာ၊ အသင်း ပိုင်ဆိုင်ခဲ့တာတွေကို ပြန်ကြည့်ရင် ဒီကောက်ချက်ကို လက်ခံနိုင်မှာပါ။ အသင်းပိုင်ရှင်ကလည်း ဒီအတိုင်း ခံယူထားပါတယ်” ဟု ဘိုအာ့စ်က ပြောကြားသွားသည်။
အသင်းမှာတော့ ကာပယ်လို ရောက်လာမယ်ဆိုတဲ့ ကိစ္စဟာ တော်တော်ကြီး အားကောင်းတဲ့ ကောလဟာလ ဖြစ်လာတယ်။ ဒီကိစ္စဟာ တကယ်ဖြစ်လာနိုင်ပါတယ်။ အနှေးနဲ့ အမြန်ပဲ ကွာမယ်...
အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာ အပြောင်းအလဲ ပြုလုပ်မှုတွင် စိတ်မြန်လက်မြန် ဆုံးဖြတ်တတ်သူ တစ်ဦးအဖြစ် နာမည် ကျော်ကြားသည်။ ၎င်းသည် ဘိုအာ့စ်ကို ခန့်ရန်နှင့် ယင်းမတိုင်မီ မန်နေဂျာ ကာလိုအန်ဆလော့တီကို ထုတ်ပယ်ရန် စုစုပေါင်း ပေါင်စတာလင် (၂၈)သန်း အကုန်အကျ ခံခဲ့ကြောင်းလည်း ချယ်လ်ဆီး၏ နှစ်ချုပ် စာရင်းများ အရ သိရှိရသည်။
No comments:
Post a Comment