welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 19, 2012

first-11.com

AddThis Social Bookmark Button
သရုပ်ဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ မင်းအုပ်စိုးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် မူးယစ်ရမ်းကားသောကြောင့် ဗဟန်းရဲစခန်းမှ သက်ဆိုင် ရာပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဗဟန်းမြို့နယ် ဗိုလ်ချို ၂ ရပ်ကွက် ဖိုးစိန်လမ်း ဟောလီးဒေးစားသောက်ဆိုင်ထောင့်၌ ပုံထားသော သစ်ကိုင်း ခြောက်များကို မီးရှို့သဖြင့် လာရောက် မီးငြှိမ်းသတ်သောမီးသတ်များကို အော်ဟစ်ဆဲဆိုခြင်း၊ တုတ်ဖြင့် ရမ်းခြင်းအပါအ၀င် လမ်းသွားလမ်းလာများကို လိုက်လံထိုးနှက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ပြုမူခဲ့မှုများကြောင့် လုံခြုံရေးလာ ရောက်ဆောင်ရွက်သော တာမွေမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ၇ခ/၁၇၂၄ ဟိုင်းလပ် အပြာရောင်ကား ညာဘက်မှန်ကို ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဗဟန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်ထွန်းက တရားလိုပြုတိုင်ကြားချက်အရ ဗဟန်းမြို့နယ်ရဲစခန်းတွင် ပ/၇၆ ပြစ်မှုဆိုင်ရာပုဒ်မ ၆၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းပေါ်တွင် ၁၅ မိနစ်ခန့် ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မင်းအုပ်စိုးသည် ရန်ကုန်မြို့ ရဲစခန်းအသီးသီး၌ ရန်ဖြစ်မှု၊ ဗီဒီယို အက်ဥပဒေအမှု၊ ဆဲဆိုမှု စသည့် အမှုပေါင်း ၂၀ ကို အမှုရင်ဆိုင်ဆဲ ဖြစ်ကြောင်းလည်း သိရသည်။ ''မူးနေတာလို့ ပြောကြတယ်။ ဒါဆိုရင်တော့ ဘယ်အကြောင်းကြောင့် မူးတာလဲဆိုတာကို သေချာစုံစမ်းသင့်တယ်။ ဒီလိုမျိုးတော့ မဖြစ်သင့်ပါဘူး''ဟု အဆိုပါဖြစ်စဉ် အနီးတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။

No comments:

Post a Comment