အာဆင်နယ် အသင်းသည် ချယ်လ်ဆီး တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျ၏ အနေအထားကို စောင့်ကြည့်နေကြောင်း သိရှိရသည်။
အသက်(၂၂)နှစ်ရှိ စတားရစ်ဂ်ျကို နွေရာသီတွင် အံ့အားသင့်ဖွယ် ကမ်းလှမ်းရန် အာဆင်နယ်ဘက်မှ သိသိသာသာ ခြေလှမ်း ပြင်လာခြင်းသည် ချယ်လ်ဆီး အတွက် ရုန်းကန်ရမည့် အနေအထားတစ်ရပ် ဖြစ်လာစေခဲ့သည်။ ယခုရာသီ စတမ်းဖို့ဒ်ဘရစ်ဂ်ျ၏ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် (၁၀)ဂိုးဖြင့် ရပ်တည်နေသော ကစားသမားက မိမိ ကစားရသည့် အနေအထား အတွက် မပျော်ရွှင်ကြောင်း ဖွင့်ဟထားသည်။ စတားရစ်ဂ်ျသည် ညာတောင်ပံတွင်သာ ကစား နေရပြီး ဗဟိုတိုက်စစ် နေရာတွင် ကစားလိုကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်သည် မော်ရိုချာမက်ခ်နှင့် ပါ့ခ်ချူယောင်းတို့ထံမှ လောက်လောက်လားလား အားကိုးအားထား ပြုနိုင်လောက်သည့် အနေအထားမျိုး မရှိခြင်းကြောင့် တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေသည်။ အာဆင်နယ်၏ ကင်းထောက်ချုပ် စတိဗ်ရိုလီသည် စတားရစ်ဂ်ျကို ခေါ်ယူရန် အနီးကပ် လေ့လာ သုံးသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ လတ်တလောတွင် ချယ်လ်ဆီးသည် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသည့် စတားရစ်ဂ်ျကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေဆဲဖြစ်သည်။
ချယ်လ်ဆီးသည် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးသည့် စတားရစ်ဂ်ျကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေဆဲ...
ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် နွေရာသီတွင် ဟော့ခ်နှင့် အီဒင်ဆန် ကာဗာနီတို့ကဲ့သို့ တိုက်စစ်မှူးများကို ခေါ်ယူရန် ချိတ်ဆက်လျှက်ရှိရာ စတားရစ်ဂ်ျ၏ တောင်ပံထွက် ကစားရမှုသည် သက်တမ်း ရှည်နေဖွယ် ရှိသည်။

အာဆင်နယ်မှ စောင့်ကြည့်နေသည့် စတားရစ်ဂ်ျ

No comments:
Post a Comment