ချယ်လ်ဆီး၏ စုဖွဲ့မှုသည် မိသားစု တစ်ခုကဲ့သို့ ခိုင်မာ မြဲမြံနေပြီး ပြိုကွဲသွားမည့် အခြေအနေမျိုး အဖြစ်ခံမည် မဟုတ်ကြောင်း တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျက ပြောကြားလိုက်သည်။
ချယ်လ်ဆီး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က အသင်းမှ ကစားသမားများသည် ၎င်း၏ စီမံကိန်းများကို ထောက်ခံခြင်း မရှိဟု ပြီးခဲ့သည့် သီတင်းပတ်က ၀န်ခံပြောဆိုထားပြီးနောက် ချယ်လ်ဆီးတွင် အတွင်းလှိုက်စား ပြိုကွဲမှုများ ရှိနေပြီဟု ခန့်မှန်းချက်များ ထွက်ပေါ်လာသည်။ သို့သော်လည်း အင်္ဂလန် လက်ရွေးစင် စတားရစ်ဂ်ျက ချယ်လ်ဆီးသည် မိသားစု တစ်ခုသဖွယ် ဆက်လက် ရပ်တည်နေပြီး အသင်း၏ စည်းလုံးမှုကို ရှေ့လာမည့် ပွဲစဉ်များတွင် ပေါင်းစည်း ပြသွားမည်ဟု ပြောဆိုလိုက်သည်။

စတားရစ်ဂ်ျက “ကျွန်တော်တို့ဟာ တစ်စုတစ်စည်းတည်း အတူရှိနေပါတယ်။ ကျွန်တော်တို့ဟာ ပြိုကွဲနေတဲ့ အစုအဖွဲ့မျိုး မဟုတ်ဘူး”ဟု ဆိုသည်။ Chelsea TVနှင့် အင်တာဗျူးတွင် စတားရစ်ဂ်ျက “ကျွန်တော်တို့ဟာ မိသားစု တစ်ခုပါ။ ကျွန်တော်တို့မှာ ကောင်းမွန် ကျစ်လစ်တဲ့ စုဖွဲ့မှုလည်း ရှိနေတယ်။ ဒါကို လာမယ့် ပွဲစဉ်တချို့မှာ ပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်” ဟုလည်း ပြောကြားခဲ့သည်။ ချယ်လ်ဆီးသည် လတ်တလောတွင် ရိုမန် အေဗရာမိုဗစ်ခ်ျ အသင်းကို ၀ယ်ယူ လိုက်ပြီးနောက်ပိုင်း အဆိုးရွားဆုံး အနေအထားမျိုး ကြုံနေရသည်။ ၎င်းတို့သည် လောလောလတ်လတ် အဖြစ် FA ဖလားတွင် အိမ်ကွင်း၌ ချန်ပီယံရှစ် ကလပ်အသင်း ဘာမင်ဂမ် စီးတီးကို သရေသာ ကစားထားနိုင်ခဲ့သည်။
ကျွန်တော်တို့ဟာ မိသားစု တစ်ခုပါ။ ကျွန်တော်တို့မှာ ကောင်းမွန်ကျစ်လစ်တဲ့ စုဖွဲ့မှုလည်း ရှိနေတယ်။ ဒါကို လာမယ့် ပွဲစဉ်တချို့မှာ ပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်...
စတားရစ်ဂ်ျက “သီတင်းပတ် တစ်ခုလောက်နဲ့တော့ အသင်းအပေါ် အဓိပ္ပါယ် သတ်မှတ်လို့ မရနိုင်ပါဘူး။ နောက်ပွဲမှာတော့ ခုလို အမှားတွေ ဖြစ်မလာဖို့ မျှော်လင့်ပါတယ်။ ဘာမင်ဂမ်ရဲ့ တစ်ဦးချင်း ကစားပုံတွေ တော်တော်ကောင်းတယ်။ ကျွန်တော်တို့လည်း ကောင်းခဲ့ပါတယ်။ သူတို့ သရေ ကစားသွားပေမယ့် ကျွန်တော်တို့ စိုးရိမ်စရာ မရှိပါဘူး။ အသင်းအတွက် အခွင့်အလမ်းကောင်းတွေ ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားသည်။

ချယ်လ်ဆီးသည် မိသားစုသဖွယ် ရှိကြောင်း ပြောလိုက်သည့် စကားရစ်ဂ်ျ

No comments:
Post a Comment