အာဆင်နယ်သတင်း
အာဆင်နယ် ပရိသတ်များ အနေဖြင့် အသင်းအပေါ် စိတ်ရှည်ရှည် ထားရန်နှင့် လက်ရှိ အာဆင်နယ်၏ အနေအထားသည် လီဗာပူးလ်လောက် ဆိုးရွားခြင်း မရှိသေးကြောင်း သတိပြုရန် အာစင်ဝင်းဂါးက ဖြေသိမ့် ပြောဆိုလိုက်သည်။
အာဆင်နယ်သည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် (၈)နှစ်ကြာ ဝေးကွာနေသလို မည်သည့်ဆုဖလားမျှ မရရှိသည်မှာလည်း (၆)နှစ်ဆက် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းအခြေအနေများကြောင့် ပရိသတ်များက စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် ပြင်သစ်သား မန်နေဂျာကြီးက (၁၉၉၀)ပြည့်နှစ် ကတည်းက အမှတ်ပေး ချန်ပီယံ မဖြစ်ခဲ့သည့် လီဗာပူးလ်လောက် မိမိတို့ အခြေအနေ မဆိုးသေးကြောင်း ခိုင်းနှိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။ လီဗာပူးလ်သည် အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့ကို (၁၈)ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသော်လည်း ပရီးမီးယား လိဂ်ဟု အမည်ပြောင်းလဲ သတ်မှတ်ပြီးချိန်ကတည်းက ယင်းဆုဖလားကို ကိုင်မြှောက်ခွင့် မရခဲ့ပေ။

“ကျွန်တော်တို့ ဇန်န၀ါရီလမှာ အဆင့်(၇)ထိ ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ လောလောဆယ် လီဗာပူးလ်နဲ့ ယှဉ်ပြိုင် နေရတာပါ။ သူတို့ဟာ အမှတ်ပေး ချန်ပီယံဘွဲ့ကို (၂၂)နှစ်လုံးလုံး မရထားဘူးလေ” ဟု ၀င်းဂါးက ဆိုသည်။ “ကျွန်တော်တို့က နှိမ့်နှိမ့်ချချနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း အစွမ်းကုန် တိုက်ပွဲ ၀င်နေဖို့ပဲ လိုပါတယ်။ ပရိသတ်တွေက အသင်းကို အားပေးရမှာပါ။ ကျွန်တော် ပရိသတ်တွေ အားလုံး ပျော်ရွှင်စေချင်ပါတယ်။ ဒါကို မလုပ်နိုင်တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း မပျော်ရွှင်ပါဘူး။ အရေးကြီးတာက ရာသီကုန်မှာ ပရိသတ်တွေ ပျော်ရွှင်ခွင့် ရစေဖို့လို့ပဲ ကျွန်တော် တွေးထားကပါတယ်” ဟုလည်း ပြင်သစ်သား မန်နေဂျာကြီးက ပြောဆိုသွားသည်။
ကျွန်တော်တို့ဟာ လောလောဆယ် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်နေရတာပါ။ သူတို့ဟာ အမှတ်ပေး ချန်ပီယံဘွဲ့ကို (၂၂)နှစ်လုံးလုံး မရထားဘူးလေ...
ဒီဂီယာကသာ မန်ယူနံပါတ်(1)ဂိုးသမားဟုဖာဂူဆန်ဆို
ဒေးဗစ်ဒီဂီယာသည် မိမိ၏ နံပါတ်(၁) ဦးစားပေး ကစားသမား အဖြစ်သာ ဆက်ရှိ နေမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အာမခံ ပြောဆိုလိုက်သည်။
ပေါင်စတာလင် (၁၈)သန်းကျော်ဖြင့် အက်သလက်တီကို မက်ဒရစ်မှ ၀ယ်ယူထားသည့် စပိန်လူငယ် လက်ရွေးစင် ဂိုးသမားသည် အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းကြီးတွင် အမှားအယွင်း များစွာ ကြုံနေရခြင်း အတွက် ဝေဖန်မှုများစွာ ထွက်ပေါ် နေသော်လည်း ဒီဂီယာကို မိမိ ယုံကြည် အားကိုးဆဲဟု ဖာဂူဆန်က ဆိုသည်။ ဒီဂီယာသည် ပြီးခဲ့သည့် လက ဒိန်းမတ် လက်ရွေးစင် အန်းဒရက်စ် လင်ဒီဂါ့ဒ်ထံ ၎င်း၏ ပွဲထွက် နေရာကို လက်လွှဲ ပေးခဲ့ရသော်လည်း လီဗာပူးလ်နှင့် FA ဖလား ပွဲစဉ်တွင် ဦးစားပေး ဂိုးသမားအဖြစ် ပြန်လည် ပါဝင်ခဲ့သည်။

ဖာဂူဆန်က “ဒီချာတိတ်လေးမှာ ကြီးကျယ်တဲ့ ပါရမီမျိုး ရှိနေပြီးသားပါ။ လောလောဆယ် အင်္ဂလန် ဘောလုံးလောကရဲ့ အခက်အခဲ တချို့ကို သူရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ အမှား(၂)ခု၊ (၃)ခုလောက် သူလုပ်ခဲ့တာ ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ (၂)နှစ်၊ (၃)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်တော့မှာ မဟုတ်ပါဘူး။ သူဟာ ဒီထက်ပို ရင့်ကျက်လာပြီး သူ့ရဲ့ အလားအလာဟာ အကောင်းဘက်ကပဲ ရှိနေတော့မှာပါ။ သူဟာ အသင်းရဲ့ ဦးစားပေး ဂိုးသမား အဖြစ် ဆက်ပြီး ရပ်တည် နေမှာပါ” ဟု ပြောကြားသွားသည်။ ဒီချာတိတ်လေးမှာ ကြီးကျယ်တဲ့ ပါရမီမျိုး ရှိနေပြီးသားပါ။ လောလောဆယ် အင်္ဂလန် ဘောလုံးလောကရဲ့ အခက်အခဲ တချို့ကို သူရင်ဆိုင် နေရတာ ဖြစ်ပါတယ.
အာဆင်နယ် ပရိသတ်များ အနေဖြင့် အသင်းအပေါ် စိတ်ရှည်ရှည် ထားရန်နှင့် လက်ရှိ အာဆင်နယ်၏ အနေအထားသည် လီဗာပူးလ်လောက် ဆိုးရွားခြင်း မရှိသေးကြောင်း သတိပြုရန် အာစင်ဝင်းဂါးက ဖြေသိမ့် ပြောဆိုလိုက်သည်။
အာဆင်နယ်သည် ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် (၈)နှစ်ကြာ ဝေးကွာနေသလို မည်သည့်ဆုဖလားမျှ မရရှိသည်မှာလည်း (၆)နှစ်ဆက် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းအခြေအနေများကြောင့် ပရိသတ်များက စိတ်အနှောင့်အယှက် ဖြစ်နေသည့်တိုင် ပြင်သစ်သား မန်နေဂျာကြီးက (၁၉၉၀)ပြည့်နှစ် ကတည်းက အမှတ်ပေး ချန်ပီယံ မဖြစ်ခဲ့သည့် လီဗာပူးလ်လောက် မိမိတို့ အခြေအနေ မဆိုးသေးကြောင်း ခိုင်းနှိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။ လီဗာပူးလ်သည် အင်္ဂလန် အမှတ်ပေး ချန်ပီယံဘွဲ့ကို (၁၈)ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသော်လည်း ပရီးမီးယား လိဂ်ဟု အမည်ပြောင်းလဲ သတ်မှတ်ပြီးချိန်ကတည်းက ယင်းဆုဖလားကို ကိုင်မြှောက်ခွင့် မရခဲ့ပေ။

လီဗာပူးလ်လောက် မဆိုးသေးဟု ပြောလိုက်သည့် အာစင်ဝင်းဂါး
“ကျွန်တော်တို့ ဇန်န၀ါရီလမှာ အဆင့်(၇)ထိ ရောက်နေပါတယ်။ ကျွန်တော်တို့ဟာ လောလောဆယ် လီဗာပူးလ်နဲ့ ယှဉ်ပြိုင် နေရတာပါ။ သူတို့ဟာ အမှတ်ပေး ချန်ပီယံဘွဲ့ကို (၂၂)နှစ်လုံးလုံး မရထားဘူးလေ” ဟု ၀င်းဂါးက ဆိုသည်။ “ကျွန်တော်တို့က နှိမ့်နှိမ့်ချချနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း အစွမ်းကုန် တိုက်ပွဲ ၀င်နေဖို့ပဲ လိုပါတယ်။ ပရိသတ်တွေက အသင်းကို အားပေးရမှာပါ။ ကျွန်တော် ပရိသတ်တွေ အားလုံး ပျော်ရွှင်စေချင်ပါတယ်။ ဒါကို မလုပ်နိုင်တဲ့ အတွက် ကျွန်တော် ကိုယ်တိုင်လည်း မပျော်ရွှင်ပါဘူး။ အရေးကြီးတာက ရာသီကုန်မှာ ပရိသတ်တွေ ပျော်ရွှင်ခွင့် ရစေဖို့လို့ပဲ ကျွန်တော် တွေးထားကပါတယ်” ဟုလည်း ပြင်သစ်သား မန်နေဂျာကြီးက ပြောဆိုသွားသည်။
ဒီဂီယာကသာ မန်ယူနံပါတ်(1)ဂိုးသမားဟုဖာဂူဆန်ဆို
ဒေးဗစ်ဒီဂီယာသည် မိမိ၏ နံပါတ်(၁) ဦးစားပေး ကစားသမား အဖြစ်သာ ဆက်ရှိ နေမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အာမခံ ပြောဆိုလိုက်သည်။
ပေါင်စတာလင် (၁၈)သန်းကျော်ဖြင့် အက်သလက်တီကို မက်ဒရစ်မှ ၀ယ်ယူထားသည့် စပိန်လူငယ် လက်ရွေးစင် ဂိုးသမားသည် အိုးလ်ထရက်ဖို့ဒ် အခြေစိုက် အသင်းကြီးတွင် အမှားအယွင်း များစွာ ကြုံနေရခြင်း အတွက် ဝေဖန်မှုများစွာ ထွက်ပေါ် နေသော်လည်း ဒီဂီယာကို မိမိ ယုံကြည် အားကိုးဆဲဟု ဖာဂူဆန်က ဆိုသည်။ ဒီဂီယာသည် ပြီးခဲ့သည့် လက ဒိန်းမတ် လက်ရွေးစင် အန်းဒရက်စ် လင်ဒီဂါ့ဒ်ထံ ၎င်း၏ ပွဲထွက် နေရာကို လက်လွှဲ ပေးခဲ့ရသော်လည်း လီဗာပူးလ်နှင့် FA ဖလား ပွဲစဉ်တွင် ဦးစားပေး ဂိုးသမားအဖြစ် ပြန်လည် ပါဝင်ခဲ့သည်။

ပွဲထွက်ခွင့် လတ်တလော ပျောက်ဆုံးနေသည့် ဒီဂီယာ
ဖာဂူဆန်က “ဒီချာတိတ်လေးမှာ ကြီးကျယ်တဲ့ ပါရမီမျိုး ရှိနေပြီးသားပါ။ လောလောဆယ် အင်္ဂလန် ဘောလုံးလောကရဲ့ အခက်အခဲ တချို့ကို သူရင်ဆိုင် နေရတာ ဖြစ်ပါတယ်။ အမှား(၂)ခု၊ (၃)ခုလောက် သူလုပ်ခဲ့တာ ကျွန်တော်တို့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ (၂)နှစ်၊ (၃)နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကျွန်တော်တို့ ဒီအကြောင်းတွေ ဆွေးနွေးဖြစ်တော့မှာ မဟုတ်ပါဘူး။ သူဟာ ဒီထက်ပို ရင့်ကျက်လာပြီး သူ့ရဲ့ အလားအလာဟာ အကောင်းဘက်ကပဲ ရှိနေတော့မှာပါ။ သူဟာ အသင်းရဲ့ ဦးစားပေး ဂိုးသမား အဖြစ် ဆက်ပြီး ရပ်တည် နေမှာပါ” ဟု ပြောကြားသွားသည်။ ဒီချာတိတ်လေးမှာ ကြီးကျယ်တဲ့ ပါရမီမျိုး ရှိနေပြီးသားပါ။ လောလောဆယ် အင်္ဂလန် ဘောလုံးလောကရဲ့ အခက်အခဲ တချို့ကို သူရင်ဆိုင် နေရတာ ဖြစ်ပါတယ.
No comments:
Post a Comment