ဂိုးပေါက်ပျေက်နေသည့်တောရက်စ်ကို နည်းပြ ဘိုအာ့စ် သတိပေး
ဖာနန်ဒို တောရက်စ်၏ ခြေစွမ်း ပျောက်ဆုံးနေဆဲ အနေအထားနှင့် ပတ်သက်ပြီး ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က သတိပေးစကား ပြောကြားလိုက်သည်။
ဆွမ်ဆီးနှင့် ပွဲတွင် သရေကျခဲ့သည့် ပွဲစဉ်အတွင်း စပိန် လက်ရွေးစင် အနေဖြင့် ဂိုးပေါက် ဆက်ပျောက်နေခဲ့ပြီးနောက် ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၅၀)တန် ရှေ့တန်းလူအတွက် မိမိအနေဖြင့် ပွဲထွက်နေရာ အာမခံ ဆက်ပေးတော့မည် မဟုတ်ဟု ဘိုအာ့စ်က ပြောဆိုသွားသည်။ ဒီဒီရာ ဒရော့ဂ်ဘာ အသင်းသို့ ပြန်ရောက်လာချိန်တွင် မိမိသည် တောရက်စ်ထက် အသင်း၏ အရေးကိုသာ ဦးစားပေးရန် ဆုံးဖြတ်မည်ဟုလည်း ပေါ်တူဂီသား မန်နေဂျာက ဆိုသည်။

“တိုက်စစ် နေရာအတွက် (၂)ယောက်စာ ပြိုင်နေရတာပါ။ ဒရော့ဂ်ဘာဟာ အာဖရိကဖလား ပြီးရင် ပြန်လာပါတော့မယ်။ သူဟာ အသင်းမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ အားလုံးလည်း အသိပါ။ သူဟာ တောရက်စ်ရော၊ ရိုမီလူ လူကာကူနဲ့ပါ ကြိုးစား ယှဉ်ပြိုင်ရပါမယ်”ဟု ဘိုအာ့စ်က ဆိုသည်။ လွန်ခဲ့သည့် (၄)လနီးပါးက ဥရောပ ချန်ပီယံလိဂ်တွင် ဂျန့်ခ်ဘက်သို့ ဂိုးသွင်းပြီးနောက် နောက်ဆုံးကစားသည့် (၁၀၇၆)မိနစ်အတွင်း ဂိုးပေါက်ပျောက်နေသည့် တောရက်စ်နှင့် ပတ်သက်ပြီး ဘိုအာ့စ်က “ကျွန်တော်တို့ဘက်က ကစားသမားကို ယုံကြည်မှု အများကြီး ပေးထားခဲ့ပါတယ်။ ကျွန်တော်တို့ ဇွဲကောင်းကောင်းနဲ့တော့ စောင့်နိုင်သလောက် ဆက်စောင့်ကြည့်ပါ့မယ်။ ကျွန်တော်တို့ အသင်းက ဒီထက်ပိုပြီး ဖန်တီးမှုကောင်းတွေ လုပ်ပေး နိုင်ရင်တော့ တောရက်စ် ဂိုးသွင်းနိုင်မယ် ထင်ပါတယ်” ဟု ပြောကြားသွားသည်။
ကျွန်တော်တို့ဘက်က ကစားသမားကို ယုံကြည်မှု အများကြီး ပေးထားခဲ့ပါတယ်။ ကျွန်တော်တို့ ဇွဲကောင်းကောင်းနဲ့တော့ စောင့်နိုင်သလောက် ဆက်စောင့်ကြည့်ပါ့မယ်...
ချယ်လ်ဆီးကို အိမ်ကွင်းတွင် သရေ ကစားခဲ့သည့် ဆွမ်ဆီးအသင်း မန်နေဂျာ ဘရန်ဒန် ရော့ဂျာက မိမိတို့ အသင်းသည် ယခုရလဒ်ထက် ပိုမိုထိုက်တန်သည်ဟု သုံးသပ်ခဲ့သည်။ “အသင်းရဲ့ ကစားပုံက ကောင်းခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ခဲ့သင့်တာပါ”ဟု ပြောကြားခဲ့သည်။
ယခုရာသီတွင် ပရီးမီးယားလိဂ်၏ အိမ်ကွင်းခံစစ် ကျစ်လစ်သော အသင်းကောင်း တစ်ခုအဖြစ် သတ်မှတ် ခံရသည့် ဆွမ်ဆီးသည် ဒန်နီရယ်လ် ဂရေဟမ်၊ စကော့ ဆင်ကလဲယား၊ နသန်ဒိုင်ယာ၊ ဂျိုးအလန်၊ လီယွန်ဘရစ်တန်၊ စတီဗန် ကော်လူကာ အစရှိသည့် ကစားသမား များဖြင့် ပွဲထွက် လာခဲ့သည်။ ချယ်လ်ဆီးကလည်း ဖာနန်ဒိုတောရက်စ်၊ ဂျူအန်မာတာနှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ တိုက်စစ် အတွဲကို ခင်းကျင်းကာ ဖလော်ရင့် မာလူဒါ၊ အိုရီရော်လ် ရိုမီယူ၊ ရောလ်မီရာလက်စ်တို့ ကွင်းလယ်တွင် ပွဲထွက်လာသည်။ နောက်တန်းတွင် ဟိုဆေး ဘော့ဆင်ဝါ၊ ဒေးဗစ်လူးဝစ်ဇ်၊ အက်ရှ်လေကိုးလ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ ပါဝင် ကစား သွားခဲ့သည်။

(၇)မိနစ်တွင် ဂရေဟမ် ဂိုးသွင်းရန် ကြိုးပမ်းမှုကို အိုင်ဗန်နိုဗစ် တားဆီးခဲ့သည်။ ပွဲချိန် (၁၂)မိနစ်တွင် တောရက်စ် ဖန်တီးပေးမှုမှ တစ်ဆင့် စတားရစ်ဂ်ျ ဂိုးသွင်းရန် အားထုတ် ခဲ့သော်လည်း ဂိုးသမား မိုက်ကယ်ဗွမ်၏ ဘယ်ဘက်ဂိုးတိုင် ဘေးသို့သာ လမ်းကြောင်း ချော်သွားသည်။ (၁၆)မိနစ်တွင် ဂိုင်ဖီ ဆီဂါ့ဒ်ဆန်နှင့် ဂရေဟမ်တို့၏ ကန်သွင်းချက်များကို ချယ်လ်ဆီး ခံစစ်က အကြိတ်အနယ် ရှင်းထုတ်ခဲ့ရသည်။ (၂၄)မိနစ်တွင် စတားရစ်ဂ်ျနှင့် မီရာလက်စ်တို့၏ တွဲလုံးကို ဆွမ်ဆီး နောက်ခံလူ အက်ရှ်လေ၀ီလျံ တားဆီး သွားခဲ့သည်။ (၃၉)မိနစ်တွင် ဆွမ်ဆီးတို့ ဂိုးစ ရသွားသည်။ ဆွမ်ဆီး၏ ပြစ်ဒဏ်ဘောကို ဘော်ဆင်ဝါ၏ ခေါင်းတိုက် ဖျက်ထုတ်ပုံ မပြတ်သားမှုမှ တစ်ဆင့် ဆင်ကလဲယားက လှလှပပ ကန်သွင်းသွားခြင်း ဖြစ်သည်။ ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်ရန် ကြိုးစားသော်လည်း ဘောလုံးသည် ဂိုးဘားတန်း အောက်ခြေနှင့် ကပ်၍ ၀င်သွားသဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ ထိုဂိုးဖြင့်ပင် အိမ်ရှင်က ပထမပိုင်း အပြီးတွင် ဦးဆောင်ခွင့် ရခဲ့သည်။
ဆွမ်ဆီး၏ ပြစ်ဒဏ်ဘောကို ဘော်ဆင်ဝါ၏ ခေါင်းတိုက် ဖျက်ထုတ်ပုံ မပြတ်သားမှုမှတစ်ဆင့် ဆင်ကလဲယားက လှလှပပ ကန်သွင်းသွား...
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ချယ်လ်ဆီး ဂိုးရရန် ပိုမို အားထုတ် ခဲ့သော်လည်း ဆွမ်ဆီး၏ ခြေစွမ်းကြောင့် အခက် ကြုံနေရသည်။ (၅၈)မိနစ်တွင် မာလူဒါ၏ ထောင့်ကန်ဘောကို ဘော့ဆင်ဝါ ဂိုးသွင်းရန် ကြိုးစားသော်လည်း ဆွမ်ဆီး ခံစစ်က ရှင်းထုတ်ခဲ့သည်။ ချယ်လ်ဆီး၏ လူစားဝင် ကွင်းလယ် ကစားသမား မိုက်ကယ် အက်ဆီယန်၏ (၆၆)မိနစ်တွင် ကြိုးစား အားထုတ်မှုသည်လည်း ဂိုးဘားတန်းပေါ် ကျော်သွားပြန်သည်။ (၈၂)မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် ဘောလုံး ရသွားပြီး ဒိုင်ယန်၏ ကန်သွင်းချက် ဂိုးဘေး ထွက်သွားသည်။ (၈၅)မိနစ်တွင် ဒိုင်ယာကို အဖျက်ကြမ်းသည့် ကိုးလ် ဒုတိယ အ၀ါကတ် ထိကာ ထွက်ရပြီးနောက် ချယ်လ်ဆီးတို့ (၁၀)ယောက်ကျန်ဖြင့် ကစား ခဲ့ရသည်။ (၉၁)မိနစ်တွင် ချယ်လ်ဆီး လူစားဝင် တိုက်စစ်မှူး ရိုမီလူ လူကာကူ၏ ကန်ချက်ကို ဗွမ်က ကာကွယ် သွားခဲ့သည်။ (၉၂)မိနစ်တွင် ဆွမ်ဆီးတို့ တောင့်ခံထားသည့် ခံစစ်စည်းရိုး ကျိုးပျက် သွားခဲ့သည်။ ညာခြမ်းမှ ဘော့ဆင်ဝါက ထောင့်ဖြတ် အပြင်း ကန်သွင်းသော ဘောလုံးသည် တေလာနှင့် ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင် သွားသဖြင့် အိမ်ရှင်တို့ (၃)မှတ် အပြည့်ရမည့် အနေအထားကို ဆုံးရှုံးခဲ့ပြီး ချယ်လ်ဆီးသည်လည်း အဝေးကွင်း အဖိုးတန် သရေ(၁)မှတ်ကို ပိုင်ဆိုင် နိုင်ခဲ့သည်။

ဆွမ်ဆီး 1-1 ချယ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံး(၂)ပွဲတွင် (၁)ဂိုးသာ သွင်းယူ နိုင်ခဲ့သည့် ချယ်လ်ဆီး အသင်းသည် ဝေလ အခြေစိုက် ဆွမ်ဆီး၏ ကွင်းတွင်လည်း ဂိုးပေါက်တွေ့ရန် ရုန်းကန် ခဲ့ရပြီး နောက်ဆုံး မိနစ်ပိုင်းတွင် ဆွမ်ဆီး နောက်ခံလူ နီးလ်တေလာ၏ ကိုယ့်ဂိုးကိုယ် သွင်းခဲ့ မိမှုကြောင့်သာ သရေ(၁)မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုရာသီတွင် ပရီးမီးယားလိဂ်၏ အိမ်ကွင်းခံစစ် ကျစ်လစ်သော အသင်းကောင်း တစ်ခုအဖြစ် သတ်မှတ် ခံရသည့် ဆွမ်ဆီးသည် ဒန်နီရယ်လ် ဂရေဟမ်၊ စကော့ ဆင်ကလဲယား၊ နသန်ဒိုင်ယာ၊ ဂျိုးအလန်၊ လီယွန်ဘရစ်တန်၊ စတီဗန် ကော်လူကာ အစရှိသည့် ကစားသမား များဖြင့် ပွဲထွက် လာခဲ့သည်။ ချယ်လ်ဆီးကလည်း ဖာနန်ဒိုတောရက်စ်၊ ဂျူအန်မာတာနှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ တိုက်စစ် အတွဲကို ခင်းကျင်းကာ ဖလော်ရင့် မာလူဒါ၊ အိုရီရော်လ် ရိုမီယူ၊ ရောလ်မီရာလက်စ်တို့ ကွင်းလယ်တွင် ပွဲထွက်လာသည်။ နောက်တန်းတွင် ဟိုဆေး ဘော့ဆင်ဝါ၊ ဒေးဗစ်လူးဝစ်ဇ်၊ အက်ရှ်လေကိုးလ်၊ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့ ပါဝင် ကစား သွားခဲ့သည်။

(၇)မိနစ်တွင် ဂရေဟမ် ဂိုးသွင်းရန် ကြိုးပမ်းမှုကို အိုင်ဗန်နိုဗစ် တားဆီးခဲ့သည်။ ပွဲချိန် (၁၂)မိနစ်တွင် တောရက်စ် ဖန်တီးပေးမှုမှ တစ်ဆင့် စတားရစ်ဂ်ျ ဂိုးသွင်းရန် အားထုတ် ခဲ့သော်လည်း ဂိုးသမား မိုက်ကယ်ဗွမ်၏ ဘယ်ဘက်ဂိုးတိုင် ဘေးသို့သာ လမ်းကြောင်း ချော်သွားသည်။ (၁၆)မိနစ်တွင် ဂိုင်ဖီ ဆီဂါ့ဒ်ဆန်နှင့် ဂရေဟမ်တို့၏ ကန်သွင်းချက်များကို ချယ်လ်ဆီး ခံစစ်က အကြိတ်အနယ် ရှင်းထုတ်ခဲ့ရသည်။ (၂၄)မိနစ်တွင် စတားရစ်ဂ်ျနှင့် မီရာလက်စ်တို့၏ တွဲလုံးကို ဆွမ်ဆီး နောက်ခံလူ အက်ရှ်လေ၀ီလျံ တားဆီး သွားခဲ့သည်။ (၃၉)မိနစ်တွင် ဆွမ်ဆီးတို့ ဂိုးစ ရသွားသည်။ ဆွမ်ဆီး၏ ပြစ်ဒဏ်ဘောကို ဘော်ဆင်ဝါ၏ ခေါင်းတိုက် ဖျက်ထုတ်ပုံ မပြတ်သားမှုမှ တစ်ဆင့် ဆင်ကလဲယားက လှလှပပ ကန်သွင်းသွားခြင်း ဖြစ်သည်။ ချယ်လ်ဆီးဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်ရန် ကြိုးစားသော်လည်း ဘောလုံးသည် ဂိုးဘားတန်း အောက်ခြေနှင့် ကပ်၍ ၀င်သွားသဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ ထိုဂိုးဖြင့်ပင် အိမ်ရှင်က ပထမပိုင်း အပြီးတွင် ဦးဆောင်ခွင့် ရခဲ့သည်။
ဆွမ်ဆီး၏ ပြစ်ဒဏ်ဘောကို ဘော်ဆင်ဝါ၏ ခေါင်းတိုက် ဖျက်ထုတ်ပုံ မပြတ်သားမှုမှတစ်ဆင့် ဆင်ကလဲယားက လှလှပပ ကန်သွင်းသွား...
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ချယ်လ်ဆီး ဂိုးရရန် ပိုမို အားထုတ် ခဲ့သော်လည်း ဆွမ်ဆီး၏ ခြေစွမ်းကြောင့် အခက် ကြုံနေရသည်။ (၅၈)မိနစ်တွင် မာလူဒါ၏ ထောင့်ကန်ဘောကို ဘော့ဆင်ဝါ ဂိုးသွင်းရန် ကြိုးစားသော်လည်း ဆွမ်ဆီး ခံစစ်က ရှင်းထုတ်ခဲ့သည်။ ချယ်လ်ဆီး၏ လူစားဝင် ကွင်းလယ် ကစားသမား မိုက်ကယ် အက်ဆီယန်၏ (၆၆)မိနစ်တွင် ကြိုးစား အားထုတ်မှုသည်လည်း ဂိုးဘားတန်းပေါ် ကျော်သွားပြန်သည်။ (၈၂)မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် ဘောလုံး ရသွားပြီး ဒိုင်ယန်၏ ကန်သွင်းချက် ဂိုးဘေး ထွက်သွားသည်။ (၈၅)မိနစ်တွင် ဒိုင်ယာကို အဖျက်ကြမ်းသည့် ကိုးလ် ဒုတိယ အ၀ါကတ် ထိကာ ထွက်ရပြီးနောက် ချယ်လ်ဆီးတို့ (၁၀)ယောက်ကျန်ဖြင့် ကစား ခဲ့ရသည်။ (၉၁)မိနစ်တွင် ချယ်လ်ဆီး လူစားဝင် တိုက်စစ်မှူး ရိုမီလူ လူကာကူ၏ ကန်ချက်ကို ဗွမ်က ကာကွယ် သွားခဲ့သည်။ (၉၂)မိနစ်တွင် ဆွမ်ဆီးတို့ တောင့်ခံထားသည့် ခံစစ်စည်းရိုး ကျိုးပျက် သွားခဲ့သည်။ ညာခြမ်းမှ ဘော့ဆင်ဝါက ထောင့်ဖြတ် အပြင်း ကန်သွင်းသော ဘောလုံးသည် တေလာနှင့် ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင် သွားသဖြင့် အိမ်ရှင်တို့ (၃)မှတ် အပြည့်ရမည့် အနေအထားကို ဆုံးရှုံးခဲ့ပြီး ချယ်လ်ဆီးသည်လည်း အဝေးကွင်း အဖိုးတန် သရေ(၁)မှတ်ကို ပိုင်ဆိုင် နိုင်ခဲ့သည်။
No comments:
Post a Comment