welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, February 16, 2012

eleven media group

ယာဉ်တိုက်မှုကြောင့် ကားရှေ့ပိုင်း၊ နောက်ပိုင်းများ ပျက်စီးသွားသည့် Mark II ရွှေငါးအမျိုးအစားကားအား တွေ့ရစဉ်

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ Mark II ရွှေငါးအမျိုးအစား အိမ်စီးကားတစ်စီးအပါအ၀င် ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကမ္ဘာအေးစေတီဘက်မှ ရွှေဂုံတိုင်ဘက်သို့ ကမ္ဘာအေးစေတီလမ်းအတိုင်း မောင်းနှင်လာသော ခရေပင်ရိပ်မွန်မှ ဘုန်းကြီးလမ်းသို့ ပြေးဆွဲသည့် ၄၃ အထူးယာဉ်လိုင်းကားမှာ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အရှိန်လွန်ပြီး မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် မီးနီမိ၍ ရပ်ထားသော တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား အိမ်စီးကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''လိုင်းကားက အရှိန်ပြင်းပြင်း မောင်းလာတာ။ ဘရိတ်ပေါက်သွားတာလို့လည်းပြောကြတယ်။ သူ့လမ်းကြောင်းမဟုတ်ဘဲ ကွေ့ကြောကနေ မောင်းလာပြီး ပုံမှန်လမ်းကြောင်းအတိုင်းမောင်းနေတဲ့ တက္ကစီကို ပွတ်တိုက်မိပြီးကွေ့ကြောမှာ မောင်းနေတဲ့ ကွေ့မယ့် Mark II ရွှေငါးကားကို အနောက်ကနေ ၀င်တိုက်မိတယ်။ Mark II ရွှေငါးကားက တစ်ပတ်လည်သွားပြီး ဘေးကိုတိုက်မိတယ်။ နောက်ထပ်ကား ရှေ့ခြမ်းကိုတက်ကြိတ်သလိုဖြစ်သွားတယ်။ Mark II ရွှေငါးကားကတော့ ရှေ့ခေါင်း ပိုင်းတစ်ခြမ်းရော နောက်ပိုင်းပါတော် တော်ပျက်စီးသွားတယ်''ဟု ဖြစ်စဉ်ကို မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါ သည်

No comments:

Post a Comment