welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 19, 2012

myanmar news now

 တရုတ်မှ ကျောက်မျက်အခွန် တိုးမြှင့်လိုက်သည့်အတွက် မြန်မာ့သတ္တုကဏ္ဍ အရောင်းကျ
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မျက်များ တင်ပို့ရောင်းချရာတွင် ယခင်က တရုတ်နိုင်ငံဘက်မှ အခွန်ကင်း လွတ်ခွင့်ပြုထားခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံမှ ၎င်း အခွန်ကင်းလွတ်ခွင့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး အခွန်နှုန်းထားအား ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည့် အတွက် မြန်မာ့သတ္တုကဏ္ဍတွင် ယခင်ထက် ကန်ဒေါ်လာ သန်း ရာကျော် အရောင်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သတ္တုတွင်းကဏ္ဍ၌ ဝင်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၀၂ ဘီလီယံ ရှိခဲ့ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် မကုန်မီကာလအတွင်းတွင် ယခင် ဘဏ္ဍာရေးနှစ်ထက် ပိုမိုလျော့ကျသွားခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍကဲ့သို့ သစ်တောထွက်ပစ္စည်းများနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချမှု များမှာလည်း ဒေါ်လာသန်းချီကာ ရှုံးနိမ့်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်ကဏ္ဍ အားကောင်းခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၅ ဒဿမ ၂ ဘီလီယံရှိခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင်မူ သွင်းကုန်ကဏ္ဍသာ အားကောင်းလျက်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု မှာ ၁၅ ဒဿမ ၁ ဘီလီယံသာရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

No comments:

Post a Comment