welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, February 21, 2012

soccermyanmar

ချယ်လ်ဆီးကို မည်သည့်အချိန်၊ မည်သည့် အနေအထားတွင်မျှ အထင်သေး၍ မရနိုင်ကြောင်း နာပိုလီ အသင်း နည်းပြဖြစ်သူ ဝေါ်လ်တာ မက်ဇာရီက အသင်းသားများအား သတိပေး ပြောဆိုလိုက်သည်။

ချယ်လ်ဆီးသည် လတ်တလောတွင် မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်နှင့် ကစားသမားများကြား အမြင် ကွဲပြားမှုများ အပါအ၀င် ပြဿနာ များစွာကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် နောက်ဆုံး(၁၀)ပွဲတွင် (၂)ပွဲသာ အနိုင် ရထားသည်။ ထို့အပြင် FA ဖလား၌လည်း ချန်ပီယံရှစ် ကလပ်အသင်း ဘာမင်ဂမ် စီးတီးကိုပင် အိမ်ကွင်း၌ သရေသာ ကစားနိုင်ခြင်းကြောင့် လန်ဒန် အခြေစိုက် ကလပ်အသင်း အပေါ် ဖိအားများ ပိုမို တိုးပွားလာသည်။ နာပိုလီသည်လည်း မကြာသေးမီ လပိုင်းက ယိမ်းယိုင်မှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာခဲ့သည်။
နာပိုလီ အသင်း နည်းပြ မက်ဇာရီ

မက်ဇာရီက “ချယ်လ်ဆီးဟာ ကျွန်တော်တို့ထက် ပိုပြီး အခြေအနေ ဆိုးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အမှတ်ပေး ဇယားက ရပ်တည်မှုလောက်ကို အယုံအကြည် မရှိနိုင်ဘူး” ဟု ပြောဆိုခဲ့သည်။ ၎င်းက “ကျွန်တော်တို့ဟာ တစ်ပွဲပြီး  တစ်ပွဲ ပိုပြီးတော့ တိုးတက် လာနိုင်ကောင်းပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးဟာ ချန်ပီယံ ဆုတွေနဲ့ မစိမ်းတဲ့ အသင်းပါ။ တစ်သင်းလုံးက ကစားသမားတွေဟာ ခမ်းနားတဲ့ နိုင်ငံတကာ ပွဲစဉ်တွေနဲ့ အသားတကျ ဖြစ်နေပြီးသား ဆိုတာ သတိ ထားရပါမယ်။ ချယ်လ်ဆီးဟာ ပြန်လည် စုစည်းပြီး အကောင်းဆုံး ပုံစံ ဖြစ်လာမယ်ဆိုတာ သေချာတယ်” ဟု ပြောဆိုသွားသည်။

ချယ်လ်ဆီးဟာ ချန်ပီယံဆုတွေနဲ့ မစိမ်းတဲ့ အသင်းပါ။ တစ်သင်းလုံးက ကစားသမားတွေဟာ ခမ်းနားတဲ့ နိုင်ငံတကာ ပွဲစဉ်တွေနဲ့ အသားတကျ ဖြစ်နေပြီးသားဆိုတာ သတိထားရပါမယ်...
ချန်ပီယံလိဂ် မရဏ အုပ်စုတွင် မန်ချက်စတာ စီးတီးကို ချန်ထားခဲ့သည့် နာပိုလီသည် အီတလီ စီးရီးအေတွင် ယိမ်းယိုင်ခဲ့သော်လည်း (၂)ပွဲဆက် အနိုင်ယူကာ အမှတ်ပေးဇယား အဆင့်(၆)ထိ ပြန်ရောက်လာသဖြင့် ယုံကြည်မှု ပြန်လည် မြင့်တက် လာခဲ့သည်။ နာပိုလီသည် ချန်ပီယံလိဂ် အဆင့်တွင် လူသစ် အဆင့်သာ ရှိသေးသော်လည်း ချယ်လ်ဆီးသည် အကြို ဗိုလ်လုပွဲ (၄)ကြိမ်တက်ကာ ဗိုလ်လုပွဲထိ တစ်ကြိမ် ရောက်ရှိခဲ့သည့် အတွက် အတွေ့အကြုံပိုင်း အလွန်အသာစီး ရနေကြောင်း မက်ဇာရီက ၀န်ခံသွားခြင်းဖြစ်သည်။

No comments:

Post a Comment