အင်လေးကန်မြောက်ဘက်ပိုင်းအခြေအနေအား တွေ့ရစဉ်
အင်းလေးကန်အတွင်း ငါးမျိုးစိတ် ၅၀ ခန့်နှင့် လိပ်မျိုးစိတ်သုံးမျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တ၀ါ ၃၀ မျိုးခန့်ရှိကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်ကာ ငါးမျိုးစိတ်များလျော့နည်းပပျောက် လာခဲ့ကြောင်းလည်း သိရှိရသည်။အဆိုပါငါးများအနက် ငါးဖိန်း၊ ငါးရစ်၊ ငါးတောင်နွယ်၊ ငါးခူရှင်ဖ၊ ငါးနီစိမ်း၊ ငါးဖြူစိမ်း၊ ငါးပုတ်မဆန်း မကြား၊ ငါးအုံမက်၊ ငါးပြားသမအစ ရှိသည်တို့သည် ဒေသရင်းငါးမျိုးစိတ် (Endemic species) ဖြစ်ကြောင်းလည်း သိရှိရသည်။
အင်းလေးကန်အတွင်းရှိ ရေ၏ pH ဂုဏ်သတ္တိမှာ တိုင်းတာချက်များအရ မြောင်းဝကြီးတွင် ၈ ဒသမ ၉၊ ရေလယ်ဗိုလ်တဲတွင် ၉ ဒသမ ၆၊ ရွှေကျွန်းမျော(၂)ဟိုတယ်(မိုင်းသောက်)တွင် ၉ ဒသမ ၁ နှင့် ဖောင်တော်ဦးတွင် ၉ ဒသမ ၀ ရှိနေကြောင်းနှင့် ငါးများနေထိုင်ရန် အသင့်တော်ဆုံး စံမှာ ၆ ဒသမ ၅ မှ ၈ ဒသမ ၅ အတွင်းသာဖြစ်ကြောင်းလည်း ရှမ်းပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တင်ပြထားချက်များအရ သိရှိရသည်။
| အင်းလေးကန်အတွင်း ငါးမျိုးစိတ် ၅၀ခန့်နှင့် လိပ်မျိုးစိတ်သုံးမျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တ၀ါ ၃၀ မျိုးခန့်ရှိကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစတင်ကာ ငါးမျိုးစိတ်များ လျော့နည်း ပပျောက်လာခဲ့ကြောင်း . . . |
အင်းလေးကန်ဧရိယာအတွင်း ငါးဖမ်းကွက်ဧရိယာ ၁၅၆၆၉ ဧကရှိကြောင်း၊ အင်းလေးကန်အတွက် ရေလျော့နည်းကျဆင်းလာမှုကြောင့် အင်းလေးကန်အတွင်းရှိ ငါးမျိုးစိတ်များ နေထိုင်ကျက်စားရာဒေသ ပျက်စီးလျော့နည်းလာမှုကြောင့် လူများနေထိုင်ရာ ကျေးရွာဒေသများရှိ လူနေ အိမ်ခြေများအနီးသို့ ရွှေ့ပြောင်းကျက်စားခဲ့ရာတွင် ဒေသခံတို့၏ လွယ်လင့်တကူ ဖမ်းဆီးစားသောက်ခြင်းခံနေရသဖြင့် လာမည့်နှစ်များတွင် ငါးမျိုးစိတ်အချို့ ရှားပါးပြုန်းတီးပျောက်ကွယ်နိုင်သည့် အနေအထားနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သုံးသပ်မှုများရှိနေသည်။အင်းလေးကန်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေ၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအတွင်းတည်ရှိသော မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်းတွင်းရေချိုအိုင်ကြီးဖြစ်ကြောင်းလည်း သိရှိရသည်။
| အင်းလေးကန်အတွင်း အင်းငါးထုတ်လုပ်မှု | ||
|---|---|---|
| စဉ် | ခုနှစ် | အင်းငါးထုတ်လုပ်မူ |
| ၁ | ၂၀၀၅-၂၀၀၆ | ၂၂၅၀၀၀ |
| ၂ | ၂၀၀၆-၂၀၀၇ | ၂၂၆၇၀၀ |
| ၃ | ၂၀၀၇-၂၀၀၈ | ၂၅၃၀၀၀ |
| ၄ | ၂၀၀၈-၂၀၀၉ | ၂၇၈၉၀၀ |
| ၅ | ၂၀၀၉-၂၀၁၀ | ၂၉၆၇၀၀ |
| အင်းလေးကန် ရေ၏ pH ဂုဏ်သတ္တိ | ||
|---|---|---|
| ၁ | မြောင်းဝကြီး | ၈ .၉ |
| ၂ | ရေလယ်ဗိုလ်တဲ | ၉ .၆ |
| ၃ | ကေလာ | ၈ .၄ |
| ၄ | ရွှေကျွန်းမျော(၂) ဟိုတယ်(မိုင်းသောက်) | ၉ .၁ |
| ၅ | ရွှေကျွန်းမျော်(၁) ဟိုတယ်(နန့်ပန်) | ၈ .၉ |
| ၆ | အင်းပေါခုံ | ၉ .၃ |
| ၇ | ဖောင်တော်ဦး | ၉ .၀ |
| အင်းလေးကန်အတွင်းရှိ ငါးမျိုးစိတ်(၅၀)အနက် အချို့ | |
|---|---|
| (၁) | ငါးမြှီးနီ |
| (၂) | ငါးခုံးမြီးကွက် |
| (၃) | ငါးလိပ်ပြာ |
| (၄) | ငါးတိုင်တက် |
| (၅) | ငါးခုံးမမြှီးနီ |
| (၆) | ငါးခုံးမကြီး |
| (၇) | မြှီးနီခေါင်းနီ |
| (၈) | ငါးသူငယ်ကြယ်ပျောက် |
| (၉) | ငါးလူးရီဆစ် |
| (၁၀) | ကျောက်ငါးလူး |
| (၁၁) | ငါးရေပေါ်(ခ) ငါးပက်လက် |
| (၁၂) | ငါးမြွေမည်း |
| (၁၃) | ငါးဇင်စပ် |
| (၁၄) | ငါးဂလိန် |
| (၁၅) | ငါးကြောင် |
| (၁၆) | ငွေရောင်ငါးကြင်း |
| (၁၇) | ငါးလက်ဝါ |
| (၁၈) | မြက်စားငါးကြင်း |
| (၁၉) | ရှမ်းမင်းသား |
| (၂၀) | ငါးမွေထိုးကြား |
No comments:
Post a Comment