ချယ်လ်ဆီး ကစားသမားများနှင့် မော်ရင်ဟိုတို့ အဆက်အသွယ် ရှိနေဆဲ | ![]() | ![]() | ![]() |
Written by Admin Team |
Wednesday, 15 February 2012 15:52 |
![]() ဘိုအာ့စ်၊ မော်ရင်ဟို နှစ်ဦးလုံးနှင့် လက်တွဲ ခဲ့ဖူးသည့် ပေါ်တူဂီ ချန်ပီယံ ပေးတိုအသင်း ဥက္ကဋ္ဌ ဂျော့ဂ်ျနူနို ပင်တို ဒါကော်စတာက ချယ်လ်ဆီး ကစားသမား များသည် ၎င်းတို့၏ မန်နေဂျာဟောင်းနှင့် အဆက်အသွယ် မပြတ်ကြောင်း ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ မော်ရင်ဟိုသည် ချယ်လ်ဆီး တစ်သင်းလုံး၏ လေးစားမှုကို ခံယူနိုင်ခဲ့သူ ဖြစ်ပြီး ၎င်းသည် နှစ်ပေါင်း (၅၀)ကျော် အတွင်း အသင်းအတွက် ပထမဆုံးသော အမှတ်ပေး ချန်ပီယံ ဘွဲ့ကို ရယူနိုင်ရန် ချယ်လ်ဆီးအား ဦးဆောင်မှု ပေးခဲ့သည်။ ![]() ဖိအားများနှင့် ဘိုအာ့စ် ကော်စတာက “ကျွန်တော်ကတော့ လောလောဆယ် ဘိုအာ့စ် ချယ်လ်ဆီးမှာ လုပ်ပြ နေတာတွေဟာ အရမ်း စိတ်ပျက်စရာလို့ မမြင်ပါဘူး။ သူဟာ ချန်ပီယံလိဂ် (၁၆)သင်း အဆင့်ကို ရောက်သွားပြီ။ နောက်ပြီး ပြိုင်ပွဲ အားလုံး အတွက်လည်း ရှေ့ဆက် မျှော်လင့်နိုင်တဲ့ အနေအထားတွေ ပိုင်ဆိုင်ထားပါတယ်။ ဘိုအာ့စ်ဟာ တစ်နှစ်တည်းမှာ ဒီလောက် စွမ်းဆောင် ထားနိုင်ရင် ချယ်လ်ဆီးနဲ့ အောင်မြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ခက်တာက မော်ရင်ဟိုနဲ့ ချယ်လ်ဆီး ကစားသမားတွေကြား Text Messageနဲ့ အပြန်အလှန် ဆက်သွယ် နေတာပဲ။ ဒါကို ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျကလည်း စောင့်ကြည့်နေပုံ ရတယ်” ဟု ပြောကြားခဲ့သည်။ ဘိုအာ့စ်ဟာ တစ်နှစ်တည်းမှာ ဒီလောက် စွမ်းဆောင် ထားနိုင်ရင် ချယ်လ်ဆီးနဲ့ အောင်မြင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ခက်တာက မော်ရင်ဟိုနဲ့ ချယ်လ်ဆီး ကစားသမားတွေကြား Text Messageနဲ့ အပြန်အလှန် ဆက်သွယ်နေတာပါ... ကော်စတာက ဘိုအာ့စ် အနေဖြင့် ချယ်လ်ဆီးကို ထိပ်ဆုံး(၄)သင်း စာရင်းဝင်အောင် ဦးဆောင်ပြီး အသင်းတွင် ဆက်ရှိနေရန် ကြိုးစား သင့်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “ချယ်လ်ဆီး မန်နေဂျာ ရာထူးကို စွန့်ရလောက်တဲ့ အဓိက အကြောင်းက ချန်ပီယံလိဂ် ၀င်ခွင့် မရတာပဲ ဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ မော်ရင်ဟို ချယ်လ်ဆီးမှာ လုပ်ပြနိုင်ခဲ့တာတွေကို ချက်ချင်းမီအောင် လုပ်နိုင်ဖို့က ခက်ခဲမှာပါ။ ဒါပေမဲ့သူဟာ ချယ်လ်ဆီးရဲ့ ကြီးကျယ် ခမ်းနားတဲ့ ကမ်းလှမ်းမှု အတွက် ပေါ်တိုကနေ ထွက်သွားတာ ဖြစ်ပါတယ်။ ပြောရရင် မန်နေဂျာ တစ်ယောက်အတွက် ကလပ်အသင်း တစ်ခုခုက ပေါင်စတာလင် (၁၄)သန်းလောက် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ ထင်ခဲ့ပေမယ့် ချယ်လ်ဆီးက တကယ် ပေးချေပြီး သူ့ကို ခေါ်သွားခဲ့တာပါ” ဟု ကော်စတာက ပြောဆိုသွားသည်။ |
No comments:
Post a Comment