welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, February 1, 2012

premier league (soccermyanmar)

မန်ယူ 2-0 စတုတ်စီးတီး

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိုးလ်ထရက်ဖို့ဒ်တွင် ပင်နယ်တီ သွင်းဂိုး (၂)ဂိုးဖြင့် စတုတ်ခ် စီးတီးအား အနိုင် ရရှိခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံး နေရာမှ မြို့ခံ ပြိုင်ဘက်တို့ကို ဖိအား ပေးလာနိုင်ခဲ့သည်။

မန်ယူသည် အဓိက ဂိုးသမားနှစ်ဦး ကြံ့ခိုင်မှု ပြဿနာများ ရှိနေသည့် အတွက် အင်္ဂလန်လူငယ် ဘန်အမို့စ်အား ပွဲထုတ်ခဲ့ရပြီး ၀ိန်းရွန်နီ မပါဝင်သော တိုက်စစ်အတွက် ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် ဒီမီတာ ဘာဘာတော့ဗ်တို့ကို တွဲဖက်ပေးခဲ့သည်။ လူးဝစ်နာနီ မပါဝင်နိုင်သေးသော မန်ယူ အလယ်တန်းတွင် အန်တိုနီယို ဗလန်စီယာ၊ ပါ့ခ်ဂျီဆန်၊ မိုက်ကယ်ကာရစ်နှင့် ပေါလ်စခိုးလ်တို့တွဲကာ ပွဲထွက်လာပြီး နောက်တန်းတွင် ရီယိုဖာဒီနန်၊ ဂျွန်နီအီဗန်စ်၊ ပက်ထရစ် အီဗရာနှင့် ခရစ်စမောလင်းတို့ ကစားခဲ့ကြသည်။ စတုတ်ခ်တွင် မန်ယူ နောက်ခံလူဟောင်း ရိုင်ယန် ရှောခရော့စ် ဦးဆောင်ကာ ပီတာခရော့ခ်ျ၊ ကင်ဝိန်းဂျုံးစ်၊ ၀ီလ်ဆင် ပလာစီယို့စ်၊ ဂျာမိန်းပင်နန့်၊ ဂျိုနသန် ဝေါ်လ်တာ အစရှိသည့် အဓိက ကစားသမားများ ပါဝင်လာသည်။


ဧည့်သည် စတုတ်ခ်သည် မာကျောမှုကို အဓိက အားပြုကာ မန်ယူကို ယှဉ်ကစားရန် ကြိုးစားခဲ့သည်။ (၁၉)မိနစ်တွင် ဟာနန်ဒက်ဇ် ညာခြမ်းမှ ဆွဲပြေးပြီး လှမ်းကန်သော ဘောလုံး ဂိုးတိုင်ဘေးသို့သာ ဦးတည်ခဲ့သည်။ (၂၉)မိနစ်တွင် ဗလန်စီယာက အနိမ့်ဘော ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းသော်လည်း စတုတ်ခ် ဂိုးသမား သောမတ်စ် ဆိုရင်ဆင် ပုတ်ထုတ် ကာကွယ်သွားသည်။ (၃၃)မိနစ်တွင် ကာရစ်နှင့် တွဲလုံးမှ တစ်ဆင့် ဘာဘာတော့ဗ် ဂိုးသွင်းရန် ကြိုးပမ်းမှု လွဲချော်ခဲ့ပြန်သည်။ (၃၇)မိနစ်တွင် စခိုးလ် ထိုးပေးသည့် ဘောလုံးကို ရယူရန် ကြိုးစားသော ပါ့ခ်ကို ဧရိယာထဲတွင် စတုတ်ခ် ကစားသမား ပင်နန့် အဖျက် ကြမ်းသဖြင့် ဒိုင်က ပင်နယ်တီ ပေးခဲ့သည်။ ထိုပင်နယ်တီကို ဟာနန်ဒက်ဇ် ကန်သွင်းရာ ဆိုရင်ဆင် လမ်းကြောင်း ခန့်မှန်းပုံ လုံးဝ လွဲချော်သွားသဖြင့် မန်ယူတို့ အဖွင့်ဂိုး ရသွားပြီး ပထမပိုင်းတွင် (၁)ဂိုး အသာဖြင့် ဦးဆောင်ခဲ့သည်။

ဘာဘာတော့ဗ် ရွေးချယ်သည့် ဦးတည်ရာကို ဆိုရင်ဆင် လမ်းကြောင်းမှန် ခန့်မှန်း နိုင်ခဲ့သော်လည်း အနည်းငယ် နောက်ကျသွားသည့် အတွက် ဂိုးဝင်သွားခဲ့...
ဒုတိယပိုင်း ပြန်စပြီး (၇)မိနစ် အကြာတွင် ဝေါ်လ်တာ၏ အဖျက် မပိုင်နိုင်ပုံကြောင့် စတုတ်ခ်တို့ ဒုတိယ ပင်နယ်တီ တစ်လုံး ထပ်ပေးရသည်။ ဗလန်စီယာကို နောက်ဘက်မှ ဖိလှဲသလို ဖြစ်သွားသည့် အနေအထားကြောင့် ဒိုင်က အိမ်ရှင် အသင်းအား ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပြီး ဘာဘာတော့ဗ်က ကန်သွင်းခဲ့သည်။ ယခုဂိုး အတွက် ဘာဘာတော့ဗ် ရွေးချယ်သည့် ဦးတည်ရာကို ဆိုရင်ဆင် လမ်းကြောင်းမှန် ခန့်မှန်း နိုင်ခဲ့သော်လည်း အနည်းငယ် နောက်ကျသွားသည့် အတွက် ဂိုးဝင်သွားခဲ့သည်။ (၇၁)မိနစ်တွင် အီဗရာ ဧရိယာထဲ ဆွဲပြေးလာစဉ် စတုတ်ခ်ခံစစ်ကာ တားဆီးခဲ့သော်လည်း ဒိုင်လူကြီး မိုက်ခ်ဂျုံးစ်က တစ်ပွဲတည်း (၃)ကြိမ် ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။ (၇၄)မိနစ်တွင် ပါ့ခ်နှင့် ဗလန်စီယာတို့ ပူးပေါင်းထိုးဖောက်မှု ကောင်းမွန်သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ချေ။ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် ဗလန်စီယာ၏ ကောင်းမွန်သော ဖန်တီး ပေးပို့မှုကို (၈)ကိုက်အကွာမှ ဂိုးဝင်အောင် ဘာဘာတောဗ့် မသွင်းယူနိုင်သဖြင့် မန်ယူတို့ ပွဲအပြီးတွင် (၂-၀)ဖြင့်သာ အနိုင် ရသွားခဲ့သည်။


အဲဗာတန် 1 -0 မန်စီးတီး

 ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း အကျိုးရှိရှိ အဆုံး မသတ်နိုင်ခြင်းနှင့် အတူ မန်ချက်စတာ စီးတီးသည် အဝေးကွင်းတွင် အဲဗာတန်၏ ဒဏ်ခတ်မှုကို ခံခဲ့ရသည်။

အဲဗာတန်သည် ဒင်းနစ် စထရက်ကွာလာဆီ၊ မော်ရိုဖယ်လိုင်နီ၊ ရွိုင်စတန် ဒရန်သီ၊ တင်မ်ကာဟေးလ်၊ လန်ဒန်ဒိုနိုဗန်၊ လေတန်ဘိန်းစ်၊ ဖီးလ်နဗီးလ် အစရှိသည့် အဓိက ကစားသမား အများအပြားကို ပွဲထုတ်ကာ မန်စီးတီးကို ရင်ဆိုင်ခဲ့ပြီး ယခုပွဲ၏ သူရဲကောင်းမှာမူ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလကမှ မန်ချက်စတာ ယူနိုက်တက်မှ ပြောင်းရွှေ့လာသူ ဒါရန်ဂစ်ဘ်ဆင် ဖြစ်လာခဲ့သည်။ မန်စီးတီးသည် အီဒင်ဇီကို၊ ဆာဂျီယို အဂူရို၊ ဆမ်မီနာဆရီ၊ ဒေးဗစ်ဆေးလ်ဗား၊ ဂျိမ်းစ်မီလ်နာ၊ ဂရတ်သ်ဘယ်ရီ၊ ဂျိုလီယန် လက်စ်ကော့တ် အစရှိသည့် အကောင်းဆုံး ကစားသမား များဖြင့် အဲဗာတန်ကို ရင်ဆိုင်ခဲ့သည်။


ပွဲအစ (၅)မိနစ်တွင် ဘိန်းစ် ကန်တင်ပေးသော ထောင့်ကန်ဘောကို တိုက်စစ်မှူး စထရက်ကွာလာဆီ ခေါင်းတိုက် သွင်းယူခဲ့သော်လည်း အဲဗာတန် ကစားသမားဟောင်း လက်စ်ကော့တ် ဂိုးစည်းပေါ်မှ ရှင်းထုတ်ခဲ့သည်။ (၁၂)မိနစ်တွင် မီလ်နာ ထိုးဖောက်လာပြီး ဖြတ်ပို့သော ဘောလုံးကို ဇီကို အသုံးမချနိုင်ဘဲ လွဲချော် သွားခဲ့သည်။ (၂၃)မိနစ်တွင် ဘောလုံးကို သပ်ရပ်စွာ တားဆီးပြီး ဂျွန်ဟိုက်တင်ဂါကိုပါ လှည့်စားကာ အဂူရို ကန်သွင်းသော ဘောလုံး ဂိုးပေါက် လွဲသွားသည်။ (၃၆)မိနစ်တွင် ဘိန်းစ်၏ ဖြတ်ပို့မှုမှ တစ်ဆင့် ဖယ်လိုင်နီ မရပ်မနား ကန်သွင်းမှု လွဲချော်ခဲ့သည်။ ထို့နောက် နာဆရီ၏ ကန်ချက် တိုင်ထိ ထွက်သွားခဲ့ပြန်သည်။ (၄၁)မိနစ်တွင် ပရိသတ် တစ်ဦး ကွင်းထဲ ပြေးဝင်လာက လက်တစ်ဖက်ကို မန်စီးတီး ဂိုးတိုင်တွင် လက်ထိပ်ခတ်လျှက် ဆန္ဒပြနေသဖြင့် ပွဲကို ခေတ္တ ရပ်နားခဲ့ရသည်။ ထိုပရိသတ်သည် တီရှပ်တွင် လေကြောင်းလိုင်း တစ်ခုကို ဆန္ဒပြသည့် စာတန်းများ ရေးသားလာကာ ဂျိုးဟတ် အနီးတွင် လက်ထိပ် ခတ်လျှက်သား ရှိနေသဖြင့် ရဲများနှင့် ကွင်းလုံခြုံရေးများက ၎င်းကို (၅)မိနစ်မျှ အချိန်ယူကာ လက်ထိပ် ဖြုတ်ပေး ခဲ့ရသည်။ သတင်းများ၏ အဆိုအရ ထိုသူသည် သမီးဖြစ်သူ၏ အလုပ် နေရာကို ငြင်းပယ်သော Ryanair လေကြောင်းလိုင်းကို ဆန္ဒပြခြင်းဟု သိရပြီး နောက်ပိုင်းတွင် ရဲများက ၎င်းကို ကွင်းပြင် ခေါ်ထုတ်ကာ ပြန်လွှတ်လိုက်ရသည်။ ထိုကိစ္စကြောင့် ပထမပိုင်း အချိန်ပို (၅)မိနစ် ကစားပြီးမှ ဂိုးမရှိ သရေဖြင့်  ပြီးဆုံးခဲ့သည်။

ဂစ်ဘ်ဆင်၏ ကန်ချက်မှာ မန်စီးတီး နောက်ခံလူ တစ်ဦးနှင့် ပွတ်ထိရာမှ အရှိန်ပြင်းပြင်း ဝေ့၀ိုက်သွားရာ မန်စီးတီး ဂိုးသမား ဟတ်အနေဖြင့် မြင်ကွင်းမရှင်းသည့် အနေအထားကြောင့် လှုပ်ချိန်ပင် မရလိုက်...
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မန်စီးတီးက ပိုမို တိုက်စစ်ဆင်ရန် ကြိုးစားလာသည်။ (၄၉)မိနစ်တွင် ကလစ်ချီ၏ ကောင်းမွန်တိကျသော ဖြတ်ပို့မှုကို ဇီကို ခေါင်းတိုက်သော်လည်း ဟိုက်တင်ဂါ တားဆီးခဲ့သည်။ (၅၉)မိနစ်တွင် ဆေးလ်ဗား၏ လက်ပစ်ဘောမှ တစ်ဆင့် အဂူရို လျင်လျင်မြန်မြန် ထိုးဖောက်ရန် ကြိုးစားသော်လည်း ဖယ်လိုင်နီ ဖျက်ထုတ်ခဲ့သည်။ မိနစ်(၆၀)တွင် အဲဗာတန်တို့ ဂိုးရသွားသည်။ ဇီကို၏ အမှားမှ တစ်ဆင့် ဖယ်လိုင်နီ ဘောလုံး လုယူပြီးနောက် ဒရန်သီက ဆွဲပြေးကာ တိုက်စစ်ဆင်လာသော ဘောလုံး ဒိုနိုဗန်ဆီ ရောက်သွားပြီး အမေရိကန် တောင်ပံသမားက ခင်းပေး လိုက်ရာတွင် ဂစ်ဘ်ဆန်က ဧရိယာထိပ်မှ အပြင်း ကန်သွင်းသွားခြင်းဖြစ်သည်။ အနှေးပြကွက်များအရ ဂစ်ဘ်ဆင်၏ ကန်ချက်မှာ မန်စီးတီး နောက်ခံလူ တစ်ဦးနှင့် ပွတ်ထိရာမှ အရှိန်ပြင်းပြင်း ဝေ့၀ိုက်သွားရာ မန်စီးတီး ဂိုးသမား ဟတ်အနေဖြင့် မြင်ကွင်းမရှင်းသည့် အနေအထားကြောင့် လှုပ်ချိန်ပင် မရလိုက်သည်ကို တွေ့ရသည်။ ထို့နောက် နာဆရီ၊ ဆေးလ်ဗား၊ အဂူရိုတို့ ချေပဂိုး ရရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပွဲအပြီးထိ အဲဗာတန်က အနိုင်ဂိုးကို ထိန်းကစား သွားခဲ့သည်။

ယခုပွဲ အရှုံးကြောင့် တစ်ဖက်တွင် စတုတ်ခ်စီးတီးကို အနိုင်ရသည့် မန်ချက်စတာ ယူနိုက်တက်၏ အမှတ်တူ ဖိအား ပေးမှုကို မန်စီးတီးတို့ ကြုံလာရပြီ ဖြစ်သည်။

No comments:

Post a Comment