ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် နေရာ အစားထိုးရန် ရေပန်းစားသူများ စာရင်းတွင် လီဗာပူးလ် မန်နေဂျာဟောင်း ရာဖာ ဘင်နီတက်ဇ်လည်း ပါဝင်လာပြီ ဖြစ်သည်။
ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ဗလန်စီယာနှင့် အင်တာမီလန် အသင်းများကိုပါ ဦးဆောင်ခဲ့ဖူးသူ စပိန်သားကို စောင့်ကြည့်နေကြောင်း သတင်းများက ဆိုသည်။ သို့သော်လည်း ရုရှား ဘီလျံနာကြီးသည် ဘိုအာ့စ်ကို ရာသီကုန်ထိ အချိန်ပေး စောင့်ကြည့်ပြီးမှ အပြောင်းအလဲအတွက် စဉ်းစားဖွယ် ရှိနေကြောင်းလည်း သိရသည်။ ဘိုအာ့စ်သည် လတ်တလောတွင် အသင်းမှ ကစားသမားများနှင့် ဆက်ဆံရေး အခက်အခဲများ ရှိနေကြောင်းကို ကိုယ်တိုင် ၀န်ခံထားပြီး ချယ်လ်ဆီး၏ ကွင်းတွင်း ရလဒ်များမှာလည်း အားရစရာ မရှိဘဲ ဖြစ်နေသည်။
တစ်ပွဲချင်း ချဉ်းကပ်သုံးသပ်ရာတွင် ထူးချွန်သူအဖြစ် အသိအမှတ်ပြုခြင်း ခံရသော အသက်(၅၁)နှစ်အရွယ် စပိန်သားကြီးသည် လီဗာပူးလ်နှင့်အတူ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့
ဘင်နီတက်ဇ်သည် (၂၀၁၀)ပြည့်နှစ်ကတည်းက အင်တာနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်နေရာ ချယ်လ်ဆီးက ကမ်းလှမ်းပါက အလွယ်တကူ စာချုပ်နိုင်မည့် အနေအထား ရှိနေသည်။ တစ်ပွဲချင်း ချဉ်းကပ် သုံးသပ်ရာတွင် ထူးချွန်သူ အဖြစ် အသိအမှတ် ပြုခြင်း ခံရသော အသက်(၅၁)နှစ်အရွယ် စပိန်သားကြီးသည် လီဗာပူးလ်နှင့်အတူ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သည်။ ထို့အပြင် ဘင်နီတက်ဇ်သည် ချယ်လ်ဆီးတွင် ရုန်းကန်နေရသည့် စပိန်သား တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် အပေါ် လွှမ်းမိုး ထိန်းကွပ်နိုင်မည်ဟုလည်း ယူဆရဖွယ် ရှိနေသည်။

ဘိုအာ့စ်ကမူ ၎င်း၏ အလုပ်နေရာ အတွက် ယခုတိုင် ယုံကြည်မှု ရှိနေဆဲဟု ပြောဆို ထားခဲ့သည်။ သတင်းများကမူ နာပိုလီနှင့် ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်သည် ဘိုအာ့စ်၏ အနာဂတ် အတွက် အဓိက အဆုံးအဖြတ်ပေးမည့် အလှည့်အပြောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ် ဖော်ပြလျှက် ရှိနေသည်။

အနာဂတ် မရေရာ ဖြစ်နေသည့် ဘိုအာ့စ်
ဘိုအာ့စ်ကမူ ၎င်း၏ အလုပ်နေရာ အတွက် ယခုတိုင် ယုံကြည်မှု ရှိနေဆဲဟု ပြောဆို ထားခဲ့သည်။ သတင်းများကမူ နာပိုလီနှင့် ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်သည် ဘိုအာ့စ်၏ အနာဂတ် အတွက် အဓိက အဆုံးအဖြတ်ပေးမည့် အလှည့်အပြောင်း တစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ် ဖော်ပြလျှက် ရှိနေသည်။
No comments:
Post a Comment