လာလီဂါတွင် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ချီတက် နေမှုကို ချန်ပီယံလိဂ်ထိ ဆောင်ယူသွားရန် ရည်ရွယ်ကြောင်း ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။
CSKA မော်စကို အသင်းနှင့် ရှုံးထွက်အဆင့်တွင် ယှဉ်ပြိုင်ရသည့် အခါ ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် ရင်ဆိုင် ရသည့်တိုင် အကောင်းဆုံး ကျော်ဖြတ်နိုင်ရန် ပေါ်တူဂီသား နည်းပြကြီးက မျှော်လင့်နေသည်။ ရုရှားနိုင်ငံ၏ ရေခဲမှတ်အောက် ထိုးကျနေသော အပူချိန်၊ မြို့တော် မော်စကိုရှိ မြက်ခင်းတုများ ခင်းကျင်းထားသော လုဇ်နီကီကွင်းတို့သည် ရီးယဲလ်အတွက် စိမ်းကားသော ပတ်ဝန်းကျင် အနေအထား တစ်ခုအဖြစ် စောင့်ကြိုနေမည် ဖြစ်သည်။ လာလီဂါတွင် ဘာစီလိုနာ အသင်းကို (၁၀)မှတ်ဖြတ်ကာ ဦးဆောင်နေသည့် ရီးယဲလ်သည် လာလီဂါ နောက်ဆုံး(၁၉)ပွဲတွင် (၁၈)ပွဲ အနိုင် ရထားပြီး ဖြစ်သည်။

ယခုအခါ ချန်ပီယံလိဂ်ကို အထူး အာရုံစိုက်ရန် ရည်ရွယ်လာသည့် မော်ရင်ဟိုက “CSKAနဲ့ ပွဲကို ကျွန်တော်တို့ ခုချိန်မှာ အပြည့်အ၀ စူးစိုက် ထားရတော့မယ်။ လက်ရှိ အသင်းကစားပုံကို လူတိုင်း ပျော်ရွှင် နေပါတယ်။ ကျွန်တော်တို့ နောက်ဆုံးပွဲ ကစားပြီး (၂)ရက် အနား ရထားပါတယ်။ မော်စကိုကို ပျော်ရွှင်တက်ကြွတဲ့ အသင်း အနေနဲ့ ကျွန်တော်တို့ သွားကြမှာပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ “ခရီးက တော်တော်ရှည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းဟာ စိတ်ဓာတ်ပိုင်း အမြင့်မားဆုံး ဖြစ်နေတာ ကျေနပ်စရာပါ။ မော်စကိုမှာ ကစားမယ့် ပွဲကတော့ လွယ်မှာ မဟုတ်တာ အမှန်ပဲ” ဟုလည်း သုံးသပ်ခဲ့သည်။
CSKAနဲ့ပွဲကို ကျွန်တော်တို့ ခုချိန်မှာ အပြည့်အ၀ စူးစိုက်ထားရတော့မယ်။ လက်ရှိ အသင်းကစားပုံကို လူတိုင်း ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ နောက်ဆုံးပွဲ ကစားပြီး (၂)ရက် အနားရထားပါတယ်။ မော်စကိုကို ပျော်ရွှင်တက်ကြွတဲ့ အသင်းအနေနဲ့ ကျွန်တော်တို့ သွားကြမှာပါ...
မော်စကို၏ လတ်တလော အပူချိန်သည် (- ၁၄) ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ စိုက်ဆင်းနေရာ ရုရှားပြည်တွင်း ပွဲစဉ်များသည် ယခုအခါ ဆောင်းရာသီ နားရက်အဖြစ်ပင် သတ်မှတ်ထားသည်။ CSKAအတွက်မူ မတ်လမှ ပြန်လည် စတင်မည့် ဘောလုံးရာသီ မတိုင်မီ ယခုပွဲကို နွှဲရခြင်းဖြစ်သည်။ “အရမ်း အေးခဲသွားတဲ့ အခါ ဘောလုံးက ပလပ်စတစ် တုံးကြီးနဲ့ တူသွားတယ်။ ကျောက်တုံး တစ်တုံးကို ဖမ်းရသလို၊ တားရသလိုကြီး ဖြစ်နေတယ်။ ကွင်းထဲမှာလည်း သိပ်ပြီး မမြောက်တော့ဘူး” ဟု CSKAနည်းပြ လီယိုနွိုက်ဒ် ဆလတ်စကီက ပြောဆိုသွားသည်။

လာလီဂါမှ ခြေစွမ်းကို ဆက်ထိန်းထားချင်သည့် မော်ရင်ဟို

No comments:
Post a Comment